အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိသည့် အကျိုးအမြတ် ငွေကျပ်သိန်း(၁၀၀)ကို မိဘမဲ့ကလေးများအတွက် လှူဒါန်းမည်

အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိသည့် အကျိုးအမြတ် ငွေကျပ်သိန်း(၁၀၀)ကို မိဘမဲ့ကလေးများအတွက် လှူဒါန်းမည်
ဒီဇငျဘာ 18, 2016
By Tachileik News Agency



တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိလာသော အကျိုးအမြတ်များနှင့် ၎င်းပွဲတော်သို့ လာရောက်ကြသည့် မော်တော်ဆိုင်ကယ်ကလပ်များမှ စုပေါင်းပါဝင် လှူဒါန်းသည့် ငွေအပါအ၀င် စုစုပေါင်း ကျပ်သိန်း(၁၀၀)တိတိကို လှူဒါန်းရန်အတွက် ဒီဇင်ဘာလ(၁၇)ရက်နေ့က ပြုလုပ်သည့် Eastern Eagle Motorcycle Club အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - EEMC


~~~~~~~~⊰❂ unicode ~~~~~~~~

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ ကျင်းပရေးအဖွဲ့ဖြစ်သည့် Eastern Eagle Motorcycle Club အဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိဘမဲ့ကလေးများအတွက် ကျပ်သိန်း(၁၀၀)လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီပွဲကနေ စရိတ်စကတွေ နှုတ်ပြီး ကျန်တဲ့ငွေအားလုံးကို လှူလိုက်တာပါ။ နောက်ပြီး ဒီပွဲကို ရောက်လာကြတဲ့ ကလပ်တွေကလည်း ပါဝင် လှူဒါန်းတာတွေလည်း ပါပါတယ်၊ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ဘာမှ အကျိုးအမြတ်ကို မယူဘဲ၊ အကုန်ပြန်လှူတာပါ။ ကျပ်သိန်း(၁၀၀)တိတိဖြစ်ဖို့ အဖွဲ့ဝင်တွေ ထပ်ဖြည့်ပြီး ကျပ်သိန်း(၁၀၀)တိတိ လှူဒါန်းဖို့ စီစဉ်ထားပါတယ်"ဟု Eastern Eagle Motorcycle Club မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲမှ ရရှိလာသော အကျိုးအမြတ်များနှင့်၎င်းပွဲတော်သို့ လာရောက်ကြသည့် မော်တော်ဆိုင်ကယ်ကလပ်များမှ စုပေါင်းပါဝင် လှူဒါန်းသည့် ငွေအပါအဝင် စုစုပေါင်း ကျပ်သိန်း(၁၀၀)တိတိကို လှူဒါန်းရန်အတွက် ဒီဇင်ဘာလ(၁၇)ရက်နေ့က ပြုလုပ်သည့် Eastern Eagle Motorcycle Club အစည်းအေဝးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - EEMC

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~