မိုင္းျဖတ္ၿမိဳ႕တြင္ ရက္(၂၀၀)စီမံခ်က္ျဖင့္ ယာဥ္ေမာင္းလိုင္စင္ ၁၀၈၃ခု ထပ္မံထုတ္ေပး

မိုင္းျဖတ္ၿမိဳ႕တြင္ ရက္(၂၀၀)စီမံခ်က္ျဖင့္ ယာဥ္ေမာင္းလိုင္စင္ ၁၀၈၃ခု ထပ္မံထုတ္ေပး
ဒီဇင်ဘာ 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားေရးမွဴးဦးစီးဌာနမွ ရက္(၂၀၀)စီမံခ်က္ျဖင့္  တာခ်ီလိတ္ခ႐ိုင္  မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းမွ ေဒသခံ (၁၀၈၃)ဦးအား ဒီဇင္ဘာလ(၂၉)ရက္ေန႔တြင္ ယာဥ္ေမာင္း လိုင္စင္မ်ား ထပ္မံထုတ္ေပးလိုက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားေရးမွဴးဦးစီးဌာန အေနနဲ႔ မိုင္းျဖတ္ၿမိဳ႕နယ္မွာ ဒုတိယအႀကိမ္ လိုင္စင္ လာလုပ္ေပးတာ ျဖစ္ပါတယ္။ ယာဥ္စည္းကမ္း/လမ္းစည္းကမ္းေတြကိုလည္း အမ်ားျပည္သူသိရွိလိုက္နာႏိုင္ေအာင္လည္း ပ႐ိုဂ်က္တာ နဲ႔ သင္တန္းပို႔ခ်ေပးပါတယ္။ ဒါမွ ျပည္သူလူထူက ယာဥ္စည္းကမ္း/လမ္းစည္းကမ္းေတြကို သိလာမွာပါ"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က ေျပာသည္။

ယာဥ္စည္းကမ္း/လမ္းစည္းကမ္းေဟာေျပာပြဲႏွင့္ သင္တန္းပို႔ခ်ျခင္းအား မိုင္းျဖတ္ေက်းရြာအုပ္စု  ဟိုနား(ေစာမြန္)ေက်းရြာတြင္ လည္းေကာင္း၊ ဝမ္လံုးေက်းရြာအုပ္စု  ယန္းခမ္းေက်းရြာတြင္ လည္းေကာင္း၊ နမ့္လန္းအုပ္စု  ပါထြန္ေက်းရြာတြင္ လည္းေကာင္း (၃)ေနရာခြဲ၍ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း  ဝမ္မိုင္ရပ္ကြက္တြင္(၃၆)ဦး ၊ ဝမ္ေဟြရပ္ကြက္တြင္(၆၀)ဦး၊  မိုင္းျဖတ္အုပ္စုတြင္(၂၄၇)ဦး၊  ဝမ္ပံုအုပ္စုတြင္(၅၇)ဦး၊  မိုင္းဟဲအုပ္စုတြင္(၁၀၉)ဦး ၊ နမ့္ပန္အုပ္စုတြင္(၄၂)ဦး ၊ ေကာင္းမႈ အုပ္စုတြင္(၁၅)ဦး ၊ ေတာညဳ အုပ္စုတြင္(၆၈)ဦး၊  မြန္ကာေက်ာင္းအုပ္စုတြင္(၄၉)ဦး ၊ အိုက္လံုအုပ္စုတြင္(၂၃)ဦး၊  နမ့္နန္းအုပ္စုတြင္(၆၄)ဦး၊ နမ့္ေလာက္အုပ္စုတြင္(၁၄၄)ဦး၊  နမ့္လန္းအုပ္စုတြင္(၁၀၃)ဦး၊ မိုင္းျဖတ္တပ္နယ္တြင္(၆၆)ဦး  စုစုေပါင္း(၁၀၈၃)ဦးအား ယာဥ္ေမာင္းလိုင္စင္ ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ရက်(၂၀၀)စီမံချက်ဖြင့် တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်းမှ ဒေသခံ (၁၀၈၃)ဦးအား ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ယာဉ်မောင်း လိုင်စင်များ ထပ်မံထုတ်ပေးလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန အနေနဲ့ မိုင်းဖြတ်မြို့နယ်မှာ ဒုတိယအကြိမ် လိုင်စင်လာလုပ်ပေးတာဖြစ်ပါတယ်။ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းတွေကိုလည်း အများပြည်သူသိရှိလိုက်နာနိုင်အောင်လည်း ပရိုဂျက်တာ နဲ့ သင်တန်းပို့ချပေးပါတယ်။ ဒါမှ ပြည်သူလူထူက ယာဉ်စည်းကမ်း/လမ်းစည်းကမ်းတွေကို သိလာမှာပါ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။

ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဟောပြောပွဲနှင့် သင်တန်းပို့ချခြင်းအား မိုင်းဖြတ်ကျေးရွာအုပ်စု ဟိုနား(စောမွန်)ကျေးရွာတွင် လည်းကောင်း၊ ဝမ်လုံးကျေးရွာအုပ်စု ယန်းခမ်းကျေးရွာတွင် လည်းကောင်း၊ နမ့်လန်းအုပ်စု ပါထွန်ကျေးရွာတွင် လည်းကောင်း (၃)နေရာခွဲ၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ဝမ်မိုင်ရပ်ကွက်တွင်(၃၆)ဦး၊ ဝမ်ဟွေရပ်ကွက်တွင်(၆၀)ဦး၊ မိုင်းဖြတ်အုပ်စုတွင်(၂၄၇)ဦး၊ ဝမ်ပုံအုပ်စုတွင်(၅၇)ဦး၊ မိုင်းဟဲအုပ်စုတွင်(၁၀၉)ဦး၊ နမ့်ပန်အုပ်စုတွင်(၄၂)ဦး၊ ကောင်းမှု အုပ်စုတွင်(၁၅)ဦး၊ တောညု အုပ်စုတွင်(၆၈)ဦး၊ မွန်ကာကျောင်းအုပ်စုတွင်(၄၉)ဦး၊ အိုက်လုံအုပ်စုတွင်(၂၃)ဦး၊ နမ့်နန်းအုပ်စုတွင်(၆၄)ဦး၊ နမ့်လောက်အုပ်စုတွင်(၁၄၄)ဦး၊ နမ့်လန်းအုပ်စုတွင်(၁၀၃)ဦး၊ မိုင်းဖြတ်တပ်နယ်တွင်(၆၆)ဦး စုစုပေါင်း(၁၀၈၃)ဦးအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~