တာခ်ီလိတ္ၿမိဳ႕တြင္ ကရင္အမ်ဳိးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပမည္

တာခ်ီလိတ္ၿမိဳ႕တြင္ ကရင္အမ်ဳိးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပမည္
ဒီဇင်ဘာ 27, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၌ ကရင္အမ်ဳိးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ(၂၉)ရက္ေန႔တြင္ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ(၂၉)ရက္ေန႔ နံနက္(၇)နာရီအခ်ိန္တြင္ ကရင္အလံေတာ္တင္ျခင္းကို ျပဳလုပ္ၿပီး နံနက္(၇)နာရီခြဲမွ (၈)နာရီခြဲအခ်ိန္ထိ အခမ္းအနားက်င္းပကာ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအခ်ိန္ထိ ဧည့္ခံေကြ်းေမြးခ်ိန္သတ္မွတ္ထားေၾကာင္း သိရသည္။

"ဒီႏွစ္ကေတာ့ စတိတ္ရႈိးထည့္ထားတယ္၊ တီး၀ိုင္းေပါ့ လူငယ္ေတြ သီဆိုေဖ်ာ္ေျဖၾကမွာပါ၊၊ ၿပီးေတာ့ ဒံုးယိမ္အကေတြပါမယ္။ ေဖ်ာ္ေျဖေရးလည္းပါမယ္။ ေကြ်းေမြးဧည့္ခံတာေတြ ပါပါတယ္၊  လူငယ္ေတြ သီဆိုမဲ့ ေဖ်ာ္ေျဖေရးလည္းပါတယ္၊ နံနက္ပိုင္းမွာေတာ့ အလံတင္မယ္၊ ၿပီးရင္ေတာ့ အခမ္းအနား က်င္းပၿပီး ဘိုးဘြားေတြ ကန္ေတာ့တာေတြ လုပ္မွာပါ"ဟု ကရင္အမ်ဳိးသားျဖစ္သူ ကို၀င္းေဇာ္ဦးက ေျပာသည္။

ပြဲေတာ္ကို တစ္ရက္တည္းက်င္းပမွာ ျဖစ္ၿပီး ညေန(၅)နာရီ မိနစ္(၂၀)အခ်ိန္တြင္ ကရင္အလံခ်ျခင္းကို ျပဳလုပ္ကာ အခမ္းအနားပိတ္သိမ္းမွာ ျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ပြဲေတာ္ကို တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၿမိဳ႕နယ္မီးသတ္ရံုးအေနာက္ဖက္ရွိ ငွက္ေပ်ာၿခံတြင္ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၌ ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ကရင်အလံတော်တင်ခြင်းကို ပြုလုပ်ပြီး နံနက်(၇)နာရီခွဲမှ (၈)နာရီခွဲအချိန်ထိ အခမ်းအနားကျင်းပကာ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအချိန်ထိ ဧည့်ခံကျွေးမွေးချိန်သတ်မှတ်ထားကြောင်း သိရသည်။

"ဒီနှစ်ကတော့ စတိတ်ရှိုးထည့်ထားတယ်၊ တီးဝိုင်းပေါ့ လူငယ်တွေ သီဆိုဖျော်ဖြကြေမှာပါ၊ ပြီးတော့ ဒုံးယိမ်အကတွေပါမယ်။ ဖျော်ဖြေရေးလည်းပါမယ်။ ကျွေးမွေးဧည့်ခံတာတွေ ပါပါတယ်၊ လူငယ်တွေ သီဆိုမဲ့ ဖျော်ဖြေရေးလည်းပါတယ်၊ နံနက်ပိုင်းမှာတော့ အလံတင်မယ်၊ ပြီးရင်တော့ အခမ်းအနား ကျင်းပပြီး ဘိုးဘွားတွေ ကန်တော့တာတွေ လုပ်မှာပါ"ဟု ကရင်အမျိုးသားဖြစ်သူ ကိုဝင်းဇော်ဦးက ပြောသည်။

ပွဲတော်ကို တစ်ရက်တည်းကျင်းပမှာ ဖြစ်ပြီး ညနေ(၅)နာရီ မိနစ်(၂၀)အချိန်တွင် ကရင်အလံချခြင်းကို ပြုလုပ်ကာ အခမ်းအနားပိတ်သိမ်းမှာ ဖြစ်ကြောင်း နှင့် အဆိုပါ ပွဲတော်ကို တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့နယ်မီးသတ်ရုံးအနောက်ဖက်ရှိ ငှက်ပျောခြံတွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~