အထက(တာေလ)၏ အထက္တန္းေက်ာင္း အဆင့္သို ့ တိုးျမႇင့္ခံရျခင္း (၂၅)ႏွစ္ျပည့္ ေငြရတုပြဲႏွင့္ ဒုတိယအႀကိမ္ အာစရိယပူေဇာ္ပြဲ က်င္းပ

အထက(တာေလ)၏ အထက္တန္းေက်ာင္း အဆင့္သို ့ တိုးျမႇင့္ခံရျခင္း (၂၅)ႏွစ္ျပည့္ ေငြရတုပြဲႏွင့္ ဒုတိယအႀကိမ္ အာစရိယပူေဇာ္ပြဲ က်င္းပ
ဒီဇင်ဘာ 4, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ တာေလၿမိဳ႕ရိွ အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)၏ အထက္တန္းေက်ာင္း အဆင့္သို ့ တိုးျမႇင့္ခံရျခင္း (၂၅)ႏွစ္ျပည့္ ေငြရတုပြဲႏွင့္ ဒုတိယအႀကိမ္ အာစရိယပူေဇာ္ပြဲကို ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၄)ရက္ေန႔တြင္ က်င္းပျပဳလုပ္ရာ အၿငိမ္းစားဆရာႀကီးႏွင့္ဆရာမႀကီး (၁၂)ဦး တက္ေရာက္ အပူေဇာ္ခံခဲ့ၾကေၾကာင္း သိရသည္။

"ေခ်ာက္ၿမိဳ႕ နဲ႔ ပုသိမ္ႀကီးက အၿငိမ္းစားဆရာမႏွစ္ဦးကို ပြဲတက္ေရာက္ေပးဖို႔ ပြဲက်င္းပေရးကပဲ အသြားအျပန္ စရိတ္ၿငိမ္းနဲ႔ လွမ္းေခၚပါတယ္။ အခု ကန္ေတာ့တဲ့အထဲမွာ အၿငိမ္းစား ဆရာႀကီး နဲ႔ ဆရာမႀကီး (၁၂)ဦး။ အသက္(၅၀)အထက္ ဆရာ၊ ဆရာမ (၅)ဦးကို ကန္ေတာ့ၾကပါတယ္။ ေနာက္ၿပီး ကြ်န္ေတာ္တို႔ ေက်ာင္းမွာ ရွိတဲ့ ဆရာ၊ဆရာမ (၁၈)ဦးကိုလည္း အမွတ္တရ လက္ေဆာင္ပစၥည္းေတြ ေပးၾကပါတယ္"ဟု အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)မွ ေက်ာင္းသားေဟာင္းျဖစ္သူ ကိုရဲခိုင္က ေျပာသည္။

"ကြ်န္ေတာ္တို႔ ေက်ာင္းသားေဟာင္းမ်ားအေနနဲ႔ ဒီပြဲနဲ႔ ပတ္သက္ၿပီး ပြဲျဖစ္ေျမက္ေရးအတြက္ ပါ၀င္ကူညီ လွဴဒါန္းၾကတဲ့ ေငြေတြထဲက စာရင္းလုပ္ၿပီးလို႔ ပိုလာရင္၊ ေနာက္ႏွစ္ေတြအတြက္ ေငြပေဒသာပင္အေနနဲ႔ ထားရွိသြားၿပီး ႏွစ္စဥ္က်င္းပႏိုင္ရန္အတြက္ ရည္ရြယ္ထားၾကပါတယ္"ဟု ၎ကေျပာသည္။

အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)၏ ေငြရတုပြဲႏွင့္ ဒုတိယအႀကိမ္ အာစရိယပူေဇာ္ပြဲတြင္ ေဖ်ာ္ေျဖေရးအေနျဖင့္ ေက်ာင္းသားေဟာင္းမ်ား သီဆိုေဖ်ာ္ေျဖၾကၿပီး KG တန္းမွ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားမွ အကအလွမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကသည္။

