မန္တလေးမြို့တွင်ကျင်းပသည့် အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၏ စာဆိုတော်နေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် သတင်းစာများအား တရားစွဲ အရေးယူမှုအပေါ် တရားသူကြီးများ၏ အမြင်စာတမ်း အပါအဝင် စာတမ်းသုံးစောင် ဖတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်၍ မန္တလေးမြို့တော် ခန်းမတွင် ကျင်းပနေခြင်းဖြစ်ပြီး စာရေးဆရာမ ယဉ်ယဉ်နှောင်းက ပျောက်ကွယ်တော့မည့် မြန်မာ့လက်မှုအနုပညာများစာတမ်း၊ ဆရာရွှေဥာဏ်ဇော်က မန္တလေးလွင်ပြင်ရှိ တူးမြောင်းများစာတမ်းနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦး (မန္တလေး)က သတင်းစာများအား တရားစွဲအရေးယူမှုအပေါ် တရားသူကြီးများ၏ အမြင်စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်သည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်၍ မန္တလေးမြို့တော် ခန်းမတွင် ကျင်းပနခြေင်းဖြစ်ပြီး စာရေးဆရာမ ယဉ်ယဉ်နှောင်းက ပျောက်ကွယ်တော့မည့် မြန်မာ့လက်မှုအနုပညာများစာတမ်း၊ ဆရာရွှေဉာဏ်ဇော်က မန္တလေးလွင်ပြင်ရှိ တူးမြောင်းများစာတမ်းနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦး (မန္တလေး)က သတင်းစာများအား တရားစွဲအရေးယူမှုအပေါ် တရားသူကြီးများ၏ အမြင်စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲတွင် စာအုပ်များရောင်းချခြင်းများနှင့် စာရေးဆရာအသင်း၏ လှုပ်ရှားမှု ဓာတ်ပုံများပြသထားပြီး ညနေ ၄ နာရီအထိပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်