ေဒသအလိုက္ စာၾကည့္တိုက္တည္ေထာင္ရန္ လုပ္ေဆာင္ေနမႈမ်ားအား ျမန္မာနိုင္ငံစာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းမွ ေငြက်ပ္ ဆယ္သိန္းမွစတင္၍ ရင္းႏွီးမတည္ေငြပံ့ပိုးေပးေနေၾကာင္း သိရသည္။
“ေက်းရြာက တကယ့္ကို လိုလိုလားလားနဲ႔ ျဖစ္ေျမာက္ခ်င္တယ္ဆိုရင္ ေငြေၾကးလည္း အနည္းငယ္ စုေဆာင္းထားတာရွိတယ္ဆိုရင္ ဌာနကေန တစ္တိုက္ကို က်ပ္ ဆယ္သိန္း မတည္ေပးပါတယ္။ ဒါေပမဲ့ အေထာက္အထားေတြ ရွိရမယ္။ ကိုယ္ပိုင္ေျမကြက္ ျဖစ္ရမယ္။ ဘုန္းႀကီးေက်ာင္း၊ ေထြ/အုပ္ပိုင္မ်ားမျဖစ္ရ /သီးျခားပိုင္ဆိုင္မွဳ ျဖစ္ရမယ္။ ပိုင္ဆိုင္မႈ အေထာက္အထား ခိုင္လံုတယ္ဆိုရင္ ျမန္မာနိုင္ငံ စာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္းနဲ႔ နိုင္ငံေတာ္ကေန မတည္ေပးမွာပါ။ ဆယ္သိန္းနဲ႔ မေလာက္ဘူးဆိုရင္ ထပ္ၿပီးျဖည့္စြက္ မတည္ေပးပါတယ္။ အရင္ႏွစ္ကဆို ရင္ သိန္းႏွစ္ဆယ္ထိ မတည္ေပးတာေတြရွိပါတယ္။”ဟု ျပန္ၾကားေရးႏွင့္ျပည္သူ႕ဆက္ဆံေရးဌာနမွ ရွမ္းျပည္နယ္ဦးစီးမွဴး ဦးစိုင္းသိန္းလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
စာၾကည့္တိုက္မ်ားအား ေက်းရြာမ်ားတြင္ ဦးစားေပးဖြင့္လွစ္ေပးေနျခင္းျဖစ္ေၾကာင္း သိရၿပီး အခ်ိဳ႕ စာၾကည့္တိုက္မ်ားမွာ ဆက္လက္တိုးတက္ရန္ လုပ္ေဆာင္ျခင္းမရိွသည္မ်ားႏွင့္လည္း ႀကံဳေနရေၾကာငး္ သိရသည္။
“ျပည္နယ္နဲ႔တိုင္းေဖာင္ေဒးရွင္းက စာၾကည့္တိုက္အတြက္ ၿမိဳ႕နယ္မ်ားတြင္သာ မဟုတ္ဘဲ ေက်းရြာေတြမွာပါ ဗဟုသုတေတြ ၾကြယ္၀ေစဖို႔ ရည္ရြယ္ပါတယ္။ ေက်းရြာေတြ မွာ စာၾကည့္တိုက္ေတြ ဖြင့္မယ္ဆိုရင္ ေထာက္ပံ့ေငြ က်ပ္ ဆယ္သိန္း နဲ႔ အက်ိဳးျပဳလွဳပ္ရွားမွဳေတြ တက္တက္ၾကြၾကြလုပ္ေဆာင္ၿပီး စာၾကည့္တိုက္ကုိ ေအာင္ေအာင္ျမင္ျမင္ ထိန္းသိမ္းဖြင့္လွစ္ႏိုင္မယ္ဆိုရင္ေတာ့ က်ပ္ဆယ္သိန္းမကဘူး။ က်ပ္သိန္းငါးဆယ္ဆိုလည္း ေထာက္ပံ့ေပးမွာပါ” ဟု ျမန္မာနိုင္ငံစာၾကည့္တိုက္မ်ားေဖာင္ေဒးရွင္း ဘ႑ာေရးမွဴး ဦး၀င္းေအာင္က ေျပာသည္။
ျမန္မာတစ္နိုင္ငံလံုးအေနျဖင့္ စာၾကည့္တိုက္ေပါင္း (၅၅,၇၅၅) ခု ရွိေၾကာင္း သိရသည္။
သတင္း - ႏိုႏို
