ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ လားရိႈးၿမိဳ႕တြင္ ႏိုဝင္ဘာလ (၅)ရက္ေန႔က ျဖစ္ပြားခ့ဲသည့္ သားသမီး(၅)ဦးႏွင့္ မိမိကိုယ္ကို ဓါးျဖင့္လွီသည့္ အမိ်ဳးသားအား လားရႈိးၿမိဳ႕မရဲစခန္းမွ ပုဒ္မ(၃)ခုျဖင့္ အမႈဖြင့္ထားရာ အဆိုပါ အမႈအား စစ္ေဆးေနဆဲျဖစ္ေၾကာင္း လားရႈိးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သိရသည္။
“အဲဒီလူကို ရဲက တရားစြဲၿပီးထားၿပီ။ ရံုးထုတ္စစ္ေဆးေနပါၿပီ။ စစ္ေဆးေနဆဲ အေျခအေနပဲ ရွိပါေသးတယ္”ဟု လားရႈိးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိက ဒီဇင္ဘာလ ၂၅ ရက္တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
အဆိုပါ ျဖစ္ရပ္ေၾကာင့္ ကေလးငယ္ ႏွစ္ဦးမွာ ေနရာတြင္ ေသဆံုးခ့ဲၿပီး ကေလးငယ္ ၃ ဦးမွာ လားရႈိးျပည္သူ႔ ေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူခဲ့ရၿပီး ႏိုဝင္ဘာလ(၈)ရက္ေန႔တြင္ မႏၲေလး ျပည္သူ႔ေဆးရံု အာရံုေၾကာဌာနသို႔ ေျပာင္းေရႊ႕ ကုသမႈခံယူခ့ဲၾကရျခင္း ျဖစ္သည္။
လက္ရွိအခ်ိန္တြင္ ကေလးသံုးဦး၏ ဒဏ္ရာမ်ား သက္သာလာသည့္ အတြက္ ေဆးရံုမွဆင္းခြင့္ရ ရွိခ့ဲၿပီးျဖစ္ေၾကာင္း သိရသည္။
“ကေလးေတြက ဒဏ္ရာေတြ သက္သာလို႔ မႏၱေလးျပည္သူ႔ေဆးရံုႀကီးကေန ဆင္းခ့ဲရၿပီခင္ဗ်။ အခုေတာ့ သူတို႔မိခင္နဲ႔ အဖိုးဖြားေတြ နဲ႔ ပံုမွန္အတိုင္း ျပန္ျဖစ္ေနၾကၿပီလို႔ သိရပါတယ္“ ဟု ကေလးမ်ားအား ေဆးကုသရန္ကူညီေပးခ့ဲသူမ်ားမွ တစ္ဦးျဖစ္သည့္ လားရႈိး ေသြးႏွင့္လူမႈကူညီေရးမွ ကိုဆန္းဦး ကေျပာသည္။
ေသဆံုးသြားသည့္ ကေလးႏွစ္ဦးမွာ အသက္( ၄ )ႏွစ္ ႏွင့္ (၅) ႏွစ္အရြယ္ ေယာက်္ားေလးမ်ားျဖစ္ၿပီး (၃)ႏွစ္အရြယ္ ေယာက်္ားေလးတစ္ဦးႏွင့္ (၇ )ႏွစ္အရြယ္ မိန္းကေလး မွာ လည္ပင္းျပတ္ရွဒဏ္ရာ၊ အငယ္ဆံုး( ၉) လအရြယ္ မိန္းကေလးငယ္မွာ ပါးစပ္ျပတ္ရွဒဏ္ရာမ်ား ရွိခ့ဲသည့္အတြက္ ေဆးကုသမႈခံယူခ့ဲရျခင္း ျဖစ္သည္။
အမႈျဖစ္ပြားရာ ပတ္ဝန္းက်င္မွ ေဒသခံမ်ား၏ ေျပာၾကားခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္သူ အမိ်ဳးသားသည္ တစ္ခါတစ္ရံ စိတ္ေဖါက္တတ္ေၾကာင္းႏွင့္ အခင္းျဖစ္ပြားခ်ိန္တြင္ ကေလးမ်ား၏ မိခင္မွာ အျခားအိမ္တစ္အိမ္တြင္ ေရာက္ရွိေနခ့ဲၿပီး ကေလးမ်ား အိပ္ေပ်ာ္ေနခ်ိန္တြင္ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။
