တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္မည့္ အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ား ေတြ႕ဆံုပြဲအတြင္း ေစ်းသည္မ်ား လာေရာက္ေရာင္းခ်ႏိုင္ရန္ ဆိုင္ခန္းေနရာမ်ား ဦးရာလူစနစ္ျဖင့္ လာေရာက္၀ယ္ယူႏိုင္

တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္မည့္ အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ား ေတြ႕ဆံုပြဲအတြင္း ေစ်းသည္မ်ား လာေရာက္ေရာင္းခ်ႏိုင္ရန္ ဆိုင္ခန္းေနရာမ်ား ဦးရာလူစနစ္ျဖင့္ လာေရာက္၀ယ္ယူႏိုင္
ဒီဇင်ဘာ 9, 2016
By Tachileik News Agency

တာခ်ီလိတ္၌ ဒုတိယအႀကိမ္အျဖစ္ ပရဟိတကေလးမ်ား ရန္ပံုေငြအတြက္ EASTERN EAGLE MC မွ ႀကီးမွဴး၍ အာဆီယံေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ားေတြ႕ဆံုအား ဒီဇင္ဘာလ(၁၀)ရက္ေန႔မွ ဒီဇင္ဘာလ(၁၁)ရက္ေန႔အထိ  (၂)ရက္တိတိ က်င္းပျပဳလုပ္မည္ျဖစ္ရာ ဆိုင္ခန္းေနရာမ်ားကို ေရာင္းခ်ေပးေနလွ်က္ရွိရာတြင္ ေစ်းေရာင္းခ်လိုသူမ်ားအေနျဖင့္ လာေရာက္၀ယ္ယူႏိုင္ေသးေၾကာင္း သိရသည္။

"အခု ပြဲမွာကေတာ့ ပထမအႀကိမ္ကလို စား၀ိုင္းေတြ မပါေတာ့ဘူး၊ ေနာက္ၿပီး ျပင္ပက အစား အစာေတြကိုလည္း ယူလာခြင့္မရွိဘူး။ ပြဲခင္းထဲက ေစ်းသည္ေတြေရာင္းခ်တဲ့ အစားအစာေတြကိုပဲ ၀ယ္ယူစားသံုးႏိုင္ရန္အတြက္ စီစဥ္ထားပါတယ္.."ဟု  EASTERN EAGLE MCအဖြဲ႔၀င္ တစ္ဦးက ေျပာသည္။

ပထအႀကိမ္က်င္းပခဲ့စဥ္က စား၀ိုင္းမ်ားေရာင္းခ်ေပးခဲ့ရာမွ ယခု ဒုတိယအႀကိမ္တြင္ စား၀ိုင္းမ်ားကို ေရာင္းခ်ျခင္းမျပဳလုပ္ေတာ့ဘဲ လူတစ္ဦးလွ်င္ တစ္ေန႔တာ ၀င္ေၾကး (၃၀၀)ဘတ္ႏႈန္းျဖင့္ သာ ပြဲခင္းထဲသို႔ ၀င္ခြင့္ျပဳထားၿပီး ပြဲခင္းထဲတြင္ ေရာင္းခ်ေပးေနသည့္ အစားအေသာက္မ်ားကိုသာ ၀ယ္ယူစားသံုးႏိုင္မွာ ျဖစ္ၿပီး ျပင္ပမွ အစားအစာမ်ားအား ယူေဆာင္လာခြင့္ ျပဳမွာ မဟုတ္ေၾကာင္း သိရသည္။

"ပြဲထဲမွာ ရိုးရာပစၥည္းေတြနဲ႔ အစားအစာေတြကို လာေရာက္ေရာင္းခ်ေစခ်င္ပါတယ္။ ဆိုင္ခန္းေနရာ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဒီဇင္ဘာလ(၁၀)ရက္ေန႔ နံနက္ပိုင္းအခ်ိန္ထိ ရွမ္းရိုးမကြင္းထဲမွာ လာေရာက္စံုစမ္းလို႔ရသလို ကြ်န္ေတာ္တို႔ ဖုန္းကိုလည္း ဆက္သြယ္ၿပီး ေမးလို႔ရပါတယ္"ဟု ၎မွ ဆက္လက္ေျပာျပသည္။

အက်ယ္အ၀န္း 2.4mx2.4m ရွိသည့္ စားေသာက္ဆိုင္ခန္းေနရာမ်ားကို ဒီဇင္ဘာလ(၉)ရက္ေန႔တြင္လည္း ဦးရာလူစနစ္ျဖင့္ ေရာင္းခ်ေပးေနလွ်က္ရွိၿပီး ဒီဇင္ဘာလ(၁၀)ရက္ေန႔ နံနက္ပိုင္း အခ်ိန္ထိ ၀ယ္ယူရရွိႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

