စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္း၀န္ႀကီးဌာန၏ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈ လုပ္ငန္း ဦးစီးဌာနမွ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္း ထုတ္လုပ္မႈ နည္းပညာ အခမဲ့ သင္တန္းကို ဒီဇင္ဘာလ (၁၈)ရက္ေန႔မွစ၍ သင္တန္းသား (၃၀)ဦးျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရံုးတြင္ ပို႔ခ်ခဲ့ရာမွ ဒီဇင္ဘာလ (၂၄)ရက္ ေန႔လယ္ပိုင္းက သင္တန္းဆင္းပြဲအျဖစ္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
သင္တန္းဆင္းပြဲတြင္ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးသက္ႏိုင္ဦး ႏွင့္ တာ၀န္ရွိသူမ်ားက သင္တန္းသား၊ သင္တန္သူမ်ားအား သင္တန္းဆင္းလက္မွတ္မ်ား အသီးသီးေပးအပ္ ခ်ီးျမႇင့္ခဲ့ၾကသည္။
အဆိုပါ သင္တန္းတြင္ လူသုံးကုန္ပစၥည္း(၁၆)မ်ိဳး ႏွင့္ အလွကုန္ပစၥည္း(၁၆)မ်ိဳးတို႔၏ ထုတ္လုပ္မႈနည္းပညာမ်ားကို မနက္(၉)နာရီမွညေန (၅)နာရီအခ်ိန္ထိ (၇)ရက္ၾကာ စာေတြ႕လက္ေတြ႕ သင္ၾကားပို႔ခ်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပံု - ကိုေထြး
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်သူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်း(၁၆)မျိုး နှင့် အလှကုန်ပစ္စည်း(၁၆)မျိုးတို့၏ ထုတ်လုပ်မှုနည်းပညာများကို မနက်(၉)နာရီမှညနေ (၅)နာရီအချိန်ထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - ကိုထွေး