မႏၱေလးတကၠသိုလ္တြင္ မ်ိဳးဆက္သစ္လူငယ္မ်ား သင္ၾကားေရးဆိုင္ရာ အေထာက္ အကူျဖစ္ေစရန္ႏွင့္ ဘူမိေဗဒဌာန တည္ေထာင္ျခင္း( ၆၃ ) ႏွစ္ေျမာက္အထိမ္းအမွတ္အျဖစ္ ဘူမိေဗဒေက်ာက္ဥယ်ာဥ္ကို မႏၱေလးတကၠသိုလ္အတြင္း ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။
ဘူမိေဗဒဌာနေရွ႕တြင္တည္ေဆာက္ထားသည့္ အဆိုပါ ဥယ်ာဥ္အား တည္ေဆာက္ခ်ိန္ (၅)လ ၾကာျမင့္ခဲ့ကာ ဒီဇင္ဘာလ (၁၆) ရက္ေန႔က ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီဥယ်ာဥ္ဖြင့္တဲ့အတြက္ ဘူမိပညာရွင္အေျမာက္အမ်ား ေပၚေပါက္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တစ္ေနရာထဲကေန ေက်ာက္အမ်ိဳးမ်ိဳးကို ေလ့လာႏိုင္မယ္ဆိုတာ ေကာင္းမယ္ထင္ပါတယ္။ ျမန္မာ ႏိုင္ငံသား ေတြအတြက္ အက်ိဳးရွိမယ့္စာတမ္းေတြမ်ားမ်ားေရး ႏိုင္ၾကပါေစ။” ဟုမႏၱေလး တိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ၎ဥယ်ာဥ္ ဖြင့္ပြဲတြင္ ေျပာၾကားခဲ့သည္။
ဘူမိဥယ်ာဥ္တြင္ မီးသင္းေက်ာက္၊ အနယ္က်ေက်ာက္ႏွင့္ အသြင္ေျပာင္းေက်ာက္မ်ားကို ေလ့လာႏိုင္ျပီး လြန္ခဲ့ေသာ ႏွစ္သန္း (၅၅၀) အခ်ိန္ကာလမွ ေက်ာက္မ်ား၊ သက္တမ္းအငယ္ ဆံုးျဖစ္ေသာႏွစ္ေပါင္း (၄)သိန္းအၾကားမွ ေက်ာက္မ်ားကိုလည္းေတြ႕ႏိုင္ေၾကာင္း ဘူမိေဗဒ ေက်ာက္ဥယ်ာဥ္ျဖစ္ေျမာက္ေရး ေကာ္မတီဥကၠဌ အၿငိမ္းစား ဒုတိယ ပါေမာကၡခ်ဳပ္ ေဒါက္တာကိုကိုႀကီးက ဆိုသည္။
“ဒီဥယ်ာဥ္ဖြင့္ႏိုင္ခဲ့တာက ဘူမိေဗဒသမိုင္းမွာ မွတ္တိုင္တစ္ခုကိုစိုက္ထူႏိုင္ခဲ့တာပါ။ ဥယ်ာဥ္ေဆာက္ဖို႕ အဆင့္ဆင့္ခြင့္ျပဳမိန္႕တင္ျပီး က်လာတဲ့အခါ ေက်ာက္တံုး ေတြကိုစတင္သယ္ယူပါတယ္။ တည္ေဆာက္ဖို႕ အစီအစဥ္ေရးဆြဲခဲ့တာကေတာ့ ဇြန္လ ၇ ရက္ေနမွစတင္ခဲ့ပါတယ္။ ဘူမိေဗဒ ဥေသွ်ာင္ဆရာၾကီးေတြရဲ႕ လမ္းညႊန္မႈကိုခံယူျပီး ေတာ့ တည္ေဆာက္ခဲ့တာပါ။” ဟု ေဒါက္တာကိုကိုႀကီးကဆက္လက္ေျပာသည္။
ဥယ်ာဥ္အတြင္း ေက်ာက္တံုးနမူနာေပါင္း (၁၅၀)ခန္႕ရွိၿပီး အေလးခ်ိန္မွာ တန္ခ်ိန္ (၉၀)ေက်ာ္ရွိသည္။ ေက်ာက္ဥယ်ာဥ္အတြင္း ေက်ာက္အုပ္စုဇံုမ်ား သံုးပိုင္းခြဲျခား ေလ့လာႏိုင္ျပီး အပင္ေက်ာက္ျဖစ္ရုပ္ၾကြင္းႏွင့္ တြင္းထြက္ေက်ာက္မ်ားအား အ၀င္ေပါက္ အနီးနားတြင္ လွပေစရန္ျပင္ဆင္ထားေၾကာင္းႏွင့္ ျပည္တြင္း၊ျပည္ပ ခရီးသြားဧည့္သည္ မ်ားလာေရာက္ေလ့လာႏိုင္ေၾကာင္းသိရသည္။
