ဝက္အူေခ်ာင္းေၾကာ္ထားၿပီး အိပ္ေပ်ာ္သြားရာမွ အေဆာက္အဦး(၃)လံုး မီးေလာင္

ဝက္အူေခ်ာင္းေၾကာ္ထားၿပီး အိပ္ေပ်ာ္သြားရာမွ အေဆာက္အဦး(၃)လံုး မီးေလာင္
ဒီဇင်ဘာ 22, 2016
By Tachileik News Agency

မေကြးၿမိဳ႕ ရန္ကင္းရပ္ကြက္ရိွ ရတနာစိုးပဲြရံုတြင္ လွ်ပ္စစ္မီးဖိုျဖင့္ ဝက္အူေခ်ာင္းေၾကာ္ထားၿပီး အိပ္ေပ်ာ္သြားရာမွ ဒီဇင္ဘာ ၂၂ ရက္ နံနက္ ၂ နာရီ ၂၀ မိနစ္အခ်ိန္ခန္႔တြင္ လွ်ပ္စစ္မီးဖိုအပူလြန္ကဲ၍ စားသံုးဆီပံုးမ်ားကို မီးကူးစက္ေလာင္ကၽြမ္းသျဖင့္ အေဆာက္အဦး(၃)လံုး မီးသင့္သြားေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ သေႏၶ ၄၅ဦး၊ အရန္ ၇၆ဦး၊ မီးၿငိမ္းသတ္ယာဥ္ ၁၂ စီး၊ မီးသတ္ေရသယ္ယာဥ္ ၃ စီး၊ မီးသတ္စက္ယာဥ္ ၁ စီး၊ အေထာက္အကူျပဳယာဥ္ ၁ စီး၊ ဆည္ေျမာင္းေရသယ္ယာဥ္ ၁ စီး၊ ပုဂၢလိက ေရသယ္ယာဥ္ ၁ စီး စုစုေပါင္း ၁၉ စီးျဖင့္ သြားေရာက္ ၿငိမ္းသတ္ခဲ့ရာ နံနက္ ၃ နာရီ ၁၅ မိနစ္အခ်ိန္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး နံနက္ ၃ နာရီခဲြအခ်ိန္တြင္ မီးလံုးဝၿငိမ္းသြားေၾကာင္း တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ သိရသည္။

“ေဆာင္းတြင္းဆိုေတာ့ မီးေလာင္တဲ့အခ်ိန္က အရမ္းေအးေနၿပီး လူေတြအိပ္ေကာင္းတဲ႔ သန္းေခါင္ေက်ာ္အ ခ်ိန္ႀကီးဗ်။ ဒါ႔ေၾကာင္႔ လမ္းေပၚမွာ ယာဥ္ေၾကာရႈပ္ေထြးမႈ သိပ္မရိွသလို ဖုန္းေတြနဲ႔ ဓာတ္ပံုရိုက္မီးၿငိႇမ္းတဲ့ သူေတြလည္း  မရိွသေလာက္ပဲဗ်။ မီးသတ္တပ္ဖဲြ႔ရဲ႕ ႀကိဳးပမ္းမႈေၾကာင့္သာ ဒီေလာက္နဲ႔ၿပီးသြားတာ ပတ္ဝန္း က်င္မွာက ေလာင္စာအားေကာင္းတဲ႔ ပဲြရံုေတြခ်ည္းပဲ” ဟု ရန္ကင္းရပ္ကြက္ေနသူ ဦးသန္းထြန္းကေျပာ သည္။

မေကြးၿမိဳ႕ ရန္ကင္းရပ္ (၉)လမ္းႏွင္႔ ယုဇနလမ္းေထာင္႔ရိွ ဦးမိုးေက်ာ္ပိုင္ဆိုင္ေသာ “ရတနာစိုး”ပဲြရံု စားသံုး ဆီသိုေလွာင္ထားသည့္ (၄၀×၆၀)ေပ သြပ္မိုး၊ အုတ္ကာ၊ အုတ္ခင္းအေဆာက္အဦးတြင္ မန္ေနဂ်ာ ဦးရန္ႏိုင္စိုးက လွ်ပ္စစ္မီးဖိ္ုႏွင္႔ ဝက္အူေခ်ာင္းေၾကာ္ထားၿပီး အိပ္ေပ်ာ္သြားရာမွ လွ်ပ္စစ္မီးဖိုအပူလြန္ကဲ၍ အနီးရိွစားသံုးဆီပံုးမ်ားကို မီးကူးစက္ေလာင္ကၽြမ္း ရျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္မႈေၾကာင္႔ (၄၀×၆၀) ေပ သြပ္မိုး၊ အုတ္ကာ၊ အုတ္ခင္း (၁)လံုး၊(၅၀×၆၀)ေပ သြပ္မိုး၊အုတ္ကာ၊ အုတ္ခင္း (၁)လံုး၊(၅၀×၃၀)ေပ သြပ္မိုး၊ အကာမပါ ဂိုေထာင္(၁)လံုး စုစုေပါင္း အေဆာက္အဦး(၃)လံုးမီးသင္႔ခံရကာ ခန္႔မွန္းဆံုးရံႈးမႈတန္ဖိုး က်ပ္ (၁၉၈၄၅၀၀၀)ရိွၿပီး လူ၊တိရစာၦန္ ထိခိုက္ေသဆံုးမႈ မရိွေၾကာင္း မီးသတ္ ဦးစီးဌာ၏ မွတ္တမ္းအရ သိရသည္။