​"ေက်ာင္​းအုပ္​ႀကီး အဆင္​့ဆင္​့​​ေျပာျပတဲ့ စကား​ေၾကာင္​့ တာ​ေလ အ.ထ.က ျဖစ္​​ေပၚလာပံုကို ပိုသိခြင္​့ ရခဲ့လာတယ္​။ ဒီအထဲက ​ေက်ာင္​းအုပ္​ဆရာမႀကီး တစ္​​ေယာက္​က အခုအသက္​ ၇၉ ႐ွိၿပီျဖစ္​ႏိုင္​ရင္​ ဒီလို​အမွတ္​ရ​ေစမည္​့​ေပ်ာ္​ရႊင္​ပြဲ ​ေရႊရတုကိုလည္​း​ေတြ႔ခ်င္​တယ္​​ေပါ့။ ဒါ​ေပမဲ့ အားတင္​းထားလို႔ရႏိုင္​မလား​ေတာ့မသိဘူးလို႔​ေျပာလာတာနဲ႔ ဝမ္​းနည္​းမိလို႔ မ်က္​ရည္​​ေတာင္​ဝဲသြားတယ္​ဗ်ာ"ဟု အေျခခံပညာအထက္တန္းေက်ာင္း (တာေလ)မွ ေက်ာင္းသားေဟာင္းျဖစ္သူ ကိုသန္႔ဇင္လတ္က ေျပာသည္။

ယင္းအခမ္းအနားသို႔ အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)၏ အၿငိမ္းစား ဆရာႀကီး၊ ဆရာမႀကီးမ်ားႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ႏွင့္ ေက်ာင္းသားေဟာင္းမ်ား၊ လက္ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အျပင္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။

တာေလၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းသည္ ကိုယ္ထူကိုယ္ထ မူလတန္းေက်ာင္းအျဖစ္ (၁၉၅၃) ခုႏွစ္တြင္ စတင္ခဲ့ၿပီး၊ မူလတန္းအဆင့္ အျဖစ္ (၁၉၅၈)ခုႏွစ္တြင္ လည္းေကာင္း၊ အလယ္တန္းအဆင့္ အျဖစ္ (၁၉၆၇)ခုႏွစ္တြင္ လည္းေကာင္း၊ အထက္တန္းေက်ာင္း အျဖစ္ (၁၉၉၁)ခုႏွစ္တြင္ လည္းေကာင္း တိုးျမႇင့္ခဲ့ျခင္း ျဖစ္ၿပီး (၂၀၁၆)ခုႏွစ္ ဒီဇင္ဘာလ(၄)ရက္ေန႔တြင္ အထက္တန္းေက်ာင္းအျဖစ္ တိုးျမႇင့္ခံရျခင္းအျဖစ္ (၂၅)ႏွစ္ျပည့္မွာ ျဖစ္ေၾကာင္းႏွင့္ အဆိုပါေက်ာင္း၏ သက္တမ္းမွာ (၆၃)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု -  စိုးထြန္းႏိုင္ ( ေကာင္းဆက္လင္း )

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင် တာလမြေို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)၏ အထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ခံရခြင်း (၂၅)နှစ်ပြည့် ငွေရတုပွဲနှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ အငြိမ်းစားဆရာကြီးနှင့်ဆရာမကြီး (၁၂)ဦး တက်ရောက် အပူဇော်ခံခဲ့ကြကြောင်း သိရသည်။

"ချောက်မြို့ နဲ့ ပုသိမ်ကြီးက အငြိမ်းစားဆရာမနှစ်ဦးကို ပွဲတက်ရောက်ပေးဖို့ ပွဲကျင်းပရေးကပဲ အသွားအပြန် စရိတ်ငြိမ်းနဲ့ လှမ်းခေါ်ပါတယ်။ အခု ကန်တော့တဲ့အထဲမှာ အငြိမ်းစား ဆရာကြီး နဲ့ ဆရာမကြီး (၁၂)ဦး။ အသက်(၅၀)အထက် ဆရာ၊ ဆရာမ (၅)ဦးကို ကန်တော့ကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကျောင်းမှာ ရှိတဲ့ ဆရာ၊ဆရာမ (၁၈)ဦးကိုလည်း အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးကြပါတယ်"ဟု အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ကျောင်းသားဟောင်းဖြစ်သူ ကိုရဲခိုင်က ပြောသည်။

