အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တရားစြဲဆိုထားသည့္ ေတာင္သူ (၈၁)ဦးအား အမိန္႔ခ်

အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တရားစြဲဆိုထားသည့္ ေတာင္သူ (၈၁)ဦးအား အမိန္႔ခ်
ဒီဇင်ဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕နယ္တရားရံုးတြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ ပိုင္နက္က်ဴးလြန္မႈ၊ အက်ိဳးဖ်က္ဆီီးမႈတို႔ျဖင့္ တရားစြဲဆိုထားသည့္ ေရပူေက်းရြာမွ ေတာင္သူ ၈၁ ဦးအား ဒီဇင္ဘာလ ၂၂ ရက္တြင္ အမိန္႔ခ်လိုက္ေၾကာင္း သိရသည္။

အမႈေပါင္း ၂၂ မႈအား ရင္ဆိုင္ေနရသည့္ ေတာင္သူ ၈၁ ဦးအနက္ ၃ ဦးမွာ ယေန႔ရံုးခ်ိန္းမလာသျဖင့္ တရားခံေျပးအျဖစ္ သတ္မွတ္လိုက္ၿပီး အမ်ိဳးသမီး ၃၂ ဦးႏွင့္ အမ်ိဳးသား ၄၀ ဦး စုစုေပါင္း ၇၂ ဦးအား အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္တစ္လစီ၊ အသက္ ၇၀ ေက်ာ္ ၅ ဦးအား ဒဏ္ေငြ က်ပ္ႏွစ္ေသာင္းစီႏွင့္ အသက္မျပည့္ေသးသည့္အမ်ိဳးသမီးတစ္ဦးအား ဒဏ္ေငြ က်ပ္ငါးရာစီ အမိန္႔ခ်လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အစိုးရသစ္ကလည္း အခုခ်ိန္ထိေတာင္သူကိစၥေတြကို ျပတ္ျပတ္သားသား မကူညီႏိုင္ေသးဘူး။ မကူညီႏိုင္ေသးဘူးဆိုတာကလည္း ေတာင္သူလယ္သမားဥပေဒနဲ႔ ပတ္သက္ရင္ လႊတ္ေတာ္မွာေတာင္ တင္ျပၿပီးေတာ့ ေတာင္းဆိုရမယ့္အခ်က္အလက္ေတြ၊ ျပဳျပင္ေျပာင္းလဲရမယ့္ဥပေဒေတြ အမ်ားႀကီး ရွိေနပါ ေသးတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္မို႔မို႔က ေျပာသည္။

အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တရားစြဲဆိုထားသည့္ ေတာင္သူ ၈၁ ဦးအပါအဝင္ ျမနဒီကုမၸဏီကလည္း ပိုင္နက္က်ဴးလြန္မႈ၊ အက်ိဳးဖ်က္ဆီးမႈျဖင့္ ေတာင္ႀကီးၿမိဳ႕နယ္တရားရံုးတြင္ တရားစြဲဆိုထားရာ ေရပူ ေက်းရြာမွ စုစုေပါင္း ေတာင္သူ ၁၁၃ ဦးမွာ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလကတည္းက အမႈ ရင္ဆိုင္ေနရျခင္းျဖစ္သည္။

“မိရိုးဖလာလုပ္လာတဲ့ ေတာင္သူေတြရဲ႕ အားနည္းခ်က္က ဥပေဒကို မသိ နားမလည္ဘူး။ စစ္တပ္နဲ႔ ပတ္သက္ရင္ ကၽြန္မအေနနဲ႔ ေျပာခ်င္တာက စစ္တပ္ကလည္း အမ်ားႀကီး ေတာင္သူအေပၚမွာ ညွာတာဖို႔ လိုပါတယ္။ ေတာင္သူေတြကလည္း စီမံကိန္းလုပ္ေနၾကတဲ့ သူေဌးေတြ၊ ခရိုနီေတြလည္းမဟုတ္ဘူး။ စစ္တပ္ေတြက ေတာင္သူေတြကုိ တရားစြဲမယ့္အစား ညိႇႏိႈင္းေဆာင္ရြက္ျခင္းက ပိုၿပီးေကာင္းမယ္လို႔ထင္ ပါတယ္”ဟုေဒၚခင္မို႔မို႔က ဆုိသည္။