အဆိုပါ မီးေလာင္မႈႏွင့္ပတ္သက္၍ ပဲြရံုမန္ေနဂ်ာ ဦးရန္ႏိုင္စိုးအား မေကြးနယ္ေျမရဲစခန္းမွ (ပ)၂၁၉၉/၂၀၁၆၊ပုဒ္မ ၂၈၅ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း နယ္ေျမရဲစခန္းမွ သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့ ရန်ကင်းရပ်ကွက်ရှိ ရတနာစိုးပွဲရုံတွင် လျှပ်စစ်မီးဖိုဖြင့် ဝက်အူချောင်းကြော်ထားပြီး အိပ်ပျော်သွားရာမှ ဒီဇင်ဘာ ၂၂ ရက် နံနက် ၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လျှပ်စစ်မီးဖိုအပူလွန်ကဲ၍ စားသုံးဆီပုံးများကို မီးကူးစက်လောင်ကျွမ်းသဖြင့် အဆောက်အဦး(၃)လုံး မီးသင့်သွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေ ၄၅ဦး၊ အရန် ၇၆ဦး၊ မီးငြိမ်းသတ်ယာဉ် ၁၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ ဆည်မြောင်းရေသယ်ယာဉ် ၁ စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် ၁ စီး စုစုပေါင်း ၁၉ စီးဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီခွဲအချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

“ဆောင်းတွင်းဆိုတော့ မီးလောင်တဲ့အချိန်က အရမ်းအေးနပြေီး လူတွေအိပ်ကောင်းတဲ့ သန်းခေါင်ကျော်အ ချိန်ကြီးဗျ။ ဒါ့ကြောင့် လမ်းပေါ်မှာ ယာဉ်ကြောရှုပ်ထွေးမှု သိပ်မရှိသလို ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်မီးငြှိမ်းတဲ့ သူတွေလည်း မရှိသလောက်ပဲဗျ။ မီးသတ်တပ်ဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့်သာ ဒီလောက်နဲ့ပြီးသွားတာ ပတ်ဝန်း ကျင်မှာက လောင်စာအားကောင်းတဲ့ ပွဲရုံတွေချည်းပဲ” ဟု ရန်ကင်းရပ်ကွက်နေသူ ဦးသန်းထွန်းကပြော သည်။

မကွေးမြို့ ရန်ကင်းရပ် (၉)လမ်းနှင့် ယုဇနလမ်းထောင့်ရှိ ဦးမိုးကျော်ပိုင်ဆိုင်သော “ရတနာစိုး”ပွဲရုံ စားသုံး ဆီသိုလှောင်ထားသည့် (၄၀×၆၀)ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦးတွင် မန်နေဂျာ ဦးရန်နိုင်စိုးက လျှပ်စစ်မီးဖို်နှင့် ဝက်အူချောင်းကြော်ထားပြီး အိပ်ပျော်သွားရာမှ လျှပ်စစ်မီးဖိုအပူလွန်ကဲ၍ အနီးရှိစားသုံးဆီပုံးများကို မီးကူးစက်လောင်ကျွမ်း ရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် (၄၀×၆၀) ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း (၁)လုံး၊(၅၀×၆၀)ပေ သွပ်မိုး၊အုတ်ကာ၊ အုတ်ခင်း (၁)လုံး၊(၅၀×၃၀)ပေ သွပ်မိုး၊ အကာမပါ ဂိုထောင်(၁)လုံး စုစုပေါင်း အဆောက်အဦး(၃)လုံးမီးသင့်ခံရကာ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ် (၁၉၈၄၅၀၀၀)ရှိပြီး လူ၊တိရစာ္ဆန် ထိခိုက်သေဆုံးမှု မရှိကြောင်း မီးသတ် ဦးစီးဌာ၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ပွဲရုံမန်နေဂျာ ဦးရန်နိုင်စိုးအား မကွေးနယ်မြေရဲစခန်းမှ (ပ)၂၁၉၉/၂၀၁၆၊ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

သတင္း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~