"ကျွန်တော်တို့ ကျောင်းသားဟောင်းများအနေနဲ့ ဒီပွဲနဲ့ ပတ်သက်ပြီး ပွဲဖြစ်မြေက်ရေးအတွက် ပါဝင်ကူညီ လှူဒါန်းကြတဲ့ ငွေတွေထဲက စာရင်းလုပ်ပြီးလို့ ပိုလာရင်၊ နောက်နှစ်တွေအတွက် ငွေပဒေသာပင်အနေနဲ့ ထားရှိသွားပြီး နှစ်စဉ်ကျင်းပနိုင်ရန်အတွက် ရည်ရွယ်ထားကြပါတယ်"ဟု၎င်းကပြောသည်။

အခြေခံပညာအထက်တန်းကျောင်း(တာလေ)၏ ငွေရတုပွဲနှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲတွင် ဖျော်ဖြေရေးအနဖြေင့် ကျောင်းသားဟောင်းများ သီဆိုဖျော်ဖြကြပြေီး KG တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

​"ကျောင်​းအုပ်​ကြီး အဆင်​့ဆင်​့​​ပြောပြတဲ့ စကား​ကြောင်​့ တာ​လေ အ.ထ.က ဖြစ်​​ပေါ်လာပုံကို ပိုသိခွင်​့ ရခဲ့လာတယ်​။ ဒီအထဲက ​ကျောင်​းအုပ်​ဆရာမကြီး တစ်​​ယောက်​က အခုအသက်​ ၇၉ ရှိပြီဖြစ်​နိုင်​ရင်​ ဒီလို​အမှတ်​ရ​စေမည်​့​ပျော်​ရွှင်​ပွဲ ​ရွှေရတုကိုလည်​း​တွေ့ချင်​တယ်​​ပေါ့။ ဒါ​ပေမဲ့ အားတင်​းထားလို့ရနိုင်​မလား​တော့မသိဘူးလို့​ပြောလာတာနဲ့ ဝမ်​းနည်​းမိလို့ မျက်​ရည်​​တောင်​ဝဲသွားတယ်​ဗျာ"ဟု အခြေခံပညာအထက်တန်းကျောင်း (တာလေ)မှ ကျောင်းသားဟောင်းဖြစ်သူ ကိုသန့်ဇင်လတ်က ပြောသည်။

ယင်းအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(တာလေ)၏ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများနှင့် တာချီလိတ်မြို့နယ်ပညာရေးမှူး နှင့် ကျောင်းသားဟောင်းများ၊ လက်ရှိ ကျောင်းသား၊ ကျောင်းသူများ အပြင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တာလမြေို့ အခြေခံပညာအထက်တန်းကျောင်းသည် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအဖြစ် (၁၉၅၃) ခုနှစ်တွင် စတင်ခဲ့ပြီး၊ မူလတန်းအဆင့် အဖြစ် (၁၉၅၈)ခုနှစ်တွင် လည်းကောင်း၊ အလယ်တန်းအဆင့် အဖြစ် (၁၉၆၇)ခုနှစ်တွင် လည်းကောင်း၊ အထက်တန်းကျောင်း အဖြစ် (၁၉၉၁)ခုနှစ်တွင် လည်းကောင်း တိုးမြှင့်ခဲ့ခြင်း ဖြစ်ပြီး (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ခံရခြင်းအဖြစ် (၂၅)နှစ်ပြည့်မှာ ဖြစ်ကြောင်းနှင့် အဆိုပါကျောင်း၏ သက်တမ်းမှာ (၆၃)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စိုးထွန်းနိုင် ( ကောင်းဆက်လင်း )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~