သတင္း/ဓာတ္ပံု - ေရႊေဇာ္
ဘူမိဗေဒဌာနရှေ့တွင်တည်ဆောက်ထားသည့် အဆိုပါ ဥယျာဉ်အား တည်ဆောက်ချိန် (၅)လ ကြာမြင့်ခဲ့ကာ ဒီဇင်ဘာလ (၁၆) ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီဥယျာဉ်ဖွင့်တဲ့အတွက် ဘူမိပညာရှင်အမြောက်အများ ပေါ်ပေါက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်နေရာထဲကနေ ကျောက်အမျိုးမျိုးကို လေ့လာနိုင်မယ်ဆိုတာ ကောင်းမယ်ထင်ပါတယ်။ မြန်မာ နိုင်ငံသား တွေအတွက် အကျိုးရှိမယ့်စာတမ်းတွေများများရေး နိုင်ကြပါစေ။” ဟုမန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က၎င်းဥယျာဉ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ဘူမိဥယျာဉ်တွင် မီးသင်းကျောက်၊ အနယ်ကျကျောက်နှင့် အသွင်ပြောင်းကျောက်များကို လေ့လာနိုင်ပြီး လွန်ခဲ့သော နှစ်သန်း (၅၅၀) အချိန်ကာလမှ ကျောက်များ၊ သက်တမ်းအငယ် ဆုံးဖြစ်သောနှစ်ပေါင်း (၄)သိန်းအကြားမှ ကျောက်များကိုလည်းတွေ့နိုင်ကြောင်း ဘူမိဗေဒ ကျောက်ဥယျာဉ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ အငြိမ်းစား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာကိုကိုကြီးက ဆိုသည်။
“ဒီဥယျာဉ်ဖွင့်နိုင်ခဲ့တာက ဘူမိဗေဒသမိုင်းမှာ မှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တာပါ။ ဥယျာဉ်ဆောက်ဖို့ အဆင့်ဆင့်ခွင့်ပြုမိန့်တင်ပြီး ကျလာတဲ့အခါ ကျောက်တုံး တွေကိုစတင်သယ်ယူပါတယ်။ တည်ဆောက်ဖို့ အစီအစဉ်ရေးဆွဲခဲ့တာကတော့ ဇွန်လ ၇ ရက်နေမှစတင်ခဲ့ပါတယ်။ ဘူမိဗေဒ ဥသျှောင်ဆရာကြီးတွေရဲ့ လမ်းညွှန်မှုကိုခံယူပြီး တော့ တည်ဆောက်ခဲ့တာပါ။” ဟု ဒေါက်တာကိုကိုကြီးကဆက်လက်ပြောသည်။
ဥယျာဉ်အတွင်း ကျောက်တုံးနမူနာပေါင်း (၁၅၀)ခန့်ရှိပြီး အလေးချိန်မှာ တန်ချိန် (၉၀)ကျော်ရှိသည်။ ကျောက်ဥယျာဉ်အတွင်း ကျောက်အုပ်စုဇုံများ သုံးပိုင်းခွဲခြား လေ့လာနိုင်ပြီး အပင်ကျောက်ဖြစ်ရုပ်ကြွင်းနှင့် တွင်းထွက်ကျောက်များအား အဝင်ပေါက် အနီးနားတွင် လှပစေရန်ပြင်ဆင်ထားကြောင်းနှင့် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည် များလာရောက်လေ့လာနိုင်ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်