စိတ္ၾကြေဆးမ်ားႏွင့္အတူ ရြာသားတစ္ဦးအား ရြာသူႀကီးမွ ဖမ္းဆီးကာ ရဲလက္အပ္

စိတ္ၾကြေဆးမ်ားႏွင့္အတူ ရြာသားတစ္ဦးအား ရြာသူႀကီးမွ ဖမ္းဆီးကာ ရဲလက္အပ္
ဒီဇင်ဘာ 24, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဳေက်းရြာအုပ္စု၊ ဆိုက္ေခါင္ေက်းရြာတြင္ မူးယစ္ေဆး၀ါးႏွင့္ အတူ အမ်ဳိးသားတစ္ဦးကို ေက်းရြာသူႀကီးမွ ဖမ္းဆီးကာ ရဲတပ္ဖြဲ႔ထံ အပ္ႏွံလိုက္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ ေတာညဳေက်းရြာအုပ္စု၊ ဆိုက္ေခါင္ေက်းရြာသူႀကီးျဖစ္သူ ဦးက်ေကာ္သည္ ဒီဇင္ဘာလ(၂၄)ရက္ေန႔ နံနက္(၂)နာရီအခ်ိန္က ေက်းရြာအတြင္းေန က်ဂတ္အား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးထားေၾကာင္း မိုင္းျဖတ္ၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္အေၾကာင္းၾကား လိုက္ၿပီးေနာက္ ရဲတပ္ဖြဲ႔မွ လာေရာက္၍ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရသည္။

ရြာသူႀကီးမွ ဖမ္းဆီးေပးလိုက္သည့္ အသက္(၃၅)ႏွစ္ရွိ ဂ်ဂတ္ထံတြင္ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၁၂၈)ျပား ႏွင့္ အစိမ္းေရာင္ စိတ္ၾကြေဆးျပား (၂)ျပား စုစုေပါင္း (၁၃၀)ျပားကို ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

စိတ္ၾကြေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ဂ်ဂတ္အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ (ပ)၁၁/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိၿပီး ကြင္းဆက္တရားခံမ်ားအား စံုစမ္း ေဖာ္ထုတ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် အတူ အမျိုးသားတစ်ဦးကို ကျေးရွာသူကြီးမှ ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာသူကြီးဖြစ်သူ ဦးကျကော်သည် ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်(၂)နာရီအချိန်က ကျေးရွာအတွင်းနေ ကျဂတ်အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးထားကြောင်း မိုင်းဖြတ်မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား လိုက်ပြီးနောက် ရဲတပ်ဖွဲ့မှ လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရွာသူကြီးမှ ဖမ်းဆီးပေးလိုက်သည့် အသက်(၃၅)နှစ်ရှိ ဂျဂတ်ထံတွင် လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၂၈)ပြား နှင့် အစိမ်းရောင် စိတ်ကြွဆေးပြား (၂)ပြား စုစုပေါင်း (၁၃၀)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဂျဂတ်အား မိုင်းဖြတ်မြို့မရဲစခန်းမှ (ပ)၁၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား စုံစမ်း ဖော်ထုတ်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~