လားရိႈးၿမိဳ႕နယ္ နားမေခၚေက်းရြာရွိ အလင္းအိမ္မိဘမဲ့ေဂဟာတြင္ လူမ်ိဳးေပါင္းစံု မိဘမဲ့ကေလးငယ္မ်ား မ်ားျပားလာ၍ ေနရာအခက္အခဲ ျဖစ္ေပၚေန

လားရိႈးၿမိဳ႕နယ္ နားမေခၚေက်းရြာရွိ အလင္းအိမ္မိဘမဲ့ေဂဟာတြင္ လူမ်ိဳးေပါင္းစံု မိဘမဲ့ကေလးငယ္မ်ား မ်ားျပားလာ၍ ေနရာအခက္အခဲ ျဖစ္ေပၚေန
ဒီဇင်ဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရိႈးၿမိဳ႕နယ္၊ နားမေခၚေက်းရြာရွိ အလင္းအိမ္မိဘမဲ့ေဂဟာတြင္ မိဘမဲ့ကေလးငယ္မ်ား မ်ားျပားလာ၍ ေနရာအခက္အခဲ ျဖစ္ေပၚေနေၾကာင္း သိရသည္။

“ကေလးေတြက တျဖည္းျဖည္း မ်ားျပားလာတဲ့အတြက္ ရွိတဲ့ အေဆာက္အဦးမွာ ေနထိုင္စရာ ေနရာအခက္အခဲ ရွိေနတယ္။ ျပြတ္သိပ္ၿပီး အိပ္ရေတာ့ အပူဓာတ္ကူးၿပီးေတာ့ အေရျပား ယားယံတာေတြျဖစ္လာတယ္” ဟု အလင္းအိမ္မိဘမဲ့ေဂဟာမွ တာဝန္မွဴး မအိုင္းရင္းက ေျပာသည္။

ေနရာက်ဥ္းသျဖင့္ ကေလးမ်ားတြင္ အေရျပားယားယံသည့္ အနာမ်ားျဖစ္ေလ့ရိွေၾကာင္းသိရသည္။

“သူတို႔ေတြၿခံဳတဲ့ေစာင္ေတြကိုလည္း တစ္ပတ္တစ္ႀကိမ္ႏႈန္းနဲ႔ေလွ်ာ္ၿပီး လဲလွယ္ေပးဖို႔ကို ဆရာဝန္ေတြက မွာသြားပါတယ္။ အနီးကပ္ က်န္းမာေရးေစာင့္ေရွာက္မႈကေတာ့ ဒီရြာ( နားမေခၚရြာ )ထဲက ေဒါက္တာတစ္ဦးက အခမဲ့ေစာင့္ေရွာက္မႈေပးထားပါတယ္”ဟု မအိုင္းရင္းက ေျပာသည္။

မိဘမဲ့ေဂဟာမ်ားရွိ ကေလးငယ္မ်ားအား လားရိႈးခရိုင္က်န္းမာေရးဌာန ၊ ၿမိဳ႔နယ္က်န္းမာေရးဌာန ႏွင့္ ျမန္မာႏိုင္ငံဆရာဝန္အသင္းမွ ဆရာဝန္မ်ားပူးေပါင္း၍ က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္းကိုလည္း စတင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ကေလးေတြက ဝဲ၊ ယားနာလိုမ်ိဳး အနာေတြျဖစ္ေနတာပါ။ အဓိကကေတာ့ ေနရာခက္ခဲေနလို႔ ျပြတ္သိပ္အိပ္ရ တာေၾကာင့္လို႔ယူဆရပါတယ္။ တျခားက်န္းမာေရးနဲ႔ပတ္သက္တာ စိုးရိမ္စရာမရွိပါဘူး။ အာဟာရလည္း လံုေလာက္တဲ့ အေနအထားမွာရွိပါတယ္။ ကၽြန္မတို႔ဆရာဝန္ေတြ ၉ ေယာက္ပါတဲ့အဖြဲ႔နဲ႔ ကေလးေတြကို ေဆးလိမ္းေပးတာေတြလုပ္ေပးခဲ့ပါတယ္။ သရုပ္ျပေပးခဲ့တယ္။ ကုသမႈလုပ္ေပးခဲ့တယ္။ ေသာက္ေဆးေတြလည္းေပးခဲ့ပါတယ္။ အာဟာရနည္းတယ္လို႔ထင္ရတဲ့ကေလးေတြအတြက္လည္း အားေဆးေတြေပးခဲ့ပါတယ္” ဟု လားရိႈးၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာ ေဒၚခင္သူဇာထူး ကေျပာသည္။