ဒေသအလိုက် စာကြည့်တိုက်တည်ထောင်ရန် လုပ်ဆောင်နေမှုများအား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ငွေကျပ် ဆယ်သိန်းမှစတင်၍ ရင်းနှီးမတည်ငွေပံ့ပိုးပေးနေကြောင်း သိရသည်။
“ကျေးရွာက တကယ့်ကို လိုလိုလားလားနဲ့ ဖြစ်မြောက်ချင်တယ်ဆိုရင် ငွေကြေးလည်း အနည်းငယ် စုဆောင်းထားတာရှိတယ်ဆိုရင် ဌာနကနေ တစ်တိုက်ကို ကျပ် ဆယ်သိန်း မတည်ပေးပါတယ်။ ဒါပေမဲ့ အထောက်အထားတွေ ရှိရမယ်။ ကိုယ်ပိုင်မြေကွက် ဖြစ်ရမယ်။ ဘုန်းကြီးကျောင်း၊ ထွေ/အုပ်ပိုင်များမဖြစ်ရ /သီးခြားပိုင်ဆိုင်မှု ဖြစ်ရမယ်။ ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံတယ်ဆိုရင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းနဲ့ နိုင်ငံတော်ကနေ မတည်ပေးမှာပါ။ ဆယ်သိန်းနဲ့ မလောက်ဘူးဆိုရင် ထပ်ပြီးဖြည့်စွက် မတည်ပေးပါတယ်။ အရင်နှစ်ကဆို ရင် သိန်းနှစ်ဆယ်ထိ မတည်ပေးတာတွေရှိပါတယ်။”ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုင်းသိန်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စာကြည့်တိုက်များအား ကျေးရွာများတွင် ဦးစားပေးဖွင့်လှစ်ပေးနခြေင်းဖြစ်ကြောင်း သိရပြီး အချို့ စာကြည့်တိုက်များမှာ ဆက်လက်တိုးတက်ရန် လုပ်ဆောင်ခြင်းမရှိသည်များနှင့်လည်း ကြုံနေရကြောငး် သိရသည်။
“ပြည်နယ်နဲ့တိုင်းဖောင်ဒေးရှင်းက စာကြည့်တိုက်အတွက် မြို့နယ်များတွင်သာ မဟုတ်ဘဲ ကျေးရွာတွေမှာပါ ဗဟုသုတတွေ ကြွယ်ဝစေဖို့ ရည်ရွယ်ပါတယ်။ ကျေးရွာတွေ မှာ စာကြည့်တိုက်တွေ ဖွင့်မယ်ဆိုရင် ထောက်ပံ့ငွေ ကျပ် ဆယ်သိန်း နဲ့ အကျိုးပြုလှုပ်ရှားမှုတွေ တက်တက်ကြွကြွလုပ်ဆောင်ပြီး စာကြည့်တိုက်ကို အောင်အောင်မြင်မြင် ထိန်းသိမ်းဖွင့်လှစ်နိုင်မယ်ဆိုရင်တော့ ကျပ်ဆယ်သိန်းမကဘူး။ ကျပ်သိန်းငါးဆယ်ဆိုလည်း ထောက်ပံ့ပေးမှာပါ” ဟု မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဘဏ္ဍာရေးမှူး ဦးဝင်းအောင်က ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအနဖြေင့် စာကြည့်တိုက်ပေါင်း (၅၅ယ၇၅၅) ခု ရှိကြောင်း သိရသည်။
သတင်း - နိုနို