အမႈရင္ဆုိင္ရာတြင္ တပ္ပိုင္ေျမအျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာနမွ ခ်ထားေပးသည့္ အေထာက္ အထားမ်ားျဖင့္ တင္ျပႏုိင္ေသာ္လည္း အမႈရင္ဆိုင္သည့္ ေတာင္သူမ်ားအေနျဖင့္ အဆိုပါေနရာတြင္ တပ္ပိုုင္ေျမအျဖစ္ မသတ္မွတ္မီကတည္းက လုပ္ကိုင္သူမ်ားျဖစ္ေၾကာင္း အေထာက္အထားျဖစ္ႏုိင္သည့္ သီးႏွံခြန္၊ ေျမခြန္ ေဆာင္ထားျခင္းမ်ားကို တင္ျပႏုိင္ျခင္းမရိွျခင္း၊ ဥပေဒကို သိရိွမႈ အားနည္းျခင္းမ်ား ရိွသည္ဟု ေတာင္သူမ်ားအား အမႈရင္ဆုိင္ရာတြင္ ကူညီေပးေနသည့္ ဥပေဒအက်ိဳးေဆာင္မ်ားထံမွ သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တရားရုံးတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားသည့် ရေပူကျေးရွာမှ တောင်သူ ၈၁ ဦးအား ဒီဇင်ဘာလ ၂၂ ရက်တွင် အမိန့်ချလိုက်ကြောင်း သိရသည်။

အမှုပေါင်း ၂၂ မှုအား ရင်ဆိုင်နေရသည့် တောင်သူ ၈၁ ဦးအနက် ၃ ဦးမှာ ယနေ့ရုံးချိန်းမလာသဖြင့် တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပြီး အမျိုးသမီး ၃၂ ဦးနှင့် အမျိုးသား ၄၀ ဦး စုစုပေါင်း ၇၂ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လစီ၊ အသက် ၇၀ ကျော် ၅ ဦးအား ဒဏ်ငွေ ကျပ်နှစ်သောင်းစီနှင့် အသက်မပြည့်သေးသည့်အမျိုးသမီးတစ်ဦးအား ဒဏ်ငွေ ကျပ်ငါးရာစီ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရသစ်ကလည်း အခုချိန်ထိတောင်သူကိစ္စတွေကို ပြတ်ပြတ်သားသား မကူညီနိုင်သေးဘူး။ မကူညီနိုင်သေးဘူးဆိုတာကလည်း တောင်သူလယ်သမားဥပဒေနဲ့ ပတ်သက်ရင် လွှတ်တော်မှာတောင် တင်ပြပြီးတော့ တောင်းဆိုရမယ့်အချက်အလက်တွေ၊ ပြုပြင်ပြောင်းလဲရမယ့်ဥပဒေတွေ အများကြီး ရှိနေပါ သေးတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မို့မို့က ပြောသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တရားစွဲဆိုထားသည့် တောင်သူ ၈၁ ဦးအပါအဝင် မြနဒီကုမ္ပဏီကလည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုဖြင့် တောင်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားရာ ရေပူ ကျေးရွာမှ စုစုပေါင်း တောင်သူ ၁၁၃ ဦးမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက အမှု ရင်ဆိုင်နေရခြင်းဖြစ်သည်။

“မိရိုးဖလာလုပ်လာတဲ့ တောင်သူတွေရဲ့ အားနည်းချက်က ဥပဒေကို မသိ နားမလည်ဘူး။ စစ်တပ်နဲ့ ပတ်သက်ရင် ကျွန်မအနေနဲ့ ပြောချင်တာက စစ်တပ်ကလည်း အများကြီး တောင်သူအပေါ်မှာ ညှာတာဖို့ လိုပါတယ်။ တောင်သူတွေကလည်း စီမံကိန်းလုပ်နကြေတဲ့ သူဌေးတွေ၊ ခရိုနီတွေလည်းမဟုတ်ဘူး။ စစ်တပ်တွေက တောင်သူတွေကို တရားစွဲမယ့်အစား ညှိနှိုင်းဆောင်ရွက်ခြင်းက ပိုပြီးကောင်းမယ်လို့ထင် ပါတယ်”ဟုဒေါ်ခင်မို့မို့က ဆိုသည်။

အမှုရင်ဆိုင်ရာတွင် တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ချထားပေးသည့် အထောက် အထားများဖြင့် တင်ပြနိုင်သော်လည်း အမှုရင်ဆိုင်သည့် တောင်သူများအနဖြေင့် အဆိုပါနေရာတွင် တပ်ပိုင်မြေအဖြစ် မသတ်မှတ်မီကတည်းက လုပ်ကိုင်သူများဖြစ်ကြောင်း အထောက်အထားဖြစ်နိုင်သည့် သီးနှံခွန်၊ မြေခွန် ဆောင်ထားခြင်းများကို တင်ပြနိုင်ခြင်းမရှိခြင်း၊ ဥပဒေကို သိရှိမှု အားနည်းခြင်းများ ရှိသည်ဟု တောင်သူများအား အမှုရင်ဆိုင်ရာတွင် ကူညီပေးနေသည့် ဥပဒေအကျိုးဆောင်များထံမှ သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~