
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာ( Cyber City)အနီးတွင် Drift ဆွဲမောင်းနှင်ခြင်း ကားမောင်းပြိုင်ပွဲအား ဒီဇင်ဘာလ (၃၀)ရက်နှင့် (၃၁) ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ကားပြိုင်ပွဲကို ပြင်စာ Cyber City၊ (၂၆)မိုင် (၅)ဖာလုံတွင် ရှိသော ပေ (၅၀၀) အကျယ်ကွင်းပြင်တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ Drift ဆွဲမောင်းနှင်ခြင်းသီးသန့် ကျွမ်းကျင်သူများအုပ်စုနှင့် လေ့ကျင့်ဆဲ ဝါသနာရှင်များ အုပ်စု နှစ်စုခွဲကာ နိုင်ငံတကာစံနှုန်းများအတိုင်း ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်