အဆိုပါ အလင္းအိမ္ မိဘမ့ဲကေလးမ်ား ေစာင့္ေရွာက္ေရးေဂဟာကို ၂၀၁၁ ခုႏွစ္ ဧၿပီလ (၄) ရက္တြင္ စတင္ ဖြင့္လွစ္ခဲ့ၿပီး စတင္ခ်ိန္တြင္ ကေလးငယ္ ၃ ဦးသာရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အသက္ ၂ ႏွစ္အထက္မွ အသက္ ၁၆ ႏွစ္ေအာက္အရြယ္ ကေလးငယ္ ၁၄၇ ဦးရွိေနၿပီး ၁၄၃ ဦးမွာ ေက်ာင္းပညာ သင္ယူေနေၾကာင္း သိရွိရသည္။

“စားနပ္ရိကၡာအတြက္ ဆန္ကေတာ့ လာလွဴသူေတြအနည္းနဲ႔အမ်ားရွိပါတယ္။ ဟင္းခ်က္စရာကေတာ့ ဒီလိုပဲ စီစဥ္ရတာေပါ့။ အျခားအခက္အခဲကေတာ့ ေက်ာင္းေနေနတဲ့ ကေလးကမ်ားတဲ့အတြက္ ေက်ာင္းဝတ္စံုလည္း လိုအပ္တယ္။ ေက်ာင္းအႀကိဳအပို႔လုပ္ဖို႔အတြက္လည္း ကေလးေတြနဲ႔ သင့္ေတာ္မယ့္ ကားတစ္စီးဝယ္ဖို႔ စုေဆာင္း ေနပါတယ္။ အေဆာက္အဦအတြက္ကေတာ့ တခ်ိဳ႔ေတြ နည္းနည္းခ်င္း လာလွဴေနၾကတာရွိပါတယ္” ဟု မအိုင္းရင္းက ေျပာသည္။

လူမႈကူညီေရးအဖြဲ႔အခ်ိဳ႔မွလည္း လာေရာက္လွဴဒါန္းမႈမ်ားရွိၿပီး ကေလးမ်ားအတြက္ ေသာက္သံုးေရအား လားရိႈးၿမိဳ့ရွိ ခရစ္စတယ္လ္္ ေသာက္ေရသန္႔ထုတ္လုပ္ေရာင္းခ်ေရးမွ တာဝန္ယူလွဴဒါန္းထားေၾကာင္း သိရွိရသည္။

လားရိႈးၿမိဳ႕နယ္အတြင္း ကေလးသူငယ္မ်ားအားေစာင့္ေရွာက္မႈေပးေနသည့္ေဂဟာေပါင္း ၃၀ ေက်ာ္ရွိေနၿပီး အစိုးရအသိအမွတ္ျပဳေဂဟာမွာ(၅) ခုခန္႔သာရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာရှိ အလင်းအိမ်မိဘမဲ့ဂေဟာတွင် မိဘမဲ့ကလေးငယ်များ များပြားလာ၍ နေရာအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကလေးတွေက တဖြည်းဖြည်း များပြားလာတဲ့အတွက် ရှိတဲ့ အဆောက်အဦးမှာ နေထိုင်စရာ နေရာအခက်အခဲ ရှိနေတယ်။ ပြွတ်သိပ်ပြီး အိပ်ရတော့ အပူဓာတ်ကူးပြီးတော့ အရပြေား ယားယံတာတွဖြေစ်လာတယ်” ဟု အလင်းအိမ်မိဘမဲ့ဂေဟာမှ တာဝန်မှူး မအိုင်းရင်းက ပြောသည်။

