မြန္ျပည္နယ္သာသနာေရးမွဴးကို ဓမၼသစံျပေက်းရြာေဒသခံမ်ား ဆႏၵထုတ္ေဖၚ

မြန္ျပည္နယ္သာသနာေရးမွဴးကို ဓမၼသစံျပေက်းရြာေဒသခံမ်ား ဆႏၵထုတ္ေဖၚ
ဒီဇင်ဘာ 12, 2016
By Tachileik News Agency

မြန္ျပည္နယ္ က်ဳိက္မေရာၿမိဳ႕နယ္ ဓမၼသ စံျပေက်းရြာမွ ေဒသခံမ်ားက မြန္ျပည္နယ္သာသနာေရးမွဴးကို အလိုမရိွေၾကာင္း ဒီဇင္ဘာလ (၁၂) ရက္ေန႔တြင္ ေမာ္လၿမိဳင္ၿမိဳ႕၌ ဆႏၵထုတ္ေဖာ္ၾကသည္။

"အဓိက ကၽြန္ေတာ္တို႔ ဆႏၵျပရတဲ့ အေၾကာင္းက (၃) ခ်က္ရွိပါတယ္။ အမႈခ်ထားၿပီးျဖစ္တဲ့ ဘုန္းႀကီးေက်ာင္းပိုင္ေျမနဲ႔ ပတ္သက္ၿပီး ျပန္လည္ တရားဆြဲဆိုထားတဲ့အေပၚ မေက်နပ္တာက တစ္ခ်က္ေပါ့” ဟု ဆႏၵျပပြဲ ဦးေဆာင္သူ မင္းစိုးျမင့္က ေျပာသည္။

(မဟန) ညြန္ၾကားလႊာ ၃၆ ႏွင့္ ပတ္သက္၍ စည္းမ်ဥ္းစည္းကမ္းႏွင့္ အညီ ေဂါပကအဖြဲ႔ကို တရားဝင္ ဖြဲ႔စည္းထားၿပီးျဖစ္ေသာ္လည္း ျပည္နယ္သာသနာေရးမွဴးအေနျဖင့္ ေဂါပကအဖြဲ႔ကို အသစ္ျပန္လည္ ဖြဲ႔စည္းျခင္းႏွင့္ ျပည္နယ္သာသနာေရးမွဴးက ေက်ာင္းထိုင္ဆရာေတာ္အား တရားစြဲခဲ့သည့္ကိစၥနဲ႔ပတ္သက္၍ ေဒသခံမ်ားက မေက်နပ္ၾကျခင္းျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္သည့္ ေဒသခံမ်ားထံမွ သိရသည္။

ယခုကိစၥရပ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ဝန္ႀကီးဌာနမွ သိရွိၿပီး စည္းမ်ဥ္းစည္းကမ္းႏွင့္အညီ စီစစ္ေဆာင္ရြက္ေပးႏိုင္ရန္ ဆႏၵထုတ္ေဖာ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္သာသနာေရးမွဴးက ကိုယ္ပိုင္ခံစားခ်က္နဲ႔ လုပ္တာဘာမွမရွိပါဘူးလို႔ ေျပာတာကို ေက်းရြာက လူေတြက လက္မခံဘူး။ သံဃာအဖြဲ႔အစည္း အဆင့္ဆင့္က လုပ္ခိုင္းလို႔သာ ကၽြန္ေတာ္လုပ္တာပါ။ ကၽြန္ေတာ္က ဝန္ထမ္းတစ္ေယာက္ပါ။ ဝန္ထမ္းတစ္ေယာက္က တာဝန္ေက်ေအာင္ လုပ္ေနတာပါ” ဟု အဆိုပါကိစၥရပ္ႏွင့္ ပတ္သက္၍ မြန္ျပည္နယ္ ျပည္နယ္သာသနာေရးဌာန ညႊန္ၾကားေရးမွဴး ဦးမင္းေရႊလြင္ ကေျပာသည္။

သံဃာေတာ္အား တရားစြဲဆိုရျခင္းမွာ ႏိုင္ငံေတာ္သံဃာ့မဟာနာယကအဖြဲ႔၏ လမ္းညြန္ခ်က္ျဖင့္ ျပည္နယ္သံဃာ့နာယကအဖြဲ႔က ေဒသခံအာဏာပိုင္မ်ားႏွင့္ ညွိႏႈိင္း၍ သတ္မွတ္ထားသည့္အတိုင္း ၿပီးေျမာက္ေအာင္ အေကာင္အထည္ေဖာ္ရန္ဟူ၍ ပါဝင္သျဖင့္ ျပည္နယ္အစိုးရအဖြဲ႔ထံ စာတင္ၿပီး ျပည္နယ္သံဃာ့နာယက ႐ုံးတြင္ ႏွစ္ဖက္ညႇိႏႈိင္္းခဲ့ေသာ္လည္း လက္မခံခဲ့ျခင္းေႀကာင့္ သက္ဆိုင္ရာမွ အေရးယူေပးရန္ ညႊန္ၾကားသည့္ အေပၚ မိမိမွ ျပဳလုပ္ျခင္းသာ ျဖစ္ေၾကာင္း ဦးမင္းေရႊလြင္က ဆိုသည္။

