ပံုပါက်င္ၿမိဳ႕ရွိ ကုိးကန္႔တိုင္းရင္းသားမ်ားအတြက္ ႏိုင္ငံသားစိစစ္ေရး ကြင္းဆင္းေဆာင္ရြက္

ပံုပါက်င္ၿမိဳ႕ရွိ ကုိးကန္႔တိုင္းရင္းသားမ်ားအတြက္ ႏိုင္ငံသားစိစစ္ေရး ကြင္းဆင္းေဆာင္ရြက္
ဒီဇင်ဘာ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္၊ ပုံပါက်င္ၿမိဳ႕ ၊ မိုင္းဟန္ေက်းရြာအုပ္စု ၊ နားေကာင္းမူးေက်းရြာတြင္ ေနထိုင္လ်ွက္ရိွသည့္ ကုိးကန္႔တိုင္းရင္းသား အိမ္ေထာင္စု(၄၃)စုအား ႏိုင္ငံသားစိစစ္ျခင္းလုပ္ငန္းကို ဒီဇင္ဘာလပထမပတ္အတြင္းက ကြင္းဆင္းေဆာင္ရြက္ေၾကာင္း သိရသည္။

"အရင္က ေကာက္ခံထားတ့ဲ အိမ္ေထာင္စုစာရင္းေတြအရ အိမ္ေထာင္စု(၂၁၀)ကုိ ႏိုင္ငံသားမွန္ကန္မွဳရိွ/မရိွ သူတို႔မူလေနထိုင္ခ့ဲၾကတ့ဲ ၿမိဳ႕နယ္ေတြကုိ ျပန္လည္စိစစ္ဖို႔ေဆာင္ရြက္ခ့ဲတာ ေလာက္ကုိင္န႔ဲ ကြတ္ခိုင္ၿမိဳ႕နယ္ေတြက(၄၃)မွဳ ျပန္ၾကားလာတ့ဲအတြက္ အ့ဲဒီအိမ္ေထာင္စုေတြကုိ ေခၚယူစုစည္း/ စိစစ္စာရင္းေကာက္ယူၿပီး ျပည္နယ္ကုိျပန္တင္ျပသြားရမွာပါ"ဟု ၿမိဳ႕နယ္လဝကဦးစီးအရာရိွ ဦးသန္းထိုက္က ေျပာသည္။

ယခင္(၅)ႏွစ္ကာလအတြင္း မိုင္းတံုၿမိဳ႕နယ္တြင္ ကုိးကန္႔တိုင္းရင္းသား အမည္ခံ ေရာက္ရိွ ေနထိုင္လ်ွက္ရိွသည့္ အိမ္ေထာင္စု(၃၆၁)စုအနက္ အတည္ျပဳလ်ာထားသည့္ အိမ္ေထာင္စု(၂၁၀)ကို ပဏာမ စိစစ္ေတြ႔ရိွခ်က္အရ ၎တို႔ မူလေနထိုင္ခ့ဲရာ ႐ွမ္းျပည္နယ္(ေျမာက္ပုိင္း)ၿမိဳ႕နယ္အသီးသီး၏ လူဝင္မႈႀကီးၾကပ္ေရး႐ုံးမ်ားသုိ႔ ေမးျမန္းစိစစ္မွဳအရ အေၾကာင္းျပန္ၾကားလာသည့္ အိမ္ေထာင္စု(၄၃)စုအား အိမ္ေထာင္စုစာရင္းပုံစံ(၆/၆၆)ထုတ္ေပးႏိုင္ေရး ကြင္းဆင္းေဆာင္ရြက္ခ့ဲၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿမိဳ႕နယ္အတြင္းေရာက္ရ္ွိ အေျခခ်ေနထိုင္လွ်က္ရိွေသာ ကုိးကန္႔တိုင္းရင္းသားႏွင့္ တ႐ုတ္လူမ်ိဳး အမ်ားစုမွာ ႏိုင္ငံေတာ္ထံ လက္နက္အပ္ႏွံခ့ဲသည့္ အမ္တီေအတပ္ဖြ႕ဲဝင္ေဟာင္းအမ်ားစု ပါဝင္ေနေၾကာင္း သိရသည္။

သတင္း - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာတွင် နေထိုင်လျှက်ရှိသည့် ကိုးကန့်တိုင်းရင်းသား အိမ်ထောင်စု(၄၃)စုအား နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလပထမပတ်အတွင်းက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

"အရင်က ကောက်ခံထားတဲ့ အိမ်ထောင်စုစာရင်းတွေအရ အိမ်ထောင်စု(၂၁၀)ကို နိုင်ငံသားမှန်ကန်မှုရှိ/မရှိ သူတို့မူလနေထိုင်ခဲ့ကြတဲ့ မြို့နယ်တွေကို ပြန်လည်စိစစ်ဖို့ဆောင်ရွက်ခဲ့တာ လောက်ကိုင်နဲ့ ကွတ်ခိုင်မြို့နယ်တွေက(၄၃)မှု ပြန်ကြားလာတဲ့အတွက် အဲ့ဒီအိမ်ထောင်စုတွေကို ခေါ်ယူစုစည်း/ စိစစ်စာရင်းကောက်ယူပြီး ပြည်နယ်ကိုပြန်တင်ပြသွားရမှာပါ"ဟု မြို့နယ်လဝကဦးစီးအရာရှိ ဦးသန်းထိုက်က ပြောသည်။

ယခင်(၅)နှစ်ကာလအတွင်း မိုင်းတုံမြို့နယ်တွင် ကိုးကန့်တိုင်းရင်းသား အမည်ခံ ရောက်ရှိ နေထိုင်လျှက်ရှိသည့် အိမ်ထောင်စု(၃၆၁)စုအနက် အတည်ပြုလျာထားသည့် အိမ်ထောင်စု(၂၁၀)ကို ပဏာမ စိစစ်တွေ့ရှိချက်အရ၎င်းတို့ မူလနေထိုင်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်အသီးသီး၏ လူဝင်မှုကြီးကြပ်ရေးရုံးများသို့ မေးမြန်းစိစစ်မှုအရ အကြောင်းပြန်ကြားလာသည့် အိမ်ထောင်စု(၄၃)စုအား အိမ်ထောင်စုစာရင်းပုံစံ(၆/၆၆)ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်အတွင်းရောက်ရှိ် အခြေချနေထိုင်လျှက်ရှိသော ကိုးကန့်တိုင်းရင်းသားနှင့် တရုတ်လူမျိုး အများစုမှာ နိုင်ငံတော်ထံ လက်နက်အပ်နှံခဲ့သည့် အမ်တီအေတပ်ဖွဲ့ဝင်ဟောင်းအများစု ပါဝင်နေကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~