အမႈျဖစ္ပြားခ့ဲစဥ္ အခ်ိန္မွစ၍ ပထမဦးစားေပး တိုင္တန္းခ်က္အျဖစ္ ပုဒ္မ( ၃၀၂ )၊ (၃၂၆) ၊ ပုဒ္မ (၃၀၉ )တို႔ျဖင့္ လားရိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။
သတင္း - ေနၿဖဳိးျမင့္
“အဲဒီလူကို ရဲက တရားစွဲပြီးထားပြီ။ ရုံးထုတ်စစ်ဆေးနေပါပြီ။ စစ်ဆေးနေဆဲ အခြေအနေပဲ ရှိပါသေးတယ်”ဟု လားရှိုးမြို့ မြို့မရဲစခန်းမှ ရဲအရာရှိက ဒီဇင်ဘာလ ၂၅ ရက်တွင် တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် ကလေးငယ် နှစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦးမှာ လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရပြီး နိုဝင်ဘာလ(၈)ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံ အာရုံကြောဌာနသို့ ပြောင်းရွှေ့ ကုသမှုခံယူခဲ့ကြရခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ကလေးသုံးဦး၏ ဒဏ်ရာများ သက်သာလာသည့် အတွက် ဆေးရုံမှဆင်းခွင့်ရ ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ကလေးတွေက ဒဏ်ရာတွေ သက်သာလို့ မန္တလေးပြည်သူ့ဆေးရုံကြီးကနေ ဆင်းခဲ့ရပြီခင်ဗျ။ အခုတော့ သူတို့မိခင်နဲ့ အဖိုးဖွားတွေ နဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်နကြပြေီလို့ သိရပါတယ်“ ဟု ကလေးများအား ဆေးကုသရန်ကူညီပေးခဲ့သူများမှ တစ်ဦးဖြစ်သည့် လားရှိုး သွေးနှင့်လူမှုကူညီရေးမှ ကိုဆန်းဦး ကပြောသည်။
သေဆုံးသွားသည့် ကလေးနှစ်ဦးမှာ အသက်( ၄ )နှစ် နှင့် (၅) နှစ်အရွယ် ယောကျာ်းလေးများဖြစ်ပြီး (၃)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် (၇ )နှစ်အရွယ် မိန်းကလေး မှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ အငယ်ဆုံး( ၉) လအရွယ် မိန်းကလေးငယ်မှာ ပါးစပ်ပြတ်ရှဒဏ်ရာများ ရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူခဲ့ရခြင်း ဖြစ်သည်။
အမှုဖြစ်ပွားရာ ပတ်ဝန်းကျင်မှ ဒေသခံများ၏ ပြောကြားချက်များအရ ပြစ်မှုကျူးလွန်သူ အမျိုးသားသည် တစ်ခါတစ်ရံ စိတ်ဖောက်တတ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်တွင် ကလေးများ၏ မိခင်မှာ အခြားအိမ်တစ်အိမ်တွင် ရောက်ရှိနေခဲ့ပြီး ကလေးများ အိပ်ပျော်နေချိန်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖြစ်ပွားခဲ့စဉ် အချိန်မှစ၍ ပထမဦးစားပေး တိုင်တန်းချက်အဖြစ် ပုဒ်မ( ၃၀၂ )၊ (၃၂၆)၊ ပုဒ်မ (၃၀၉ )တို့ဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
သတင်း - နဖြေိုးမြင့်