EASTERN EAGLE MC မွ က်င္းပျပဳလုပ္မည့္ အာဆီယံေမာ္ေတာ္ဆိုင္ကယ္ ကလပ္မ်ားေတြ႕ဆံုအား ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔မွ ဒီဇင္ဘာလ(၁၁)ရက္ေန႔အထိ (၂)ရက္တိုင္တိုင္ တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း၌ ျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္အတြင္း အာဆီယံႏိုင္ငံအတြင္းရွိ ေမာ္ေတာ္ဆိုင္ကယ္ကလပ္ေပါင္းစံုမွ ႏိုင္ငံျခားသား (၁၀၀၀)ေက်ာ္ ႏွင့္ ျပည္တြင္းမွ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ားလည္း လာေရာက္ၾကမည္ျဖစ္သည္။

ဆိုင္ခန္းကိစၥႏွင့္ ပတ္သက္၍ ဆက္သြယ္ရန္
ထိုင္းဖုန္း- 0979353524 ၊ ျမန္မာဖုန္း- 09455422326


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်၌ ဒုတိယအကြိမ်အဖြစ် ပရဟိတကလေးများ ရန်ပုံငွေအတွက် EASTERN EAGLE MC မှ ကြီးမှူး၍ အာဆီယံမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံအား ဒီဇင်ဘာလ(၁၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ (၂)ရက်တိတိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဆိုင်ခန်းနေရာများကို ရောင်းချပေးနေလျှက်ရှိရာတွင် ဈေးရောင်းချလိုသူများအနဖြေင့် လာရောက်ဝယ်ယူနိုင်သေးကြောင်း သိရသည်။

"အခု ပွဲမှာကတော့ ပထမအကြိမ်ကလို စားဝိုင်းတွေ မပါတော့ဘူး၊ နောက်ပြီး ပြင်ပက အစား အစာတွေကိုလည်း ယူလာခွင့်မရှိဘူး။ ပွဲခင်းထဲက ဈေးသည်တွေရောင်းချတဲ့ အစားအစာတွေကိုပဲ ဝယ်ယူစားသုံးနိုင်ရန်အတွက် စီစဉ်ထားပါတယ်.."ဟု EASTERN EAGLE MCအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပထအကြိမ်ကျင်းပခဲ့စဉ်က စားဝိုင်းများရောင်းချပေးခဲ့ရာမှ ယခု ဒုတိယအကြိမ်တွင် စားဝိုင်းများကို ရောင်းချခြင်းမပြုလုပ်တော့ဘဲ လူတစ်ဦးလျှင် တစ်နေ့တာ ဝင်ကြေး (၃၀၀)ဘတ်နှုန်းဖြင့် သာ ပွဲခင်းထဲသို့ ဝင်ခွင့်ပြုထားပြီး ပွဲခင်းထဲတွင် ရောင်းချပေးနေသည့် အစားအသောက်များကိုသာ ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပြီး ပြင်ပမှ အစားအစာများအား ယူဆောင်လာခွင့် ပြုမှာ မဟုတ်ကြောင်း သိရသည်။

"ပွဲထဲမှာ ရိုးရာပစ္စည်းတွေနဲ့ အစားအစာတွေကို လာရောက်ရောင်းချစေချင်ပါတယ်။ ဆိုင်ခန်းနေရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းအချိန်ထိ ရှမ်းရိုးမကွင်းထဲမှာ လာရောက်စုံစမ်းလို့ရသလို ကျွန်တော်တို့ ဖုန်းကိုလည်း ဆက်သွယ်ပြီး မေးလို့ရပါတယ်"ဟု၎င်းမှ ဆက်လက်ပြောပြသည်။

အကျယ်အဝန်း 2.4mx2.4m ရှိသည့် စားသောက်ဆိုင်ခန်းနေရာများကို ဒီဇင်ဘာလ(၉)ရက်နေ့တွင်လည်း ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေလျှက်ရှိပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်း အချိန်ထိ ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။

EASTERN EAGLE MC မှ ကျင်းပပြုလုပ်မည့် အာဆီယံမော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံအား ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ (၂)ရက်တိုင်တိုင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်အတွင်း အာဆီယံနိုင်ငံအတွင်းရှိ မော်တော်ဆိုင်ကယ်ကလပ်ပေါင်းစုံမှ နိုင်ငံခြားသား (၁၀၀၀)ကျော် နှင့် ပြည်တွင်းမှ မော်တော်ဆိုင်ကယ်ကလပ်များလည်း လာရောက်ကြမည်ဖြစ်သည်။

ဆိုင်ခန်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရန်
ထိုင်းဖုန်း- 0979353524၊ မြန်မာဖုန်း- 09455422326 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~