မိုင်းဖြတ်မြို့ ၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ KG တန်းများ ကာယဥာဏပြိုင်ပွဲများပြုလုပ်

မိုင်းဖြတ်မြို့ ၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ KG တန်းများ ကာယဥာဏပြိုင်ပွဲများပြုလုပ်
ဒီဇငျဘာ 17, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့ရှိအခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ KG တန်း မှ ကျောင်းသား၊ကျောင်းသူများ ဥာဏပြိုင်ပွဲအား ဒီဇင်ဘာလ(၁၇)ရက် နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျင်းပကြောင်း သိရသည်။

“ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ မိုင်းဖြတ်မြို့နယ် KG တန်းက ကလေးတွေ ဘယ်လောက် အတိုင်းအတာအထိ ဥာဏ်ရည် တိုးတက်လာပြီလဲဆိုတာသိချင်လို့ ဒီပြိုင်ပွဲတွေကို ပြုလုပ်ရတာပါ “ဟု မိုင်းဖြတ်မြို့နယ်လက်ထောက်ပညာရေးမှူး ဦးကြည်ထွန်း က ပြောသည်။

ဆက်လက်ပြီး နေ့လည်(၁)နာရီအချိန်တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် မှတ်ဥာဏ်စွမ်းအားအတွက် အပြေးပြိုင်ပြီး ဂဏန်းရွေးပွဲကို ဆက်လက်ကျင်းပကြောင်း သိရသည်။



သတင်း/ဓာတ်ပုံ - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့ရှိအခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ KG တန်း မှ ကျောင်းသား၊ကျောင်းသူများ ဉာဏပြိုင်ပွဲအား ဒီဇင်ဘာလ(၁၇)ရက် နံနက်(ဝ၉းဝဝ)နာရီအချိန်တွင် ကျင်းပကြောင်း သိရသည်။

“ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ မိုင်းဖြတ်မြို့နယ် KG တန်းက ကလေးတွေ ဘယ်လောက် အတိုင်းအတာအထိ ဉာဏ်ရည် တိုးတက်လာပြီလဲဆိုတာသိချင်လို့ ဒီပြိုင်ပွဲတွေကို ပြုလုပ်ရတာပါ “ဟု မိုင်းဖြတ်မြို့နယ်လက်ထောက်ပညာရေးမှူး ဦးကြည်ထွန်း က ပြောသည်။

ဆက်လက်ပြီး နေ့လည်(၁)နာရီအချိန်တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် မှတ်ဉာဏ်စွမ်းအားအတွက် အပြေးပြိုင်ပြီး ဂဏန်းရွေးပွဲကို ဆက်လက်ကျင်းပကြောင်း သိရသည်။

“ခုလို KG တန်းပေါ်လာတော့ကျောင်းထားပေးထားပါတယ် ခုဆို ကလေး က ကဗျာ တွေ ဆိုတတ်လာတယ်။ ရှမ်းတိုင်းရင်းသား ဘာသာစကားအပြင် ဗမာစကား ကောင်းကောင်းပြော တတ်လာပါတယ်။ လူလည်းမကြောက်တော့ဘဲ စင်ပေါ်မှာခုလို ကဗျာရွက်တာတို့ ကတာတို့ လုပ်ပေးတော့ အရမ်းဝမ်းသာပါတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် မိုင်းဖြတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၂ ကျောင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းများအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စုံညီပွဲတော်တွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~