တာခ်ီလိတ္မွ သံုးဘီးဆုိင္ကယ္မ်ား မယ္ဆိုင္ၿမိဳ႕ရွိ ကုန္တိုက္မ်ားအနီး သံုးစီးထက္ပိုရပ္ပါက ထိုင္းဥပေဒျဖင့္ အေရးယူမည္

တာခ်ီလိတ္မွ သံုးဘီးဆုိင္ကယ္မ်ား မယ္ဆိုင္ၿမိဳ႕ရွိ ကုန္တိုက္မ်ားအနီး သံုးစီးထက္ပိုရပ္ပါက ထိုင္းဥပေဒျဖင့္ အေရးယူမည္
ဒီဇင်ဘာ 20, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ရွိ ကုန္တိုက္မ်ားအနီးတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ မွ သြားေရာက္ေျပးဆြဲေနသည့္ သံုးဘီးဆိုင္ကယ္မ်ား (၃)စီးထက္ပို၍ အခ်ိန္ၾကာျမင့္စြာ ရပ္တန္႔ထားပါက ဒီဇင္ဘာလ (၂၇)ရက္ေန႔မွစ၍ ထိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တရားဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာဘက္က သုံးဘီးေတြက တာခ်ီလိတ္ၿမိဳ႕ကေန မယ္ဆိုင္ၿမိဳ႕အထိ ခရီးသည္မ်ားသာ တင္ေဆာင္ခြင့္ရွိၿပီး အျပန္ခရီးမွာ ခရီးၾကံဳခရီးသည္မ်ား တင္ေဆာင္တာေတြ၊ လမ္းခုလတ္မွာ တားဆီးရပ္တန္႔ၿပီးေတာ့ ခရီးသည္တင္ေဆာင္တာေတြ၊ အုပ္စုလိုက္ သံုးဘီးဆိုင္ကယ္ဂိတ္သဖြယ္ (၃) စီးထက္ပိုၿပီး အခ်ိန္ၾကာျမင့္စြာ ရပ္တန္႔ျခင္းမ်ား ျပဳလုပ္ခဲ့မယ္ဆိုရင္ ထိုင္းရဲတပ္ဖြဲ႕က ထိုင္းႏိုင္ငံရဲ႕ ဥပေဒအရ အယူသြားမယ္လို႔ အသိေပးလာပါတယ္”ဟု ထိုင္းႏုိင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာ ႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ( CNCMC )မွ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕မွ သံုးဘီးဆိုင္ကယ္မ်ားသည္ တဖက္ႏိုင္ငံရွိ ဟုန္ဖပလာဇာ(HongFha Palaza) ႏွင့္ လိုတပ္စ္(Lotus) ကုန္တိုက္မ်ားရွိ ယာဥ္ရပ္နားသည့္ ေနရာမ်ားတြင္ အစီးေရမ်ားစြာ ရပ္တန္႔ထားၿပီး ခရီးသည္ လူအတင္အခ် ျပဳလုပ္ျခင္းမ်ားေၾကာင့္ ထိုင္းယာဥ္ငယ္လိုင္းမ်ားက မေက်နပ္၍ တိုင္ၾကားသျဖင့္ အေရးယူေဆာင္ရြက္ သြားရန္ စီစဥ္ျခင္း ျဖစ္ေၾကာင္း မယ္ဆိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲမွဴးရံုးမွ ဒုရဲမွဴး Khom Karit မွ CNCMC သို႔ အေၾကာင္းၾကားလာေၾကာင္း သိရသည္။

