မရမ္းကုန္း မုဒိတာအိမ္ရာတြင္ တစ္ရက္အတြင္း မီးလန္႔မႈ သံုးႀကိမ္ျဖစ္ပြား

မရမ္းကုန္း မုဒိတာအိမ္ရာတြင္ တစ္ရက္အတြင္း မီးလန္႔မႈ သံုးႀကိမ္ျဖစ္ပြား
ဒီဇင်ဘာ 27, 2016
By Tachileik News Agency

ရန္ကုန္တုိင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္ မုဒိတာအိမ္ရာ၌ ဒီဇင္ဘာလ (၂၇)ရက္တြင္ မီးလန္႔မႈသံုးႀကိမ္ ျဖစ္ပြားသျဖင့္ လံုၿခံဳေရးတိုးျမႇင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“နယ္ေျမရဲစခန္းေရာ၊ ဘုရင့္ေနာင္ၿမိဳ႕မရဲစခန္းေရာ လာၿပီး စစ္ေဆးၿပီး မွတ္တမ္းတင္ဓါတ္ပံုရိုက္တာေတြ လုပ္သြားပါတယ္။ အမႈကေတာ့ ဖြင့္လို႔မရလို႔ အမႈဖြင့္မထားပါဘူး။ လံုၿခံဳေရးေတာ့ တိုးၿပီးေဆာင္ရြက္ ေနပါတယ္”ဟု မုဒိတာအိမ္ရာမွ လံုၿခံဳေရးဝန္ထမ္းက ဆိုသည္။

မုဒိတာအိမ္ရာ ( C )ေဆာင္၏ အထပ္သံုးခု၏ ဝရံတာေလွ်ာက္လမ္းမ်ားတြင္ အဝတ္အစားမ်ားအား မီးရိႈ႕ျခင္းျဖစ္ၿပီး ပ်က္စီးဆံုးရံႈးမႈ မရိွခဲ့ေၾကာင္း သိရသည္။

“တိုက္ခန္းမွာ လူေတြမရိွတဲ့ အခ်ိန္ေလာက္ကို လုပ္ေနတာ။ လံုၿခံဳေရးေတြ ေစာင့္ေပးေနတယ္ဆိုေပမဲ့ လူေတြကို စိစစ္လို႔ ရတာ မဟုတ္ေတာ့ စိတ္ေတာ့ပူတယ္”ဟု မုဒိတာအိမ္ရာမွ ဦးျပည္စိုးက ဆိုသည္။

လက္ရိွတြင္ အိမ္ရာအတြင္း လုံၿခံဳေရးဝန္ထမ္းမ်ားက အိမ္ရာအတြင္း ကင္းလွည့္ျခင္းအား ယခင္ထက္ တိုးျမွင့္လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရၿပီး လံုၿခံဳေရးထပ္တိုး ေဆာင္ရြက္မႈမ်ားအျဖစ္ အလႊာမ်ားအလိုက္ လံုၿခံဳေရးဝန္ထမ္းငွားရမ္းျခင္း၊ သံပန္းတံခါးတပ္ဆင္ျခင္းမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္ေနၾကေၾကာင္း သိရသည္။

“အိမ္ယာစီမံခန္႔ခြဲေရးေကာ္မတီကေတာ့ CCTV ေတြ အထပ္တုိင္းမွာ တပ္ဆင္ဖို႔ ေျပာထားပါတယ္။ တခ်ိဳ႕ကလည္း အလႊာလိုက္ ရန္ပံုေငြ စုေပါင္းထည့္ၿပီး လံုၿခံဳေရးငွားၾကမယ္။ တခ်ိဳ႕ကလည္း သံပန္းတပ္တာေတြ လုပ္ဖို႔လုပ္ေနတယ္။ ေလွ်ာက္လမ္း ဝရံတာမွာ မီးရိႈ႕တာအျပင္ အခန္းက တံခါးဟေနရင္ ေလွ်ာက္လမ္းကေန မီးရိႈ႕သြားတာလည္း ႀကံဳဖူးေတာ့ CCTV တစ္ခုထဲလည္း စိတ္မခ်ဘူး”ဟု မုဒိတာအိမ္ရာတြင္ ေနထုိင္သည့္ မသဇင္က ဆိုသည္။

