ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာအတွင်းတွင် မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော ဖွင့်လှစ်ထားရှိသည့် မူးယစ်ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သူ လူငယ် (၅၀)ဦးအား လူမှုဝန်ထမ်း ဦးစီးဌာန နှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေးသင်တန်းများကို ပို့ချနေလျှက်ရှိသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်း နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေပြီး၊ အသိပညာပေးနှင့် ဟောပြောမှုများ၊ သင်တန်းများကို ပို့ချပေးရာတွင် အသက်မွေးဝမ်းကြောင်း သင်တန်းများ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပို့ချပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက အချိန်ပိုင်းခွဲကာ ပို့ချပေးခြင်းဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ရွာ အခြေပြုမူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းဆေးဖြတ်စခန်းတွင် ယခင်ကလည်း မူးယစ်ဆေးစွဲနေသူ လူငယ်များအား ဆေးဖြတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်း နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးနပြေီး၊ အသိပညာပေးနှင့် ဟောပြောမှုများ၊ သင်တန်းများကို ပို့ချပေးရာတွင် အသက်မွေးဝမ်းကြောင်း သင်တန်းများ အနဖြေင့် စိုက်ပျိုးရေးဦးစီးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပို့ချပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက အချိန်ပိုင်းခွဲကာ ပို့ချပေးခြင်းဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ရွာ အခြပြေုမူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့်၎င်းဆေးဖြတ်စခန်းတွင် ယခင်ကလည်း မူးယစ်ဆေးစွဲနေသူ လူငယ်များအား ဆေးဖြတ်ပေးခဲ့ကြောင်း သိရသည်။