ကရင္ျပည္နယ္ သံေတာင္ၿမိဳ႕နယ္ရွိ ေမာင္ေက်ာ္ေက်းရြာအုပ္စု ေမာင္ေက်ာ္အလယ္ရြာႏွင့္ ေမာင္ေက်ာ္ အထက္ရြာတို႔တြင္ အေရျပားေရာဂါမ်ားျဖစ္ပြားေနသျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈ လုိအပ္ေနသည္ေၾကာင္း အဆိုပါေဒသတြင္ ကူညီေနသည့္ ကယန္းအမ်ိဳးသမီးအဖြဲ႕ထံမွ သိရသည္။
သံေတာင္ၿမိဳ႕နယ္တြင္းရွိ ကယန္းလူမ်ိဳးမ်ား ေနထိုင္ေသာ အဆိုပါ ေက်းရြာမ်ားမွာ လမ္းပန္းဆက္သြယ္ေရး အလြန္ခက္ခဲၿပီး ေက်းလက္က်န္းမာေရး ေဆးေပးခန္းမ်ားလည္း မရွွိေၾကာင္း ေဆးဝါးကုသမႈ သြားေရာက္လုပ္ေဆာင္ေပးေနသည့္ ကယန္း အမ်ိဳးသမီးအဖြဲ႕မွ သိရသည္။
"အဲဒီဖက္မွာက ရြာလည္းႀကီးတယ္။ လူဦးေရလည္းမ်ားတယ္။ ေဆးခန္းလည္းမရွိဘူး။ လမ္းပန္းဆက္သြယ္ေရးက အခက္ခဲဆုံး ျဖစ္ေနတယ္။ ရြာမွာ က်န္းမာေရး ဆရာမတေယာက္ပဲရွိတယ္။ သူကေတာ့ ေျခာက္လတစ္ႀကိမ္ ေက်းရြာအုပ္စုေတြလွည့္ၿပီး ကာကြယ္ေဆးထိုးတာတို႔ ဘာတို႔ေတာ့ လုပ္ေပးတာရွိေပမဲ့ လုံးဝ မထိေရာက္ဘူး။ အဲဒီမွာက ေမြးကတည္းက မိခင္ေရာ ကေလးေရာ သံဓာတ္အားနည္းတယ္။ ကာကြယ္ေဆးေတြမထိုးႏိုင္ဘူး။ က်န္းမာေရးေစာင့္ေရွာက္မႈကမရွွိေတာ့ အရမ္းကိုဆိုးရြားတယ္။ ကၽြန္မတို႔ လူမႈအဖြဲ႕စည္းေတြကလည္း အၿမဲသြားမလုပ္ေပးႏိုင္ဘူးေလ"ဟု ကယန္း အမ်ိဳးသမီးအဖြဲ႕မွ မူအန္းေဂ်လာက ေျပာသည္။
အဆိုပါေဒသမ်ားတြင္ အေရျပားေရာဂါ၊ တုပ္ေကြးေရာဂါ၊ ေသြးတုိး၊ ေသြးအားနည္း၊ အစာအဆိပ္သင့္၊ ေက်ာက္ကပ္ေရာဂါ ေဝဒနာရွင္(၁၃၇) ဦးအား ကယန္းလူမႈအဖြဲ႕စည္းမ်ား ပူးေပါင္း၍ ေဆးဝါး ကုသေပးမႈႈမ်ား လုပ္ေဆာင္ေပးထားၿပီး လူနာအမ်ားစုမွာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးမ်ားျဖစ္ေၾကာင္း သိရသည္။
"ဒီေဒသက က်န္းမာေရး ျပႆနာကိုေျဖရွင္းေပးဖို႔ အစိုးရမွာ တာဝန္ရွိတယ္။ လူေပါင္းမ်ားစြာရဲ႕ က်န္းမာေရး ဟိုအရင္ကတည္းက ဘာေစာင့္ေရွာက္မႈမွ မရွွိဘဲ ေနလာရတာ။ ခုပိုဆိုးလာတယ္။ ေဆးေပးခန္းေတြ ဖြင့္ေပးဖို႕လိုေနၿပီ။ ၿပီးေတာ့ လမ္းပန္းဆက္သြယ္ေရးေပါ့။ အရမ္းဆိုးတယ္။ ေဆးရုံသြားဖို႔ဆိုတာ အရမ္းစဥ္းစားရမယ္။ လမ္းမေကာင္းဘူး။ ေရရွည္မွာ လူမႈအဖြဲ႕အစည္းေတြလည္း လုပ္ေပးႏိုင္ဖို႕ဆိုတာ ခက္ခဲတယ္။ အစိုးရက ဒါေတြလုပ္ေပးဖို႕လိုေနၿပီ” ဟု မူအန္းေဂ်လာက ေျပာသည္။
၎ေဒသတြင္ က်န္းမာေရးႏွင့္ပတ္သက္၍ ေဒသေဆးၿမီးတိုမ်ားကိုသာ အသုံးျပဳၾကၿပီး အေျခအေန ဆိုးရြားပါက ေတာင္ငူေဆးရုံ သို႔မဟုတ္ ကယန္းလူမႈအဖြဲ႕အစည္းမ်ားမွ ဖြင့္လွစ္ထားေသာ ေၾကးကန္ေတာ့ရွိ ေဆးခန္း မ်ားသို႔ သြားေရာက္ရေၾကာင္း သိရသည္။
အဆိုပါေဒသမ်ားမွ အေရးေပၚလူနာမ်ားအား ေဆးဝါးကုသေပးရန္၊ အာဟာရအစားအစာျဖန္႕ေဝေပးရန္ ႏွင့္ က်န္းမာေရးပညာေပးေဟာေျပာပြဲျပဳလုပ္ေပးရန္အတြက္ ကယန္းအမ်ိဳးသမီးအစည္းအရံုး၊ ကယန္းမ်ိဳးဆက္သစ္လူငယ္၊ ကယန္းစာေပႏွင့္ ယဥ္ေက်းမႈဗဟိုေကာ္မတီ ႏွင့္ ကယန္းအမ်ိဳးသားပါတီ စသည့္ အဖြဲ႕မ်ားမွ စုေပါင္း၍ လုပ္ေဆာင္ေနေၾကာင္းသိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
