မြန္အမ်ဳိးသားပါတီ (MNP) ၏ ဗဟိုအလုပ္အမႈေဆာင္တစ္ဦးႏွင့္ ဗဟိုေကာ္မတီဝင္ တစ္ဦးတို႔ကို ပါတီဝင္ အျဖစ္မွ ရပ္စဲလိုက္ေၾကာင္း မြန္အမ်ဳိးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီမွ သိရသည္။
“ဒီဆုံးျဖတ္ခ်က္က ဗဟိုအလုပ္အမႈေဆာင္ေတြရဲ့ အစည္းအေဝးဆုံးျဖတ္ခ်က္ပဲ။ သူတို႔ႏွစ္ဦးကို စစ္ေဆးဖို႔ ပါတီေရးရာ ေကာ္မတီအဖြဲ႔က ေခၚတယ္။ ဒါေပမဲ့ မလာဘူး။ စာပို႔တယ္ မလာဘူး။ သြားေတြ႔ေတာ့လည္း အေတြ႔မခံဘူး” ဟု မြန္အမ်ဳိးသားပါတီ တြဲဖက္အတြင္းေရးမွဴး (၁) ႏိုင္စိုးျမင့္က ေျပာသည္။
ဗဟိုအလုပ္အမႈေဆာင္ ႏိုင္မြန္ရာဇာႏွင့္ ပါတီဗဟိုေကာ္မတီဝင္ ႏိုင္မင္းေဖသန္းတို႔အား ပါတီဝင္အျဖစ္မွ ရပ္စဲရန္ ဒီဇင္ဘာလ ၁၃ ရက္ေန႔က ျပဳလုပ္သည့္ မြန္အမ်ဳိးသားပါတီ ဗဟိုေကာ္မတီ အစည္းအေဝးတြင္ အတည္ျပဳခဲ့ေၾကာင္း သိရသည္။
၂၀၁၅ ေရြးေကာက္ပြဲတြင္ M23 အဖြဲ႔ႏွင့္ ပူေပါင္းၿပီး မိမိပါတီကိုယ္စားလွယ္ေလာင္းကို ကန္႔ကြက္ျခင္း၊ ပါတီေအာင္ႏိုင္ေရးကို ဝိုင္းဝန္းကူညီမႈမျပဳျခင္း၊ ပါတီအလံကို ကန္႔ကြက္ျခင္းတုိ႔ေၾကာင့္ ႏိုင္မြန္ရာဇာကို ပါတီဝင္အျဖစ္မွ ရပ္စဲရျခင္းျဖစ္ေၾကာင္း သိရသည္။
“ႏိုင္ေဖသန္းကေတာ့ ၂၀၁၅ ဇန္နဝါရီမွာလုပ္တဲ့ ပါတီညီလာခံၿပီးတဲ့ေနာက္မွာ ပါတီညီလာခံနဲ႔ ပတ္သက္ၿပီး စည္းမ်ဥ္းစည္းကမ္းမရွိတဲ့ စာေတြကို ျဖန္႔ေဝတဲ့အတြက္ေၾကာင့္ ပထမတစ္ႀကိမ္ စစ္ေဆးၿပီး တာဝန္မွ ရပ္စဲခဲ့တယ္။ အဲဒီေနာက္ လူမႈကြန္ရက္မွာ စာေတြ ထပ္ၿပီး ျဖန္႔ေဝျပန္တဲ့အတြက္ ဒီအစည္းအေဝးမွာ ပါတီက အၿပီး ရပ္စဲဖို႔ ဆုံးျဖတ္ခဲ့တာ” ဟု ႏိုင္စိုးျမင့္က ဆိုသည္။
ထိုသို႔ ပါတီဝင္အျဖစ္မွ ရပ္စဲခံရသည့္ အေၾကာင္းႏွင့္ ပတ္သက္၍ ယင္းေန႔တြင္ က်င္းပသည့္ ဗဟိုေကာ္မတီ အစည္းအေဝးတြင္ ဗဟိုေကာ္မတီဝင္ (၉၃) ဦးရွိသည့္ အနက္ (၂၅) ဦးသာ ေဆြးေႏြးဆုံးျဖတ္သည့္အတြက္ အစည္းအေဝး လုပ္ထုံးလုပ္နည္းကို ခ်ဳိးေဖာက္ျခင္းျဖစ္ေၾကာင္း၊ ဖြဲ႔စည္းပုံ စည္းမ်ဥ္းအရ ပါတီဝင္အေပၚ စုံစမ္းေမးျမန္းျခင္း စစ္ေဆးျခင္းမျပဳဘဲ ထုတ္ပယ္လိုက္သည္မွာ ပါတီစည္းမ်ဥ္းကို ခ်ဳိးေဖာက္လိုက္ျခင္း ျဖစ္သည္ဟု ယူဆေၾကာင္း ပါတီမွ ရပ္စဲခံရသည့္ ႏိုင္မြန္ရာဇာက ပါတီသို႔ ျပန္လည္ပို႔ေပးသည့္ စာတြင္ ေရးသား ေဖာ္ျပထားသည္။
“ပါတီညီလာခံကိစၥ သုံးသပ္ခ်က္အစီရင္စံစာ တင္ျပမႈအေပၚမွာ သူတို႕မေက်နပ္လို႔ ပထမတစ္ေခါက္ ဗဟိုေကာ္မတီဝင္ အျဖစ္ ရပ္စဲခဲ့တယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ပါတီညီလာခံမွာ ဗဟိုေကာ္မတီေရြးခ်ယ္မႈမွာ ကလိမ္ကက်စ္လုပ္တာေတြကို ေထာက္ျပလို႔ပဲ” ဟု ပါတီဝင္အျဖစ္မွ ရပ္စဲခံရသည့္ ႏိုင္မင္းေဖသန္းက ေျပာသည္။
မြန္အမ်ဳိးသားပါတီသည္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ (၃) ဦး အႏိုင္ရရွိထားျခင္းျဖစ္သည္။
