(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တာချီလိတ်မြို့တွင် ယခင်နှစ်အတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာလ(၂၇)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိတွင် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် တာချီလိတ်၌ ကျင်းပမည့် လွတ်လပ်ရေးပွဲတော်နှင့် ပတ်သက်၍ ကဏ္ဍအလိုက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် အတွက် လုပ်ငန်းရှင်များ၊ ဌာနများမှ စုပေါင်း ပါဝင် အားဖြည့်ပေးနိုင်ရေးအပြင်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲတွင် ဂုဏ်ပြုမှတ်လွှာများ ပေးအပ်ချီးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်၌ ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်န၀ါရီလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်မှစ၍ တာချီလိတ်မြို့မအားကစားတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်းနှင့် ညနေ(၆)နာရီအချိန်တွင် ဟိုတယ်တာချီလိတ်၌ ဂုဏ်ပြုညစာ စားပွဲကို ကျင်းပပြုလုပ်မှာဖြစ်ရာ တာချီလိတ်တွင် အခွန်အများဆုံးသွင်းနိုင်သည့် လုပ်ငန်းရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်မှာဖြစ်ကြောင်း သိရသည်။
အစည်းအေဝးတွင် တာချီလိတ်၌ ကျင်းပမည့် လွတ်လပ်ရေးပွဲတော်နှင့် ပတ်သက်၍ ကဏ္ဍအလိုက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် အတွက် လုပ်ငန်းရှင်များ၊ ဌာနများမှ စုပေါင်း ပါဝင် အားဖြည့်ပေးနိုင်ရေးအပြင်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲတွင် ဂုဏ်ပြုမှတ်လွှာများ ပေးအပ်ချီးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအေဝးသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နံနက်(၄း၂၀)မိနစ်အချိန်၌ တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်တွင် နိုင်ငံတော်အလံတင်ခြင်းကို ကျင်းပပြုလုပ်ပြီး နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ သဝဏ်လွှာဖတ်မှာက နံနက်(၇)နာရီ ဆိုပေမဲ့ ဖိတ်ကြားထားသူများအနေနဲ့ နံနက်(၆)နာရီခွဲရောက်လောက် နေရာယူဖို့ ရောက်ထားကြဖို့လိုပါတယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အစည်းအေဝးတွင် ပြောကြားသည်။
တာချီလိတ်၌ ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်မှစ၍ တာချီလိတ်မြို့မအားကစားတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်းနှင့် ညနေ(၆)နာရီအချိန်တွင် ဟိုတယ်တာချီလိတ်၌ ဂုဏ်ပြုညစာ စားပွဲကို ကျင်းပပြုလုပ်မှာဖြစ်ရာ တာချီလိတ်တွင် အခွန်အများဆုံးသွင်းနို်င်သည့် လုပ်ငန်းရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်မှာဖြစ်ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲတွင် တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များမှလည်း ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြ ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရသည်။