ကယားျပည္နယ္ေန႔ ပြဲေတာ္တြင္ ဆိုင္ခန္းေစ်းႏႈန္းမ်ား သတ္မွတ္ထက္ေက်ာ္လွ်င္ အေရးယူမည္

ကယားျပည္နယ္ေန႔ ပြဲေတာ္တြင္ ဆိုင္ခန္းေစ်းႏႈန္းမ်ား သတ္မွတ္ထက္ေက်ာ္လွ်င္ အေရးယူမည္
ဒီဇင်ဘာ 23, 2016
By Tachileik News Agency

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔တြင္ က်ေရာက္မည့္ ၆၅ ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ ့အထိမ္းအမွတ္ ပြဲေတာ္အတြက္ ဆိုင္ခန္းမ်ားႏွင့္ ဆိုင္ကယ္/ကားရပ္နား လိုင္စင္ေလလံေရာင္းခ်မႈမ်ားကို စတင္ျပဳလုပ္ေနၿပီး ေလလံေအာင္သူမ်ား အေနျဖင့္ ဆိုင္ခန္းခမ်ားကို ျပည္နယ္အစိုးရမွ သတ္မွတ္ ႏႈန္းထားမ်ား အတိုင္း မေရာင္းခ်ပါက အေရးယူမည္ ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရ အေနျဖင့္ ျပည္နယ္ေန႔ပြဲေတာ္က်င္းပႏိုင္ေရး အတြက္ ျပင္ဆင္လုပ္ေဆာင္လွ်က္ရွိရာတြင္ ေဈးဆိုင္ခန္းမ်ား ေလလံေအာင္သြားသူမ်ား အေနျဖင့္ ျပည္နယ္အစိုးရမွ သတ္မွတ္ထားေသာ ႏႈန္းထားမ်ားအတိုင္း ေရာင္းခ်ေရးကိုု ၾကပ္မတ္သြားမည္ဟု ကယားျပည္နယ္ လုံျခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီး ေဇာ္မ်ိဳးတင္ထံမွ သိရသည္။

"ကၽြန္တာ္ အခုကတည္းက ႀကိဳေျပာထားမယ္။ ဆိုင္ခန္းေတြကို ခုကၽြန္ေတာ္္တို႔ သတ္မွတ္ထားတဲ့ အတိုင္းေဈးကေတာ့ စေပးရမွာပဲ။ ဒါေပမဲ့ ေလလံေအာင္ၿပီးသြားရင္လည္း ေဈးေရာင္းမယ့္ ေဈးဆိုင္ခန္း ဝယ္မယ့္သူေတြကို ကၽြန္ေတာ္တို႔ သတ္မွတ္ထားတဲ႔ႏႈန္းထားအတိုင္း ေရာင္းေပးပါ။ တကယ္လို႔ အဲဒီလို မေရာင္းဘူးဆိုတာ ေဈးသည္ေတြဖက္ကပဲျဖစ္ျဖစ္ မေက်နပ္လို႔ တိုင္ၾကားလာတာေတြရွိတာနဲ႔ တကယ္ အေရးယူသြားမွာပါ"ဟု ကယားျပည္နယ္၊ လုံျခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေဇာ္မ်ိဳးတင္က ေျပာသည္။

ကယားျပည္နယ္ေန႔အထိမ္းအမွတ္ပြဲေတာ္အတြက္ ေဈးဆိုင္ခန္းႏွင့္ ကားဆိုင္ကယ္ ရပ္နားလိုင္စင္ ေလလံ ေရာင္းခ်ျခင္းကို ဒီဇင္ဘာလ ၁၉ ရက္ေန႔ နံနက္ ဆယ္နာရီမွစ၍ လုံျခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ႏွင့္ စည္ပင္သာယာေရးႏွင့္ လူမႈေရးဝန္ႀကီးတို႔မွ ဦးေဆာင္ျပဳလုပ္ခဲ့ျပီး ေဈးဆိုင္ခန္းေပါင္း (၁၀၄၁)ခန္း ကို ၾကမ္းခင္းေလလံတင္ေရာင္းခ်ခဲ႔ကာ လာမည့္ ဒီဇင္ဘာလ ၂၂ ရက္ေန႕တြင္ အတည္ျပဳ ထုတ္ျပန္ ေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

၆၅ ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ ပြဲေတာ္အား ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ရွိ ကႏၱာရဝတီ အားကစားကြင္းတြင္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁၀)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ပွဲတော်အတွက် ဆိုင်ခန်းများနှင့် ဆိုင်ကယ်/ကားရပ်နား လိုင်စင်လေလံရောင်းချမှုများကို စတင်ပြုလုပ်နပြေီး လေလံအောင်သူများ အနဖြေင့် ဆိုင်ခန်းခများကို ပြည်နယ်အစိုးရမှ သတ်မှတ် နှုန်းထားများ အတိုင်း မရောင်းချပါက အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရ အနဖြေင့် ပြည်နယ်နေ့ပွဲတော်ကျင်းပနိုင်ရေး အတွက် ပြင်ဆင်လုပ်ဆောင်လျှက်ရှိရာတွင် ဈေးဆိုင်ခန်းများ လေလံအောင်သွားသူများ အနဖြေင့် ပြည်နယ်အစိုးရမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ရောင်းချရေးကို ကြပ်မတ်သွားမည်ဟု ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်ထံမှ သိရသည်။

"ကျွန်တာ် အခုကတည်းက ကြိုပြောထားမယ်။ ဆိုင်ခန်းတွေကို ခုကျွန်တော်တို့ သတ်မှတ်ထားတဲ့ အတိုင်းဈေးကတော့ စပေးရမှာပဲ။ ဒါပေမဲ့ လေလံအောင်ပြီးသွားရင်လည်း ဈေးရောင်းမယ့် ဈေးဆိုင်ခန်း ဝယ်မယ့်သူတွေကို ကျွန်တော်တို့ သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း ရောင်းပေးပါ။ တကယ်လို့ အဲဒီလို မရောင်းဘူးဆိုတာ ဈေးသည်တွေဖက်ကပဲဖြစ်ဖြစ် မကျေနပ်လို့ တိုင်ကြားလာတာတွေရှိတာနဲ့ တကယ် အရေးယူသွားမှာပါ"ဟု ကယားပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်က ပြောသည်။

ကယားပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်အတွက် ဈေးဆိုင်ခန်းနှင့် ကားဆိုင်ကယ် ရပ်နားလိုင်စင် လေလံ ရောင်းချခြင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ဆယ်နာရီမှစ၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးတို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း (၁၀၄၁)ခန်း ကို ကြမ်းခင်းလေလံတင်ရောင်းချခဲ့ကာ လာမည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အတည်ပြု ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတော်အား ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရဝတီ အားကစားကွင်းတွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~