မြန္ျပည္နယ္တြင္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ေစႏုိင္သည့္ စီမံကိန္းမ်ားကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ေကာ္မတီအဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ ျဖစ္ေပၚေစေၾကာင္း ေတြ႔ရွိပါက စီမံကိန္း ပိတ္သိမ္းသည္အထိ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။
“ကနဦး ပတ္ဝန္းက်င္ဆန္းစစ္ျခင္း (IEE) လုပ္ထားတာ တစ္ခုမွရွိဘူး။ လုပ္ဖို႔ ညႊန္ၾကားထားတာေတာ့ ရွိတယ္။ ဒါေပမဲ့ Long Life Aggregate Mining Co.Ltd နဲ႔ MCL ဘိလပ္ေျမစက္႐ုံ ၂ ခုကေတာ့ EIA ကို အခု လုပ္ေနတာေတာ့ ရွိတယ္” ဟု သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ မင္းၾကည္ဝင္းက ေျပာသည္။
သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းအရ ရင္းႏွီးျမႇပ္ႏွံမႈဆိုင္ရာ စီမံကိန္းမ်ားမွ ကနဦး ပတ္ဝန္းက်င္ ဆန္းစစ္ျခင္း (Initial Environmental Examination IEE) ႏွင့္ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္း (Environmental Impact Assessment EIA) ျပဳလုပ္ရမည့္ လုပ္ငန္းအမ်ဳိးအစားေပါင္း (၁၄၁)မ်ဳိး ျပဌာန္းထားေသာ္လည္း မြန္ျပည္နယ္တြင္ (IEE) ျပဳလုပ္ထားသည့္ စီမံကိန္း တစ္ခုမွ်မရွိေၾကာင္း သိရသည္။
“IEE ဆိုတဲ့ အရာက ၾကက္၊ ဝက္၊ ဘဲ အဲဒီလိုေမြးတာက အစ လုပ္ရတယ္။ လုပ္ငန္း ၁၄၁ မ်ဳိးမွာ IEE လုပ္ကို လုပ္ရမယ္။ လုပ္ငန္းတိုင္း အားလုံးသည္ IEE လုပ္ရမယ္” ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ဆိုသည္။
ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဥပေဒအရ ေရညစ္ညမ္းမႈ၊ ေလညစ္ညမ္းမႈ၊ ေျမညစ္ညမ္းမႈ၊ အသံညစ္ညမ္းမႈ စသည့္ ျပည္သူလူထု၏ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္မႈေပးထားသျဖင့္ ဆန္းစစ္မႈမ်ား လုပ္ေဆာင္ျခင္း မရွိလွ်င္ ေဒသတြင္းပဋိပကၡ ပိုမိုျဖစ္လာႏိုင္သည္ဟု ေဒၚခိုင္ခုိင္လဲ့ကဆိုသည္။
ယခုလက္ရွိ မြန္ျပည္နယ္တြင္ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈဆိုင္ရာ ဆန္းစစ္ျပဳလုပ္ရမည့္ စီမံကိန္းမ်ားတြင္ ေက်ာက္မိုင္း ထုတ္လုပ္သည့္ လုပ္ငန္းစီမံကိန္းမ်ား၊ ထုံးေက်ာက္ ထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ ဘိလပ္ေျမ စက္႐ုံမ်ား၊ ေမြးျမဴေရး လုပ္ငန္းမ်ား ပါဝင္လွ်က္ရွိေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၁၃) ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ စတုတၴ ပုံမွန္အစည္းအေဝးတြင္ သဘာဝ ပတ္ဝန္းက်င္ ဆန္းစစ္မႈလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ မည္သို႔ အေရးယူ သြားမည္ကို ေမးခြန္းေမးျမန္းျခင္းျဖစ္သည္။
သတင္း - ခတၱာႏြန္
“ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) လုပ်ထားတာ တစ်ခုမှရှိဘူး။ လုပ်ဖို့ ညွှန်ကြားထားတာတော့ ရှိတယ်။ ဒါပေမဲ့ Long Life Aggregate Mining Co.Ltd နဲ့ MCL ဘိလပ်မြေစက်ရုံ ၂ ခုကတော့ EIA ကို အခု လုပ်နေတာတော့ ရှိတယ်” ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စီမံကိန်းများမှ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Initial Environmental Examination IEE) နှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment EIA) ပြုလုပ်ရမည့် လုပ်ငန်းအမျိုးအစားပေါင်း (၁၄၁)မျိုး ပြဌာန်းထားသော်လည်း မွန်ပြည်နယ်တွင် (IEE) ပြုလုပ်ထားသည့် စီမံကိန်း တစ်ခုမျှမရှိကြောင်း သိရသည်။
“IEE ဆိုတဲ့ အရာက ကြက်၊ ဝက်၊ ဘဲ အဲဒီလိုမွေးတာက အစ လုပ်ရတယ်။ လုပ်ငန်း ၁၄၁ မျိုးမှာ IEE လုပ်ကို လုပ်ရမယ်။ လုပ်ငန်းတိုင်း အားလုံးသည် IEE လုပ်ရမယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ ရေညစ်ညမ်းမှု၊ လေညစ်ညမ်းမှု၊ မြေညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု စသည့် ပြည်သူလူထု၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုပေးထားသဖြင့် ဆန်းစစ်မှုများ လုပ်ဆောင်ခြင်း မရှိလျှင် ဒေသတွင်းပဋိပက္ခ ပိုမိုဖြစ်လာနိုင်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့ကဆိုသည်။
ယခုလက်ရှိ မွန်ပြည်နယ်တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ပြုလုပ်ရမည့် စီမံကိန်းများတွင် ကျောက်မိုင်း ထုတ်လုပ်သည့် လုပ်ငန်းစီမံကိန်းများ၊ ထုံးကျောက် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဘိလပ်မြေ စက်ရုံများ၊ မွေးမြူရေး လုပ်ငန်းများ ပါဝင်လျှက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် သဘာဝ ပတ်ဝန်းကျင် ဆန်းစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ မည်သို့ အရေးယူ သွားမည်ကို မေးခွန်းမေးမြန်းခြင်းဖြစ်သည်။
သတင်း - ခတ္တာနွန်