ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားႏွင့္ မူးယစ္ေဆးစြဲဲၿပီး ေလလြင့္ေနသူမ်ားကို ေဆးျဖတ္ေပးႏိုင္ေရးအတြက္ ဌာနဆိုင္ရာမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ရန္ အရပ္ဖက္ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ မဇၥ်ိမလူမႈကူညီေရးအသင္းက စီစဥ္ေနေၾကာင္း သိရသည္။
"၂၀၁၇ ထဲမွာ ရပ္ကြက္ထဲမွာရွိတဲ့ မူးယစ္ေဆး၀ါး ေလလြင့္သူေတြကို စာရင္းလိုက္ေကာက္ၿပီးေတာ့ လူဦးေရေပၚမူတည္ၿပီး အသုတ္လိုက္ခြဲၿပီး ေဆးျဖတ္ေပးဖို႔ သက္ဆိုင္ရာနဲ႔ စီစဥ္ထားတယ္။ ေလာေလာဆယ္ေတာ့ အၾကမ္း ေဆြးေႏြးထားတယ္"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးစြဲကာ ေလလြင့္ေနထိုင္သူမ်ားသည္ သုသာန္အတြင္းႏွင့္ လမ္းေပၚတို႔တြင္ ေနထိုင္ေနၾကသျဖင့္ ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
"မူးယစ္ေဆး၀ါးျဖတ္တဲ့သူေတြအတြက္ သင္တန္းမွာ အလုပ္အကိုင္နဲ႔ ပတ္သက္ၿပီးေတာ့ စိုက္ပ်ဳိးေမြးျမဴေရး သင္တန္းလည္း ပို႔ခ်သြားမယ္။ အျခားအလုပ္အကိုင္ေတြနဲ႔ ပတ္သက္ရင္ေတာ့ ၿမိဳ႕က လုပ္ငန္းရွင္ေတြ ပူးေပါင္း ပါ၀င္မွလည္း ရမွာ"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
ေဆးျဖတ္ၿပီး မိမိတုိ႔ေနရပ္ေဒသျပန္လိုသူမ်ားရိွပါက ေနရပ္ျပန္ႏုိင္ေရးကိုလည္း ဆက္လက္ ကူညီလုပ္ေဆာင္ ေပးသြားမည္ျဖစ္ေၾကာင္း မဇၥ်ိမလူမႈကူညီေရးအသင္းမွ သိရသည္။
"ေဆးျဖတ္ၿပီးရင္ အဲ့ဒီ ေလလႊင့္လူေတြကို အလုပ္အကိုင္ေတြ ေပးႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ ေဆးေတာ့ ျပတ္သြားပါရဲ႕ အလုပ္အကိုင္မရွိဆိုရင္ လမ္းေဘးျပန္ေရာက္သြားႏိုင္တာမို႕ပါ"ဟု ေဒသခံ ေဒၚေအးစန္းက ဆိုသည္။
မဇၥ်ိမလူမႈကူညီေရးအသင္းအား ၂၀၁၂ခုႏွစ္ ဒီဇင္ဘာလအတြင္းက စတင္တည္ေထာင္ကာ လူမႈေရးအက်ဳိးျပဳလုပ္ငန္းျဖစ္သည့္ မူးယစ္ေဆးစြဲေနသူ လူငယ္မ်ားအား မူးယစ္ေဆး၀ါးျဖတ္စခန္းသို႔ ဆက္သြယ္ ပို႔ေဆာင္ေပးျခင္း၊ နာေရး ကူညီမႈႏွင့္ က်န္းမာေရး ေထာက္ပံ့မႈမ်ား အျပင္ လူမႈေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနေသာ လူမႈကူညီေရးအသင္းျဖစ္ေၾကာင္း သိရသည္။
"၂၀၁၇ ထဲမှာ ရပ်ကွက်ထဲမှာရှိတဲ့ မူးယစ်ဆေးဝါး လေလွင့်သူတွေကို စာရင်းလိုက်ကောက်ပြီးတော့ လူဦးရေပေါ်မူတည်ပြီး အသုတ်လိုက်ခွဲပြီး ဆေးဖြတ်ပေးဖို့ သက်ဆိုင်ရာနဲ့ စီစဉ်ထားတယ်။ လောလောဆယ်တော့ အကြမ်း ဆွေးနွေးထားတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲကာ လေလွင့်နေထိုင်သူများသည် သုသာန်အတွင်းနှင့် လမ်းပေါ်တို့တွင် နေထိုင်နကြေသဖြင့် ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
"မူးယစ်ဆေးဝါးဖြတ်တဲ့သူတွေအတွက် သင်တန်းမှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ စိုက်ပျိုးမွေးမြူရေး သင်တန်းလည်း ပို့ချသွားမယ်။ အခြားအလုပ်အကိုင်တွေနဲ့ ပတ်သက်ရင်တော့ မြို့က လုပ်ငန်းရှင်တွေ ပူးပေါင်း ပါဝင်မှလည်း ရမှာ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
ဆေးဖြတ်ပြီး မိမိတို့နေရပ်ဒေသပြန်လိုသူများရှိပါက နေရပ်ပြန်နိုင်ရေးကိုလည်း ဆက်လက် ကူညီလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ သိရသည်။
"ဆေးဖြတ်ပြီးရင် အဲ့ဒီ လေလွှင့်လူတွေကို အလုပ်အကိုင်တွေ ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဆေးတော့ ပြတ်သွားပါရဲ့ အလုပ်အကိုင်မရှိဆိုရင် လမ်းဘေးပြန်ရောက်သွားနိုင်တာမို့ပါ"ဟု ဒေသခံ ဒေါ်အေးစန်းက ဆိုသည်။
မဇ္ဈိမလူမှုကူညီရေးအသင်းအား ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်တည်ထောင်ကာ လူမှုရေးအကျိုးပြုလုပ်ငန်းဖြစ်သည့် မူးယစ်ဆေးစွဲနေသူ လူငယ်များအား မူးယစ်ဆေးဝါးဖြတ်စခန်းသို့ ဆက်သွယ် ပို့ဆောင်ပေးခြင်း၊ နာရေး ကူညီမှုနှင့် ကျန်းမာရေး ထောက်ပံ့မှုများ အပြင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူမှုကူညီရေးအသင်းဖြစ်ကြောင်း သိရသည်။