ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းတုံမြို့နှင့် နားကောင်းမူကျေးရွာတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်း၏ တစ်ခုဖြစ်သည့် CB ဘဏ်၏ မိုဘိုင်းအေးဂျင့်ရုံးများ ဒီဇင်ဘာလ ၂၅ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
CB Bank ၏ Easi Mobile Agent (ကိုယ်စားလှယ်) အဖြစ် မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် နေရာအားလုံးမှ ဒေသတွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ရာ CB ဘဏ်တွင် ငွေကြေးအာမခံထားရှိပြီး CB Bank ၏ Easi Mobile Agent (ကိုယ်စားလှယ်)များအဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလအထိ CB Bank ၏ Easi Mobile Agent (ကိုယ်စားလှယ်)ပေါင်းမှာ (၄၂၂)ခု ရှိနေပြီဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ဇေယျ
အဆိုပါ ဒေသများတွင် မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းသာရှိခဲ့ရာမှ CB Bank၏ Agent Banking စနစ်ဖြင့် လုပ်ကိုင်သည့် ကိုယ်စားလှယ်များ စတင်လုပ်ကိုင်လာခြင်းဖြစ်သည်။
" မိုဘိုင်းဖုန်းနှင့်ပဲ ငွေလွှဲငွေထုတ်လုပ်နိုင်ပါတယ်။ ဝန်ဆောင်ခတစ်ကျပ်ကို(၁၅)ပြားနှုန်း သတ်မှတ် ထားပါတယ်။ အချိန်တစ်နာရီအတွင်း ဆောင်ရွက်ပေးနိုင်ပါတယ်”ဟု တာချီလိတ်CB Bankမှ လက်ထောက်မန်နေဂျာ ဦးအောင်နိုင်ဝင်းက ဆိုသည်။
CB Bank၏ Easi Mobile Agent (ကိုယ်စားလှယ်) အဖြစ် မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် နေရာအားလုံးမှ ဒေသတွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နခြေင်းဖြစ်ရာ CB ဘဏ်တွင် ငွေကြေးအာမခံထားရှိပြီး CB Bank၏ Easi Mobile Agent (ကိုယ်စားလှယ်)များအဖြစ် လုပ်ဆောင်နခြေင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလအထိ CB Bank၏ Easi Mobile Agent (ကိုယ်စားလှယ်)ပေါင်းမှာ (၄၂၂)ခု ရှိနပြေီဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ဇေယျ