တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔မွ ယဥ္ေက်းမႈဆိုင္ရာ သင္တန္းဆင္းပြဲ ျပဳလုပ္

တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔မွ ယဥ္ေက်းမႈဆိုင္ရာ သင္တန္းဆင္းပြဲ ျပဳလုပ္
ဒီဇင်ဘာ 30, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔မွ ဖြင့္လွစ္သင္ၾကားပို႔ခ်ခဲ့သည့္ ယဥ္ေက်းမႈဆိုင္ရာ သင္တန္း၏ သင္တန္းဆင္းလက္မွတ္ေပးအပ္ပြဲကို တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ဒီဇင္ဘာလ(၃၀)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး တက္ေရာက္ခ်ီးျမႇင့္သည္။

အခမ္းအနားတြင္ ဗမာတိုင္းရင္းသားေရးရာ ၀န္ႀကီး ေဒါက္တာေအာင္သန္းေမာင္က ဂုဏ္ထူးေဆာင္ နာယက (၅)ႏွင့္ ပံ့ပိုးကူညီသူ (၄)ဦးအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

ဆက္လက္၍ ယဥ္ေက်းမႈဆိုင္ရာသင္တန္းမွ အကနည္းျပမ်ား ႏွင့္ ထူးခြ်န္အဆင့္၊ သာမန္ အထက္အဆင့္တို႔ျဖင့္ ေအာင္ျမင္သူမ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္၊ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ ႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ဌာနဆိုင္ရာမ်ား တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔၊ တာခ်ီလိတ္ၿမိဳ႕နယ္ သဘင္ပညာရွင္မ်ားအစည္းအရံုးႏွင့္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၊ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကသည္။

ဓာတ္ပံု - ေဇာင္းညီ









~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့မှ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ သင်တန်း၏ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားတွင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ဂုဏ်ထူးဆောင် နာယက (၅)နှင့် ပံ့ပိုးကူညီသူ (၄)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ယဉ်ကျေးမှုဆိုင်ရာသင်တန်းမှ အကနည်းပြများ နှင့် ထူးချွန်အဆင့်၊ သာမန် အထက်အဆင့်တို့ဖြင့် အောင်မြင်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာနဆိုင်ရာများ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ တာချီလိတ်မြို့နယ် သဘင်ပညာရှင်များအစည်းအရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~