မုဒိတာအိမ္ရာ (C)ေဆာင္ ဒုတိယလႊာတြင္ ဒီဇင္ဘာလ ၂၆ ရက္ေန႔လည္ပိုင္းကလည္း တိုက္ခန္းေရွ႕မွ အဝတ္စင္တြင္ လွမ္းထားသည့္အဝတ္အစားမ်ားအား မီးရိႈ႕မႈျဖစ္ပြားခဲ့ျဖင့္ သက္ဆိုင္ရာမွ စစ္ေဆးမႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ၌ ဒီဇင်ဘာလ (၂၇)ရက်တွင် မီးလန့်မှုသုံးကြိမ် ဖြစ်ပွားသဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

“နယ်မြေရဲစခန်းရော၊ ဘုရင့်နောင်မြို့မရဲစခန်းရော လာပြီး စစ်ဆေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်တာတွေ လုပ်သွားပါတယ်။ အမှုကတော့ ဖွင့်လို့မရလို့ အမှုဖွင့်မထားပါဘူး။ လုံခြုံရေးတော့ တိုးပြီးဆောင်ရွက် နေပါတယ်”ဟု မုဒိတာအိမ်ရာမှ လုံခြုံရေးဝန်ထမ်းက ဆိုသည်။

မုဒိတာအိမ်ရာ ( C )ဆောင်၏ အထပ်သုံးခု၏ ဝရံတာလျှောက်လမ်းများတွင် အဝတ်အစားများအား မီးရှို့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

“တိုက်ခန်းမှာ လူတွေမရှိတဲ့ အချိန်လောက်ကို လုပ်နေတာ။ လုံခြုံရေးတွေ စောင့်ပေးနေတယ်ဆိုပေမဲ့ လူတွေကို စိစစ်လို့ ရတာ မဟုတ်တော့ စိတ်တော့ပူတယ်”ဟု မုဒိတာအိမ်ရာမှ ဦးပြည်စိုးက ဆိုသည်။

လက်ရှိတွင် အိမ်ရာအတွင်း လုံခြုံရေးဝန်ထမ်းများက အိမ်ရာအတွင်း ကင်းလှည့်ခြင်းအား ယခင်ထက် တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရပြီး လုံခြုံရေးထပ်တိုး ဆောင်ရွက်မှုများအဖြစ် အလွှာများအလိုက် လုံခြုံရေးဝန်ထမ်းငှါးရမ်းခြင်း၊ သံပန်းတံခါးတပ်ဆင်ခြင်းများ လုပ်ဆောင်ရန် ပြင်ဆင်နကြေကြောင်း သိရသည်။

“အိမ်ယာစီမံခန့်ခွဲရေးကော်မတီကတော့ CCTV တွေ အထပ်တိုင်းမှာ တပ်ဆင်ဖို့ ပြောထားပါတယ်။ တချို့ကလည်း အလွှာလိုက် ရန်ပုံငွေ စုပေါင်းထည့်ပြီး လုံခြုံရေးငှါးကြမယ်။ တချို့ကလည်း သံပန်းတပ်တာတွေ လုပ်ဖို့လုပ်နေတယ်။ လျှောက်လမ်း ဝရံတာမှာ မီးရှို့တာအပြင် အခန်းက တံခါးဟနေရင် လျှောက်လမ်းကနေ မီးရှို့သွားတာလည်း ကြုံဖူးတော့ CCTV တစ်ခုထဲလည်း စိတ်မချဘူး”ဟု မုဒိတာအိမ်ရာတွင် နေထိုင်သည့် မသဇင်က ဆိုသည်။

မုဒိတာအိမ်ရာ (C)ဆောင် ဒုတိယလွှာတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့လည်ပိုင်းကလည်း တိုက်ခန်းရှေ့မှ အဝတ်စင်တွင် လှမ်းထားသည့်အဝတ်အစားများအား မီးရှို့မှုဖြစ်ပွားခဲ့ဖြင့် သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~