~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်ပိုင်း ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ FDA က တရားဝင် ကန့်သတ်ပြီး တားမြစ်ထားတဲ့ စားသုံးရန်မသင့်တဲ့ စားသုံးကုန်များကို ကျိုင်းတုံမြို့မဈေးအတွင်း မှာ စစ်ဆေးအရေးယူမှုများအဖြစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကနေ စတင်ပြီး ပြုလုပ်တော့မယ်လို့ ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ပြောပါတယ်။
ယခုအကြိမ် ကျိုင်းတုံမြို့မဈေးအတွင်း ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ကြိုတင်အကြောင်းကြားမှုတွေ မပြုလုပ်တော့ဘဲ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးကာ သိမ်းဆည်းမှုများ ပြုလုပ်မယ်လို့ ပြောပါတယ်။