သတင္း - ခတၱာႏြန္
“ဒီဆုံးဖြတ်ချက်က ဗဟိုအလုပ်အမှုဆောင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ပဲ။ သူတို့နှစ်ဦးကို စစ်ဆေးဖို့ ပါတီရေးရာ ကော်မတီအဖွဲ့က ခေါ်တယ်။ ဒါပေမဲ့ မလာဘူး။ စာပို့တယ် မလာဘူး။ သွားတွေ့တော့လည်း အတွေ့မခံဘူး” ဟု မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောသည်။
ဗဟိုအလုပ်အမှုဆောင် နိုင်မွန်ရာဇာနှင့် ပါတီဗဟိုကော်မတီဝင် နိုင်မင်းဖေသန်းတို့အား ပါတီဝင်အဖြစ်မှ ရပ်စဲရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် မွန်အမျိုးသားပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် M23 အဖွဲ့နှင့် ပူပေါင်းပြီး မိမိပါတီကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခြင်း၊ ပါတီအောင်နိုင်ရေးကို ဝိုင်းဝန်းကူညီမှုမပြုခြင်း၊ ပါတီအလံကို ကန့်ကွက်ခြင်းတို့ကြောင့် နိုင်မွန်ရာဇာကို ပါတီဝင်အဖြစ်မှ ရပ်စဲရခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ဖေသန်းကတော့ ၂၀၁၅ ဇန်နဝါရီမှာလုပ်တဲ့ ပါတီညီလာခံပြီးတဲ့နောက်မှာ ပါတီညီလာခံနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းမရှိတဲ့ စာတွေကို ဖြန့်ဝေတဲ့အတွက်ကြောင့် ပထမတစ်ကြိမ် စစ်ဆေးပြီး တာဝန်မှ ရပ်စဲခဲ့တယ်။ အဲဒီနောက် လူမှုကွန်ရက်မှာ စာတွေ ထပ်ပြီး ဖြန့်ဝပြေန်တဲ့အတွက် ဒီအစည်းအဝေးမှာ ပါတီက အပြီး ရပ်စဲဖို့ ဆုံးဖြတ်ခဲ့တာ” ဟု နိုင်စိုးမြင့်က ဆိုသည်။
ထိုသို့ ပါတီဝင်အဖြစ်မှ ရပ်စဲခံရသည့် အကြောင်းနှင့် ပတ်သက်၍ ယင်းနေ့တွင် ကျင်းပသည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဝင် (၉၃) ဦးရှိသည့် အနက် (၂၅) ဦးသာ ဆွေးနွေးဆုံးဖြတ်သည့်အတွက် အစည်းအဝေး လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ပါတီဝင်အပေါ် စုံစမ်းမေးမြန်းခြင်း စစ်ဆေးခြင်းမပြုဘဲ ထုတ်ပယ်လိုက်သည်မှာ ပါတီစည်းမျဉ်းကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပါတီမှ ရပ်စဲခံရသည့် နိုင်မွန်ရာဇာက ပါတီသို့ ပြန်လည်ပို့ပေးသည့် စာတွင် ရေးသား ဖော်ပြထားသည်။
“ပါတီညီလာခံကိစ္စ သုံးသပ်ချက်အစီရင်စံစာ တင်ပြမှုအပေါ်မှာ သူတို့မကျေနပ်လို့ ပထမတစ်ခေါက် ဗဟိုကော်မတီဝင် အဖြစ် ရပ်စဲခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပါတီညီလာခံမှာ ဗဟိုကော်မတီရွေးချယ်မှုမှာ ကလိမ်ကကျစ်လုပ်တာတွေကို ထောက်ပြလို့ပဲ” ဟု ပါတီဝင်အဖြစ်မှ ရပ်စဲခံရသည့် နိုင်မင်းဖေသန်းက ပြောသည်။
မွန်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၃) ဦး အနိုင်ရရှိထားခြင်းဖြစ်သည်။
သတင်း - ခတ္တာနွန်