ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ ရက္ ၂၀၀ စီမံခ်က္ျဖင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ေဟာေျပာပြဲ၊ ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္ႏွင့္ ယာဥ္ဆိုင္ကယ္မ်ားအား လိုင္စင္သက္တမ္း တိုးေပးျခင္း လုပ္ငန္းမ်ားအား ဒီဇင္ဘာလ ၂၄ ရက္ေန႔မွစ၍ ေဆာင္ရြက္ေပးလွ်က္ ရိွသည္။
“ကၽြန္ေတ္ာတို႔ ကုန္းလမ္းၫႊန္ၾကားေရးမွဴး ဦးစီးဌာနအေနနဲ႔ ရက္(၂၀၀)နယ္လွည့္ အထူးေဆာင္ရြက္မႈ အေနနဲ႔ ကြင္းဆင္းေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။ ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္ရဲ႕ ကုန္က် စရိတ္ကေတာ့ ၀န္ႀကီးဌာနက ၫႊန္ၾကားထားတဲ့အတိုင္း သင္တန္းေၾကးက(၁၀၀၀) က်ပ္၊ လိုင္စင္(၅)ႏွစ္သက္တမ္း အတြက္(၅၀၀) က်ပ္၊ ကတ္ဖိုး(၁၀၀)က်ပ္၊ ဟိုလုိုဂရမ္(၁၀၀)က်ပ္၊`သ´ယာဥ္ေမာင္း လိုင္စင္(၁၀၀)က်ပ္ ေကာက္ခံပါတယ္”ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က ေျပာသည္။
ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေဟာေျပာပြဲႏွင့္ ယာဥ္ေမာင္းလိုင္စင္ထုတ္ေပးမႈကို (၉)နာရီခြဲအခ်ိန္တြင္ အထက(မိုင္းျဖတ္)ခန္းမေဆာင္၌ လည္းေကာင္း၊ ယာဥ္/ဆိုင္ကယ္ လိုင္စင္သက္တမ္းတိုးျခင္းကို ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၌လည္းေကာင္း၊ ေဆာင္ရြက္ေပးခဲ့ၿပီး ေန႔လယ္(၁)နာရီအခ်ိန္တြင္ အမွတ္(၁၈)၊ စစ္ဆင္ေရးကြဲမႈ ဌာနခ်ဳပ္ခန္းမတြင္လည္း အရာရွိ၊ အရာခံ၊ အၾကပ္၊စစ္သည္၊ မိသားစု၀င္ (၂၉၉)ဦးတို႔အား ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းမ်ား ေဟာေျပာခဲ့ေၾကာင္း သိရသည္။
မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ေစ်းတန္းရပ္ကြက္တြင္(၁၅၂)ဦး၊ ၀မ္လံုးေက်းရြာအုပ္စုတြင္(၁၀၉)ဦး၊ မိုင္းျဖတ္ တပ္နယ္တြင္(၁၃၀)ဦး စုစုေပါငး္(၃၉၁)ဦးအား ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္မ်ားထုတ္ေပးခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ
“ကျွန်တော်တို့ ကုန်းလမ်းညွှန်ကြားရေးမှူး ဦးစီးဌာနအနေနဲ့ ရက်(၂၀၀)နယ်လှည့် အထူးဆောင်ရွက်မှု အနေနဲ့ ကွင်းဆင်းဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ရဲ့ ကုန်ကျ စရိတ်ကတော့ ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း သင်တန်းကြေးက(၁၀၀၀) ကျပ်၊ လိုင်စင်(၅)နှစ်သက်တမ်း အတွက်(၅၀၀) ကျပ်၊ ကတ်ဖိုး(၁၀၀)ကျပ်၊ ဟိုလိုဂရမ်(၁၀၀)ကျပ်၊`သ´ယာဉ်မောင်း လိုင်စင်(၁၀၀)ကျပ် ကောက်ခံပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲနှင့် ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုကို (၉)နာရီခွဲအချိန်တွင် အထက(မိုင်းဖြတ်)ခန်းမဆောင်၌ လည်းကောင်း၊ ယာဉ်/ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌လည်းကောင်း၊ ဆောင်ရွက်ပေးခဲ့ပြီး နေ့လယ်(၁)နာရီအချိန်တွင် အမှတ်(၁၈)၊ စစ်ဆင်ရေးကွဲမှု ဌာနချုပ်ခန်းမတွင်လည်း အရာရှိ၊ အရာခံ၊ အကြပ်၊စစ်သည်၊ မိသားစုဝင် (၂၉၉)ဦးတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဟောပြောခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်အတွင်း ဈေးတန်းရပ်ကွက်တွင်(၁၅၂)ဦး၊ ဝမ်လုံးကျေးရွာအုပ်စုတွင်(၁၀၉)ဦး၊ မိုင်းဖြတ် တပ်နယ်တွင်(၁၃၀)ဦး စုစုပေါငး်(၃၉၁)ဦးအား ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