နေရာကျဉ်းသဖြင့် ကလေးများတွင် အရပြေားယားယံသည့် အနာများဖြစ်လေ့ရှိကြောင်းသိရသည်။

“သူတို့တွခြေုံတဲ့စောင်တွေကိုလည်း တစ်ပတ်တစ်ကြိမ်နှုန်းနဲ့လျှော်ပြီး လဲလှယ်ပေးဖို့ကို ဆရာဝန်တွေက မှာသွားပါတယ်။ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုကတော့ ဒီရွာ( နားမခေါ်ရွာ )ထဲက ဒေါက်တာတစ်ဦးက အခမဲ့စောင့်ရှောက်မှုပေးထားပါတယ်”ဟု မအိုင်းရင်းက ပြောသည်။

မိဘမဲ့ဂေဟာများရှိ ကလေးငယ်များအား လားရှိုးခရိုင်ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန်များပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကိုလည်း စတင်လုပ်ဆောင်နေကြောင်း သိရသည်။

“ကလေးတွေက ဝဲ၊ ယားနာလိုမျိုး အနာတွဖြေစ်နေတာပါ။ အဓိကကတော့ နေရာခက်ခဲနေလို့ ပြွတ်သိပ်အိပ်ရ တာကြောင့်လို့ယူဆရပါတယ်။ တခြားကျန်းမာရေးနဲ့ပတ်သက်တာ စိုးရိမ်စရာမရှိပါဘူး။ အာဟာရလည်း လုံလောက်တဲ့ အနေအထားမှာရှိပါတယ်။ ကျွန်မတို့ဆရာဝန်တွေ ၉ ယောက်ပါတဲ့အဖွဲ့နဲ့ ကလေးတွေကို ဆေးလိမ်းပေးတာတွေလုပ်ပေးခဲ့ပါတယ်။ သရုပ်ပြပေးခဲ့တယ်။ ကုသမှုလုပ်ပေးခဲ့တယ်။ သောက်ဆေးတွေလည်းပေးခဲ့ပါတယ်။ အာဟာရနည်းတယ်လို့ထင်ရတဲ့ကလေးတွေအတွက်လည်း အားဆေးတွေပေးခဲ့ပါတယ်” ဟု လားရှိုးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဒေါ်ခင်သူဇာထူး ကပြောသည်။

အဆိုပါ အလင်းအိမ် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာကို ၂၀၁၁ ခုနှစ် ဧပြီလ (၄) ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး စတင်ချိန်တွင် ကလေးငယ် ၃ ဦးသာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အသက် ၂ နှစ်အထက်မှ အသက် ၁၆ နှစ်အောက်အရွယ် ကလေးငယ် ၁၄၇ ဦးရှိနပြေီး ၁၄၃ ဦးမှာ ကျောင်းပညာ သင်ယူနေကြောင်း သိရှိရသည်။

“စားနပ်ရိက္ခါအတွက် ဆန်ကတော့ လာလှူသူတွေအနည်းနဲ့အများရှိပါတယ်။ ဟင်းချက်စရာကတော့ ဒီလိုပဲ စီစဉ်ရတာပေါ့။ အခြားအခက်အခဲကတော့ ကျောင်းနေနေတဲ့ ကလေးကများတဲ့အတွက် ကျောင်းဝတ်စုံလည်း လိုအပ်တယ်။ ကျောင်းအကြိုအပို့လုပ်ဖို့အတွက်လည်း ကလေးတွေနဲ့ သင့်တော်မယ့် ကားတစ်စီးဝယ်ဖို့ စုဆောင်း နေပါတယ်။ အဆောက်အဦအတွက်ကတော့ တချို့တွေ နည်းနည်းချင်း လာလှူနကြေတာရှိပါတယ်” ဟု မအိုင်းရင်းက ပြောသည်။

လူမှုကူညီရေးအဖွဲ့အချို့မှလည်း လာရောက်လှူဒါန်းမှုများရှိပြီး ကလေးများအတွက် သောက်သုံးရေအား လားရှိုးမြို့ရှိ ခရစ်စတယ်လ် သောက်ရေသန့်ထုတ်လုပ်ရောင်းချရေးမှ တာဝန်ယူလှူဒါန်းထားကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်အတွင်း ကလေးသူငယ်များအားစောင့်ရှောက်မှုပေးနေသည့်ဂေဟာပေါင်း ၃၀ ကျော်ရှိနပြေီး အစိုးရအသိအမှတ်ပြုဂေဟာမှာ(၅) ခုခန့်သာရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~