“အဓိကကေတာ့ ကုန္တိုက္ေတြမွာ ဂိတ္တစ္ခုလို အၾကာႀကီးရပ္တန္႔မထားဖို႔ပါ။ အျပင္လမ္းေတြမွာ ေစ်းဝယ္ဖို႔အတြက္ ရပ္တာက ျပသနာမရွိပါဘူး။”ဟု ဦးစည္သူေမာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ မယ္ဆိုင္ၿမိဳ႕တြင္းသို႔ ေျပးဆြဲသြားလာေနၾကေသာ သံုးဘီးဆိုင္ကယ္မ်ားသည္ ထိုင္းသက္ဆိုင္ရာ ဌာနအသီးသီးသို႔ လစဥ္ေၾကးေပးေဆာင္ထားၾကၿပီး အလားတူ ဟုန္ဖပလာဇာရွိ ယာဥ္ရပ္နားသည့္ ေနရာတြင္လည္း လစဥ္ေၾကးရပ္နားခတစ္စီးလွ်င္ ဘတ္ (၆၀၀)ႏႈန္း ေပးေဆာင္ထားရသည္ဟု သုံးဘီးဆိုင္ကယ္ေမာင္းသူမ်ားထံမွ သိရသည္ ။

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရှိ ကုန်တိုက်များအနီးတွင် မြန်မာနိုင်ငံ တာချီလိတ်မြို့ မှ သွားရောက်ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ်များ (၃)စီးထက်ပို၍ အချိန်ကြာမြင့်စွာ ရပ်တန့်ထားပါက ဒီဇင်ဘာလ (၂၇)ရက်နေ့မှစ၍ ထိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာဘက်က သုံးဘီးတွေက တာချီလိတ်မြို့ကနေ မယ်ဆိုင်မြို့အထိ ခရီးသည်များသာ တင်ဆောင်ခွင့်ရှိပြီး အပြန်ခရီးမှာ ခရီးကြုံခရီးသည်များ တင်ဆောင်တာတွေ၊ လမ်းခုလတ်မှာ တားဆီးရပ်တန့်ပြီးတော့ ခရီးသည်တင်ဆောင်တာတွေ၊ အုပ်စုလိုက် သုံးဘီးဆိုင်ကယ်ဂိတ်သဖွယ် (၃) စီးထက်ပိုပြီး အချိန်ကြာမြင့်စွာ ရပ်တန့်ခြင်းများ ပြုလုပ်ခဲ့မယ်ဆိုရင် ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အယူသွားမယ်လို့ အသိပေးလာပါတယ်”ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာ နိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ( CNCMC )မှ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့မှ သုံးဘီးဆိုင်ကယ်များသည် တဖက်နိုင်ငံရှိ ဟုန်ဖပလာဇာ(HongFha Palaza) နှင့် လိုတပ်စ်(Lotus) ကုန်တိုက်များရှိ ယာဉ်ရပ်နားသည့် နေရာများတွင် အစီးရေများစွာ ရပ်တန့်ထားပြီး ခရီးသည် လူအတင်အချ ပြုလုပ်ခြင်းများကြောင့် ထိုင်းယာဉ်ငယ်လိုင်းများက မကျေနပ်၍ တိုင်ကြားသဖြင့် အရေးယူဆောင်ရွက် သွားရန် စီစဉ်ခြင်း ဖြစ်ကြောင်း မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူး Khom Karit မှ CNCMC သို့ အကြောင်းကြားလာကြောင်း သိရသည်။

“အဓိကကတော့ ကုန်တိုက်တွေမှာ ဂိတ်တစ်ခုလို အကြာကြီးရပ်တန့်မထားဖို့ပါ။ အပြင်လမ်းတွေမှာ ဈေးဝယ်ဖို့အတွက် ရပ်တာက ပြသနာမရှိပါဘူး။”ဟု ဦးစည်သူမောင်က ပြောသည်။

တာချီလိတ်မြို့မှ မယ်ဆိုင်မြို့တွင်းသို့ ပြေးဆွဲသွားလာနကြေသော သုံးဘီးဆိုင်ကယ်များသည် ထိုင်းသက်ဆိုင်ရာ ဌာနအသီးသီးသို့ လစဉ်ကြေးပေးဆောင်ထားကြပြီး အလားတူ ဟုန်ဖပလာဇာရှိ ယာဉ်ရပ်နားသည့် နေရာတွင်လည်း လစဉ်ကြေးရပ်နားခတစ်စီးလျှင် ဘတ် (၆၀၀)နှုန်း ပေးဆောင်ထားရသည်ဟု သုံးဘီးဆိုင်ကယ်မောင်းသူများထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~