ရွမ္းျပည္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္ေမာင္းသူႏွင့္ လိုက္ပါစီးနင္းသူမ်ားအားလံုး အသယ္ကယ္ ထိုင္ခံုခါးပတ္ ပတ္ရန္ ဒီဇင္ဘာလအတြင္း ပညာေပးလုပ္ေဆာင္ေနၿပီး ၂၀၁၇ ခုနွစ္ ဇန္နဝါရီလမွ စတင္ကာ အေရးယူေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
“ျပည္သူေတြအားလံုးကလည္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းလိုက္နာမယ္ဆိုရင္ အသက္အႏၱရာယ္နဲ႔ ကင္းေ၀းနိုင္မွာ ျဖစ္ပါတယ္။ အခုကေတာ့ ပညာေပးကာလေပါ့ေနာ္။ဒီႏွစ္ကုန္ ၂၀၁၇ ဆိုရင္ေတာ့ အေရးယူေဆာင္ရြက္ေတာ့မွာပါ”ဟု အမွတ္ (၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္း/ေတာင္ ) မွ ရဲမွဴးမ်ဳိးေဇာ္ေအာင္ က ေျပာသည္။
အသက္ကယ္ထိုင္ခံုခါးပတ္ပတ္ရန္ လံႈံ႕ေဆာ္မႈကို ေတာင္ႀကီးၿမိဳ႕အျပင္ ဟဲဟိုးႏွင့္ ေရႊေညာင္တြင္လည္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။
“ဒီလိုယာဥ္စည္းကမ္းေတြကို စနစ္တက် သူတို႔ေတြျပဳလုပ္ေပးေတာ့ အရမ္းေကာင္းပါတယ္။ ယာဥ္တိုက္မႈေတြလည္း ေလ်ာ႔နည္းလာမယ္။ စည္းကမ္း လိုက္နာတဲ့သူလည္း မ်ားလာမယ္ေလ။ ကားေမာင္းတဲ့ အခ်ိန္မွာ ခါးပတ္ ပတ္ထားျခင္းက လူတေယာက္ကို ကာကြယ္မႈ အမ်ားဆံုးေပးနိုင္ပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ၂၀၁၆ ခုနွစ္အတြင္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းပညာေပးလုပ္ေဆာင္မႈ(၃၅)ႀကိမ္၊ ေတာင္ႀကီးခရိုင္အတြင္း (၁၃ ) ႀကိမ္ ျပဳလုပ္ၿပီးျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - #ႏိုႏို
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မော်တော်ယာဉ်မောင်းသူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသယ်ကယ် ထိုင်ခုံခါးပတ် ပတ်ရန် ဒီဇင်ဘာလအတွင်း ပညာပေးလုပ်ဆောင်နပြေီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေအားလုံးကလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမယ်ဆိုရင် အသက်အန္တရာယ်နဲ့ ကင်းေဝးနိုင်မှာ ဖြစ်ပါတယ်။ အခုကတော့ ပညာပေးကာလပေါ့နော်။ဒီနှစ်ကုန် ၂၀၁၇ ဆိုရင်တော့ အရေးယူဆောင်ရွက်တော့မှာပါ”ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်း/တောင် ) မှ ရဲမှူးမျိုးဇော်အောင် က ပြောသည်။
အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ရန် လှုံ့ဆော်မှုကို တောင်ကြီးမြို့အပြင် ဟဲဟိုးနှင့် ရွှေညောင်တွင်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီလိုယာဉ်စည်းကမ်းတွေကို စနစ်တကျ သူတို့တွပြေုလုပ်ပေးတော့ အရမ်းကောင်းပါတယ်။ ယာဉ်တိုက်မှုတွေလည်း လျော့နည်းလာမယ်။ စည်းကမ်း လိုက်နာတဲ့သူလည်း များလာမယ်လေ။ ကားမောင်းတဲ့ အချိန်မှာ ခါးပတ် ပတ်ထားခြင်းက လူတယောက်ကို ကာကွယ်မှု အများဆုံးပေးနိုင်ပါတယ်” ဟု တောင်ကြီးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၁၆ ခုနှစ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးလုပ်ဆောင်မှု(၃၅)ကြိမ်၊ တောင်ကြီးခရိုင်အတွင်း (၁၃ ) ကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #နိုနို