၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၂၉ ရက္ေန႔တြင္ က်ေရာက္မည့္ ကရင္တိုင္းရင္းသားမ်ား၏ (၇၉)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပြဲေတာ္ကို ကယားျပည္နယ္တြင္ ျပည္နယ္လုံး ဆိုင္ရာ အေနျဖင့္ ဒုတိယအႀကိမ္ က်င္းပေၾကာင္းသိရသည္။
ကယားျပည္နယ္လုံးဆိုင္ရာ ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္ အခမ္းနားကို ဒီဇင္ဘာလ ၂၇ ရက္ေန႔ နံနက္ပိုင္းက လိြဳင္ေကာ္ၿမိဳ႕ ခ်ိကယ္ေက်းရြာအုပ္စု ေထးသမရပ္ကြက္ရွိ ေက့ထ်ိဳးဘိုးကြင္းတြင္ စတင္ ဖြင့္လွစ္လိုက္သည္။
"အရင္တစ္ေခါက္ လုပ္ေသးတယ္။ အဲဒါက ေမာ္ခ်ီးေဒသ တစ္ခုလုံးပဲ ပါတယ္ေပါ့။ ဒီတစ္ခါက ကယားတစ္ျပည္နယ္လုံးမွာရွိတဲ့ ကရင္ေတြ အကုန္ပူးေပါင္း ပါဝင္ ဆင္ႏႊဲမယ့္ ျပည္နယ္လုံးဆိုင္ရာ ႏွစ္သစ္ကူးပြဲေတာ္ႀကီး ျဖစ္ပါတယ္။"ဟု ကရင္လူငယ္ တစ္ဦးျဖစ္သည့္ ေဂ်ာ္နီမင္း ကေျပာသည္။
ကယားျပည္နယ္လုံးဆိုင္ရာ ကရင္အမ်ိဳးသား ႏွစ္သစ္ကူး ပြဲေတာ္ တြင္ တတ္ေရာက္ေပးရန္ ကရင္အမ်ိဳးသား အစည္းရုံး KNU ဗဟိုသို႔ ဖိတ္ၾကားထားျပီး မည္သူ တတ္ေရာက္မည္ကို အတည္ မျပဳရေသးေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္တြင္ ကရင္႐ိုးရာ၀တ္စံုမ်ားႏွင့္ အစားအစာမ်ား ေရာင္းခ်ျခင္း၊ လက္ေ၀ွ႕ပြဲမ်ား၊ ႐ိုးရာအားကစား ၿပိဳင္ပြဲမ်ား၊ တိုင္းရင္းသား႐ိုးရာအကမ်ား၊ ေခတ္ေပၚေတးဂီတမ်ား ျဖင့္ ေဖ်ာ္ေျဖသြားမွာျဖစ္ၿပီး ဒီဇင္ဘာ(၂၉)ရက္ေန႔ နံနက္ (၅)နာရီတြင္ ကရင္အမ်ိဳးသား အလံေတာ္တင္ျခင္း အခမ္းအနားတို႔ျဖင့္ က်င္းပမည္ျဖစ္ေၾကာင္း သိရွိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကရင်တိုင်းရင်းသားများ၏ (၇၉)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကယားပြည်နယ်တွင် ပြည်နယ်လုံး ဆိုင်ရာ အနဖြေင့် ဒုတိယအကြိမ် ကျင်းပကြောင်းသိရသည်။
ကယားပြည်နယ်လုံးဆိုင်ရာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု ထေးသမရပ်ကွက်ရှိ ကေ့ထျိုးဘိုးကွင်းတွင် စတင် ဖွင့်လှစ်လိုက်သည်။
"အရင်တစ်ခေါက် လုပ်သေးတယ်။ အဲဒါက မော်ချီးဒေသ တစ်ခုလုံးပဲ ပါတယ်ပေါ့။ ဒီတစ်ခါက ကယားတစ်ပြည်နယ်လုံးမှာရှိတဲ့ ကရင်တွေ အကုန်ပူးပေါင်း ပါဝင် ဆင်နွှဲမယ့် ပြည်နယ်လုံးဆိုင်ရာ နှစ်သစ်ကူးပွဲတော်ကြီး ဖြစ်ပါတယ်။"ဟု ကရင်လူငယ် တစ်ဦးဖြစ်သည့် ဂျော်နီမင်း ကပြောသည်။
ကယားပြည်နယ်လုံးဆိုင်ရာ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် တွင် တတ်ရောက်ပေးရန် ကရင်အမျိုးသား အစည်းရုံး KNU ဗဟိုသို့ ဖိတ်ကြားထားပြီး မည်သူ တတ်ရောက်မည်ကို အတည် မပြုရသေးကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် ကရင်ရိုးရာဝတ်စုံများနှင့် အစားအစာများ ရောင်းချခြင်း၊ လက်ဝှေ့ပွဲများ၊ ရိုးရာအားကစား ပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာအကများ၊ ခေတ်ပေါ်တေးဂီတများ ဖြင့် ဖျော်ဖြေသွားမှာဖြစ်ပြီး ဒီဇင်ဘာ(၂၉)ရက်နေ့ နံနက် (၅)နာရီတွင် ကရင်အမျိုးသား အလံတော်တင်ခြင်း အခမ်းအနားတို့ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - #ဆန်းဖြိုးထွန်း