ေက်ာက္မဲ၌ ရပ္ကြက္တြင္းမွ မုန္ညင္းခ်ဥ္လုပ္ငန္းေၾကာင့္ အနီးဝန္းက်င္ရွိ ေရတြင္းမ်ားပ်က္စီး

ေက်ာက္မဲ၌ ရပ္ကြက္တြင္းမွ မုန္ညင္းခ်ဥ္လုပ္ငန္းေၾကာင့္ အနီးဝန္းက်င္ရွိ ေရတြင္းမ်ားပ်က္စီး
ဒီဇင်ဘာ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊  ေက်ာက္မဲၿမိဳ႕ရွိ လူေနရပ္ကြက္အတြင္းမွ တရုတ္မုန္႔ညင္းခ်ဥ္လုပ္ငန္း စြန္႔ပစ္ေရမ်ားေၾကာင့္ ပတ္ဝန္းက်င္ရွိ ေသာက္သံုးေရတြင္းမ်ား ပ်က္စီးေနရေၾကာင္း သိရသည္။

“ကၽြန္ေတာ့္အိမ္ကေရတြင္းက လံုးဝ သံုးမရေတာ့ဘူး။ ေရကပ်က္စီးၿပီး နံေနတယ္။ ေသာက္သံုးေရ လုပ္ဖို႕ မရဘူး၊ ေရခိ်ဳးလို႔မရဘူး” ဟု အမွတ္ (၈) ရပ္ကြက္ နယ္ေျမ (၁၀) တြင္ေနထိုင္သူ ဦးစိုင္းေအာင္ခမ္းက ေျပာသည္။

အဆိုပါလုပ္ငန္းအား ႏိုဝင္ဘာလ ၃၀ ရက္ေန႔က သက္ဆိုင္ရာမွ လာေရာက္စစ္ေဆး သတိေပးခ့ဲေသာ္လည္း မုန္ညင္းခ်ဥ္ လုပ္ငန္းမွအနံ႔ဆိုးမ်ားႏွင့္ေရဆိုးမ်ား မူလအတိုင္း စြန္႔ပစ္ေနဆဲျဖစ္ရာ ေရႏုတ္ေျမာင္းမ်ား တစ္ေလွ်ာက္ စြန္႔ပစ္ေရဆိုးအနံ႔ကို ခံစားေနရျခင္းျဖစ္ေၾကာင္း သိရသည္။

“အဘြားက အဲဒီအနံ႔ေတြရေနေတာ့ ေခါင္းမူးတယ္။ ေရကလည္း အၿမဲတမ္း ဝပ္ေနတာေလ။ အနံ႔မေကာင္းဘူး“ဟု အသက္ ၇၅ ႏွစ္အရြယ္ အဘြားအို တစ္ဦးက ေျပာသည္။

အဆိုပါ လုပ္ငန္းမွ ေရဆိုးစြန္႔ပစ္မႈအား ျပဳျပင္ရန္ သက္ဆိုင္ရာမွ သတိေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“သူတို႔ကလည္း စီးပြားေရးလုပ္ငန္းဆိုေတာ့ အခ်ိန္ဘယ္ေလာက္ေပးပါလို႔ ေတာင္းဆိုလာရင္ အခ်ိန္ေပးရတာေပါ့။ စစ္ေဆးတာကေတာ့ က်န္းမာေရးအဖြဲ႕ေတြဘာေတြနဲ႕ သြားၿပီး စစ္ေဆးထားတာ ႏွစ္ခါရွိၿပီ“ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ဒုညႊန္ၾကားေရးမွဴး ဦးဝင္းေဆြ က ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ၊ အမွတ္ (၈) ရပ္ကြက္၊ ထံုးဖိုရပ္ရွိ လူေနရပ္ကြက္မ်ားတြင္ တရုတ္မုန္ညင္းခ်ဥ္ လုပ္ငန္း၊ ဆီတိုဟူး လုပ္ငန္းႏွင့္ ပဲပုပ္ လုပ္ငန္း စသည့္ရိုးရာ စားေသာက္ကုန္ လုပ္ငန္းမ်ားအား တစ္ပိုင္တစ္ႏိုင္ လုပ္ကိုင္မႈ မ်ားျပားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ လူနေရပ်ကွက်အတွင်းမှ တရုတ်မုန့်ညင်းချဉ်လုပ်ငန်း စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ရှိ သောက်သုံးရေတွင်းများ ပျက်စီးနေရကြောင်း သိရသည်။

“ကျွန်တော့်အိမ်ကရေတွင်းက လုံးဝ သုံးမရတော့ဘူး။ ရေကပျက်စီးပြီး နံနေတယ်။ သောက်သုံးရေ လုပ်ဖို့ မရဘူး၊ ရေချိုးလို့မရဘူး” ဟု အမှတ် (၈) ရပ်ကွက် နယ်မြေ (၁၀) တွင်နေထိုင်သူ ဦးစိုင်းအောင်ခမ်းက ပြောသည်။

အဆိုပါလုပ်ငန်းအား နိုဝင်ဘာလ ၃၀ ရက်နေ့က သက်ဆိုင်ရာမှ လာရောက်စစ်ဆေး သတိပေးခဲ့သော်လည်း မုန်ညင်းချဉ် လုပ်ငန်းမှအနံ့ဆိုးများနှင့်ရေဆိုးများ မူလအတိုင်း စွန့်ပစ်နေဆဲဖြစ်ရာ ရေနုတ်မြောင်းများ တစ်လျှောက် စွန့်ပစ်ရေဆိုးအနံ့ကို ခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

“အဘွားက အဲဒီအနံ့တွေရနေတော့ ခေါင်းမူးတယ်။ ရေကလည်း အမြဲတမ်း ဝပ်နေတာလေ။ အနံ့မကောင်းဘူး“ဟု အသက် ၇၅ နှစ်အရွယ် အဘွားအို တစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းမှ ရေဆိုးစွန့်ပစ်မှုအား ပြုပြင်ရန် သက်ဆိုင်ရာမှ သတိပေးထားပြီးဖြစ်ကြောင်း သိရသည်။

“သူတို့ကလည်း စီးပွားရေးလုပ်ငန်းဆိုတော့ အချိန်ဘယ်လောက်ပေးပါလို့ တောင်းဆိုလာရင် အချိန်ပေးရတာပေါ့။ စစ်ဆေးတာကတော့ ကျန်းမာရေးအဖွဲ့တွေဘာတွေနဲ့ သွားပြီး စစ်ဆေးထားတာ နှစ်ခါရှိပြီ“ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးဝင်းဆွေ က ပြောသည်။

ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ ထုံးဖိုရပ်ရှိ လူနေရပ်ကွက်များတွင် တရုတ်မုန်ညင်းချဉ် လုပ်ငန်း၊ ဆီတိုဟူး လုပ်ငန်းနှင့် ပဲပုပ် လုပ်ငန်း စသည့်ရိုးရာ စားသောက်ကုန် လုပ်ငန်းများအား တစ်ပိုင်တစ်နိုင် လုပ်ကိုင်မှု များပြားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~