ကရင်ပြည်နယ် သံတောင်မြို့နယ်ရှိ မောင်ကျော်ကျေးရွာအုပ်စု မောင်ကျော်အလယ်ရွာနှင့် မောင်ကျော် အထက်ရွာတို့တွင် အရပြေားရောဂါများဖြစ်ပွားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည်ကြောင်း အဆိုပါဒေသတွင် ကူညီနေသည့် ကယန်းအမျိုးသမီးအဖွဲ့ထံမှ သိရသည်။
သံတောင်မြို့နယ်တွင်းရှိ ကယန်းလူမျိုးများ နေထိုင်သော အဆိုပါ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပြီး ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများလည်း မရှိကြောင်း ဆေးဝါးကုသမှု သွားရောက်လုပ်ဆောင်ပေးနေသည့် ကယန်း အမျိုးသမီးအဖွဲ့မှ သိရသည်။
"အဲဒီဖက်မှာက ရွာလည်းကြီးတယ်။ လူဦးရေလည်းများတယ်။ ဆေးခန်းလည်းမရှိဘူး။ လမ်းပန်းဆက်သွယ်ရေးက အခက်ခဲဆုံး ဖြစ်နေတယ်။ ရွာမှာ ကျန်းမာရေး ဆရာမတယောက်ပဲရှိတယ်။ သူကတော့ ခြောက်လတစ်ကြိမ် ကျေးရွာအုပ်စုတွေလှည့်ပြီး ကာကွယ်ဆေးထိုးတာတို့ ဘာတို့တော့ လုပ်ပေးတာရှိပေမဲ့ လုံးဝ မထိရောက်ဘူး။ အဲဒီမှာက မွေးကတည်းက မိခင်ရော ကလေးရော သံဓာတ်အားနည်းတယ်။ ကာကွယ်ဆေးတွေမထိုးနိုင်ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကမရှိတော့ အရမ်းကိုဆိုးရွားတယ်။ ကျွန်မတို့ လူမှုအဖွဲ့စည်းတွေကလည်း အမြဲသွားမလုပ်ပေးနိုင်ဘူးလေ"ဟု ကယန်း အမျိုးသမီးအဖွဲ့မှ မူအန်းဂျေလာက ပြောသည်။
အဆိုပါဒေသများတွင် အရပြေားရောဂါ၊ တုပ်ကွေးရောဂါ၊ သွေးတိုး၊ သွေးအားနည်း၊ အစာအဆိပ်သင့်၊ ကျောက်ကပ်ရောဂါ ဝေဒနာရှင်(၁၃၇) ဦးအား ကယန်းလူမှုအဖွဲ့စည်းများ ပူးပေါင်း၍ ဆေးဝါး ကုသပေးမှုများ လုပ်ဆောင်ပေးထားပြီး လူနာအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း သိရသည်။
"ဒီဒေသက ကျန်းမာရေး ပြဿနာကိုဖြေရှင်းပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ လူပေါင်းများစွာရဲ့ ကျန်းမာရေး ဟိုအရင်ကတည်းက ဘာစောင့်ရှောက်မှုမှ မရှိဘဲ နေလာရတာ။ ခုပိုဆိုးလာတယ်။ ဆေးပေးခန်းတွေ ဖွင့်ပေးဖို့လိုနပြေီ။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ အရမ်းဆိုးတယ်။ ဆေးရုံသွားဖို့ဆိုတာ အရမ်းစဉ်းစားရမယ်။ လမ်းမကောင်းဘူး။ ရေရှည်မှာ လူမှုအဖွဲ့အစည်းတွေလည်း လုပ်ပေးနိုင်ဖို့ဆိုတာ ခက်ခဲတယ်။ အစိုးရက ဒါတွေလုပ်ပေးဖို့လိုနပြေီ” ဟု မူအန်းဂျေလာက ပြောသည်။
၎င်းဒေသတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ဒေသဆေးမြီးတိုများကိုသာ အသုံးပြုကြပြီး အခြေအနေ ဆိုးရွားပါက တောင်ငူဆေးရုံ သို့မဟုတ် ကယန်းလူမှုအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ကြေးကန်တော့ရှိ ဆေးခန်း များသို့ သွားရောက်ရကြောင်း သိရသည်။
အဆိုပါဒေသများမှ အရေးပေါ်လူနာများအား ဆေးဝါးကုသပေးရန်၊ အာဟာရအစားအစာဖြန့်ဝေပေးရန် နှင့် ကျန်းမာရေးပညာပေးဟောပြောပွဲပြုလုပ်ပေးရန်အတွက် ကယန်းအမျိုးသမီးအစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ နှင့် ကယန်းအမျိုးသားပါတီ စသည့် အဖွဲ့များမှ စုပေါင်း၍ လုပ်ဆောင်နေကြောင်းသိရသည်။
သတင်း - ဆန်းဖြိုးထွန်း