တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ အလွျပင္ဆိုင္တြင္ ေန႔လယ္အခ်ိန္မွာပင္ အမ်ဳိးသမီးတစ္ဦး ေသနတ္ျဖင့္ ပစ္ခံရမႈ ျဖစ္ပြားခဲ့ရာ ပစ္ခတ္သြားသူအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔က ႀကိဳးပမ္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ ဒုိ႔ညီေနာင္ကားေလးဂိတ္အနီး၊ ႏြန္းတစ္အလွျပင္ဆိုင္သို႔ ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၁၃)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ၀န္းက်င္က အလွျပင္ရန္ ေရာက္ရွိလာသူ အသက္(၂၀)ႏွစ္ရွိ မနန္းေက်ာက္၀ိုးဆိုင္အား ဆိုင္ရွင္ျဖစ္သူမွ အလွျပဳျပင္ေပးေနစဥ္ အမည္မသိသူ အမ်ဳိးသားတစ္ဦးက ေသနတ္ျဖင့္ (၁)ခ်က္ ပစ္ခတ္သြားရာမွ ဦးေခါင္းတြင္ ေသနတ္ဒဏ္ရာ တစ္ခ်က္ ရရွိသြားၿပီး စိုးရိမ္ရ၍ တာခ်ီလိတ္ေဆးရံုမွ တစ္ဆင့္ ထိုင္းႏိုင္ငံဘက္သို႔ ပုိ႔ေဆာင္ထားရေၾကာင္း သိရသည္။
ေသနတ္ျဖင့္ ပတ္ခတ္မႈေၾကာင့္ အဆိုပါ အမ်ဳိးသမီး၏ ဦးေခါင္း၀ဲဘက္ျခမ္းတြင္ စိုးရိမ္ရသည့္ ဒဏ္ရာ ရရွိထား၍ ထိုင္းႏိုင္ငံ ေဆးရံုသို႔ ပို႔ေဆာင္ထားရျခင္း ျဖစ္ေၾကာင္း သိရသည္။
"ေသနတ္နဲ႔ လာပစ္သြားတဲ့ တစ္ေယာက္က လမ္းေလွ်ာက္ၿပီး လာတာလို႔ ေဘးနားက ျမင္ေတြ႕ရတဲ့ လူေတြကေတာ့ ေျပာတယ္။ ကြ်န္မတို႔လည္း အသံေတာ့ၾကားလိုက္တယ္၊ ထြက္မၾကည့္လိုက္ဘူး၊ ၿပီးမွ လူေတြစုလာမွ သိတာ"ဟု အဆိုပါ အနီးအနားေန အမ်ဳိးသမီးတစ္ဦးက ေျပာသည္။
ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သည့္ အမ်ဳိးသားမွာ ေသနတ္ျဖင့္ ပစ္ခတ္ၿပီးေနာက္ ေသနတ္(အတို)အား ကိုင္ေဆာင္သြားၿပီး ဆိုင္အတြင္းမွ လမ္းေပၚသို႔ ေျပးသြားခဲ့ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသနတ္ျဖင့္ ပစ္ခတ္၍ ထြက္ေျပးသြားသူ အမည္မသိ အမ်ဳိးသားတစ္ဦးအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွ ႀကိဳးပမ္းေနၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၃၆/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ဆံပင္ညႇပ္ဆိုင္အတြင္း ေသနတ္ပစ္ခတ္မႈအျဖစ္ ၂၀၁၃ခုႏွစ္ ေမလ(၅)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ ယခု ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၁၃)ရက္ေန႔တြင္ ဆန္ဆိုင္း(ခ)ရပ္ကြက္၌ ျဖစ္ပြားသည့္ အမႈအပါအ၀င္ ဆံပင္ညႇပ္ဆိုင္အတြင္း ေသနတ္ပစ္ခတ္မႈ (၂)ႀကိမ္ျဖစ္ေပၚခဲ့ေၾကာင္း သိရွိရသည္။



တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဒို့ညီနောင်ကားလေးဂိတ်အနီး၊ နွန်းတစ်အလှပြင်ဆိုင်သို့ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်က အလှပြင်ရန် ရောက်ရှိလာသူ အသက်(၂၀)နှစ်ရှိ မနန်းကျောက်ဝိုးဆိုင်အား ဆိုင်ရှင်ဖြစ်သူမှ အလှပြုပြင်ပေးနေစဉ် အမည်မသိသူ အမျိုးသားတစ်ဦးက သေနတ်ဖြင့် (၁)ချက် ပစ်ခတ်သွားရာမှ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက် ရရှိသွားပြီး စိုးရိမ်ရ၍ တာချီလိတ်ဆေးရုံမှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်ထားရကြောင်း သိရသည်။
သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် အဆိုပါ အမျိုးသမီး၏ ဦးခေါင်းဝဲဘက်ခြမ်းတွင် စိုးရိမ်ရသည့် ဒဏ်ရာ ရရှိထား၍ ထိုင်းနိုင်ငံ ဆေးရုံသို့ ပို့ဆောင်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
"သေနတ်နဲ့ လာပစ်သွားတဲ့ တစ်ယောက်က လမ်းလျှောက်ပြီး လာတာလို့ ဘေးနားက မြင်တွေ့ရတဲ့ လူတွေကတော့ ပြောတယ်။ ကျွန်မတို့လည်း အသံတော့ကြားလိုက်တယ်၊ ထွက်မကြည့်လိုက်ဘူး၊ ပြီးမှ လူတွေစုလာမှ သိတာ"ဟု အဆိုပါ အနီးအနားနေ အမျိုးသမီးတစ်ဦးက ပြောသည်။
သေနတ်ဖြင့် လာရောက်ပစ်ခတ်သည့် အမျိုးသားမှာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် သေနတ်(အတို)အား ကိုင်ဆောင်သွားပြီး ဆိုင်အတွင်းမှ လမ်းပေါ်သို့ ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားသူ အမည်မသိ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ကြိုးပမ်းနပြေီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၃၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်တွင် ဆံပင်ညှပ်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှုအဖြစ် ၂၀၁၃ခုနှစ် မေလ(၅)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်းနှင့် ယခု ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၌ ဖြစ်ပွားသည့် အမှုအပါအဝင် ဆံပင်ညှပ်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။