ဆႏၵျပပြဲကို ေမာ္လၿမိဳင္ ၿမိဳင္သာယာရပ္ကြက္ရွိ ၿမိဳင္သာယာ ပန္းၿခံမွ စတင္၍ ျပည္နယ္သာသနာေရး ႐ုံးေရွ႕ ျဖတ္ကာ ကန္သုံးကန္ေထာင့္အထိ လမ္းေလွ်ာက္ ဆႏၵျပခဲ့ၾကျခင္းျဖစ္သည္။

သတင္း - ခတၱာႏြန္


~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသ စံပြကျေးရွာမှ ဒေသခံများက မွန်ပြည်နယ်သာသနာရေးမှူးကို အလိုမရှိကြောင်း ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် မော်လမြိုင်မြို့၌ ဆန္ဒထုတ်ဖော်ကြသည်။

"အဓိက ကျွန်တော်တို့ ဆန္ဒပြရတဲ့ အကြောင်းက (၃) ချက်ရှိပါတယ်။ အမှုချထားပြီးဖြစ်တဲ့ ဘုန်းကြီးကျောင်းပိုင်မြေနဲ့ ပတ်သက်ပြီး ပြန်လည် တရားဆွဲဆိုထားတဲ့အပေါ် မကျေနပ်တာက တစ်ချက်ပေါ့” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ မင်းစိုးမြင့်က ပြောသည်။

(မဟန) ညွန်ကြားလွှာ ၃၆ နှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းနှင့် အညီ ဂေါပကအဖွဲ့ကို တရားဝင် ဖွဲ့စည်းထားပြီးဖြစ်သော်လည်း ပြည်နယ်သာသနာရေးမှူးအနဖြေင့် ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခြင်းနှင့် ပြည်နယ်သာသနာရေးမှူးက ကျောင်းထိုင်ဆရာတော်အား တရားစွဲခဲ့သည့်ကိစ္စနဲ့ပတ်သက်၍ ဒေသခံများက မကျေနပ်ကြခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သည့် ဒေသခံများထံမှ သိရသည်။

ယခုကိစ္စရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သိရှိပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ စီစစ်ဆောင်ရွက်ပေးနိုင်ရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်နယ်သာသနာရေးမှူးက ကိုယ်ပိုင်ခံစားချက်နဲ့ လုပ်တာဘာမှမရှိပါဘူးလို့ ပြောတာကို ကျေးရွာက လူတွေက လက်မခံဘူး။ သံဃာအဖွဲ့အစည်း အဆင့်ဆင့်က လုပ်ခိုင်းလို့သာ ကျွန်တော်လုပ်တာပါ။ ကျွန်တော်က ဝန်ထမ်းတစ်ယောက်ပါ။ ဝန်ထမ်းတစ်ယောက်က တာဝန်ကျေအောင် လုပ်နေတာပါ” ဟု အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မွန်ပြည်နယ် ပြည်နယ်သာသနာရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းရွှေလွင် ကပြောသည်။

သံဃာတော်အား တရားစွဲဆိုရခြင်းမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ လမ်းညွန်ချက်ဖြင့် ပြည်နယ်သံဃာ့နာယကအဖွဲ့က ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်း၍ သတ်မှတ်ထားသည့်အတိုင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ရန်ဟူ၍ ပါဝင်သဖြင့် ပြည်နယ်အစိုးရအဖွဲ့ထံ စာတင်ပြီး ပြည်နယ်သံဃာ့နာယက ရုံးတွင် နှစ်ဖက်ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ခြင်းကြောင့် သက်ဆိုင်ရာမှ အရေးယူပေးရန် ညွှန်ကြားသည့် အပေါ် မိမိမှ ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဦးမင်းရွှေလွင်က ဆိုသည်။

ဆန္ဒပြပွဲကို မော်လမြိုင် မြိုင်သာယာရပ်ကွက်ရှိ မြိုင်သာယာ ပန်းခြံမှ စတင်၍ ပြည်နယ်သာသနာရေး ရုံးရှေ့ ဖြတ်ကာ ကန်သုံးကန်ထောင့်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

သတင်း - ခတ္တာနွန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~