တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်နေလျှက်ရှိသည့် ကျောက်ကပ်ဆေးစက် အမြန်ဆုံး ၀ယ်ယူနိုင်ရန် တာချီလိတ်ရှိ စေတနာရှင်များမှ စုပေါင်း လှူဒါန်းလိုက်ရာ ကျပ်သိန်း (၂၂၀)ရရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဝေဒနာရှင်များအတွက် ကုသပေးနိုင်ရန် ကျောက်ကပ်ဆေးစက် ၀ယ်ယူရေးအတွက် မြင့်ဦးအောင်ကုမ္ပဏီမှ ဦးမြင့်ဦး(မုတ်ဆိတ်) မိသားစုက ကျပ်သိန်း (၁၀၀)၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး နှင့် ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး မိသားစုက ကျပ်သိန်း(၅၀)၊ စိုင်းလောဝ်ဟိန်းနှင့်စိုင်းဝဏ္ဏသတ္တူတူးဖော်ရေးကုမ္ပဏီတို့မှ ဦးတင်နွယ် မိသားစုက ကျပ်သိန်း(၅၀)၊ တော်ဝင်ဆီပန့်မှ ဦးကြည်မြင့် မိသားစုက ကျပ်(၁၀)သိန်း နှင့် အဆွေတော်မိသားစု (၂၄)နာရီအထူးကု ဆေးခန်း (ရောဂါရှာဖွေရေး စင်တာ)ပိုင်ရှင် ဦးတင်လှိုင် မိသားစုက ကျပ်(၁၀)သိန်း အပါအ၀င် စုစုပေါင်း ကျပ်သိန်း(၂၂၀)အား စုပေါင်း လှူဒါန်းခဲ့ကြသည်။
"တကယ်တော့ ရောဂါဝေဒနာရှင်များအတွက် ဒီကျောက်ကပ်ဆေးစက် တစ်လုံးတည်းနဲ့ အလုပ်မဖြစ်ပါဘူး၊ အနည်းဆုံး (၃)လုံးလောက်နဲ့မှ အဆင်ပြေမှာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်မို့ ကျွန်တော့် အနေနဲ့ရော၊ ရှမ်းပြည်နယ်အစိုးရ အနေနဲ့ရော ကူညီနိုင်တာကို ကြိုးစားပြီး ထပ်ကူညီပေးပါ့မယ်၊ အခုလို လုပ်ငန်းရှင်များ အနေနဲ့ လှူဒါန်းပေးလာကြတဲ့ အတွက်လည်း ကျွန်တော့်အနေနဲ့ ၀မ်းမြောက်ဂုဏ်ယူပါတယ်၊"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အလှူငွေ ပေးအပ်ပွဲတွင် ပြောကြားသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ဆေးရုံရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ တာချီလိတ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင်ေဝဒနာရှင်များအတွက် ကုသပေးနိုင်ရန် ကျောက်ကပ်ဆေးစက် ဝယ်ယူရေးအတွက် မြင့်ဦးအောင်ကုမ္ပဏီမှ ဦးမြင့်ဦး(မုတ်ဆိတ်) မိသားစုက ကျပ်သိန်း (၁၀၀)၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး နှင့် ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး မိသားစုက ကျပ်သိန်း(၅၀)၊ စိုင်းလောဝ်ဟိန်းနှင့်စိုင်းဝဏ္ဏသတ္တူတူးဖော်ရေးကုမ္ပဏီတို့မှ ဦးတင်နွယ် မိသားစုက ကျပ်သိန်း(၅၀)၊ တော်ဝင်ဆီပန့်မှ ဦးကြည်မြင့် မိသားစုက ကျပ်(၁၀)သိန်း နှင့် အဆွေတော်မိသားစု (၂၄)နာရီအထူးကု ဆေးခန်း (ရောဂါရှာဖွေရေး စင်တာ)ပိုင်ရှင် ဦးတင်လှိုင် မိသားစုက ကျပ်(၁၀)သိန်း အပါအဝင် စုစုပေါင်း ကျပ်သိန်း(၂၂၀)အား စုပေါင်း လှူဒါန်းခဲ့ကြသည်။
"တကယ်တော့ ရောဂေါဝဒနာရှင်များအတွက် ဒီကျောက်ကပ်ဆေးစက် တစ်လုံးတည်းနဲ့ အလုပ်မဖြစ်ပါဘူး၊ အနည်းဆုံး (၃)လုံးလောက်နဲ့မှ အဆင်ပြေမှာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်မို့ ကျွန်တော့် အနေနဲ့ရော၊ ရှမ်းပြည်နယ်အစိုးရ အနေနဲ့ရော ကူညီနိုင်တာကို ကြိုးစားပြီး ထပ်ကူညီပေးပါ့မယ်၊ အခုလို လုပ်ငန်းရှင်များ အနေနဲ့ လှူဒါန်းပေးလာကြတဲ့ အတွက်လည်း ကျွန်တော့်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါတယ်၊"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အလှူငွေ ပေးအပ်ပွဲတွင် ပြောကြားသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ဆေးရုံရှိ အစည်းအေဝး ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ တာချီလိတ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အလှူငွေများ ပေးအပ်ရာတွင် အဆိုပါ စေတနာရှင်များမှ လှူဒါန်းလာရာ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ လက်ခံပေးပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်လိုက်သည်။
“ကျွန်တော်တို့ တာချီလိတ်ဘက်က တချို့ လူနာတွေက ဟိုဘက်ကမ်း(ထိုင်းဘက်)ကိုသွားပြီး ဆေးကုသမှုတွေ ခံယူကြတယ်။ ဟိုဖက်မှာ ဘယ်လောက်ကုန်ကုန် သွားကုတယ် ကြာလာရင် ပြည်သူလူထုမှာ ထွက်ငွေတွေများလာရင် အဆင်မပြေမှုတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် ပြည်သူ့ဆေးရုံမှာ လိုအပ်ချက်တွေ မရှိအောင် ထားဖို့လိုတယ်။ အခု လို စက်ရရှိရန်အတွက် ဆောင်ရွက်ခဲ့သလိုပဲ နောက်ထပ်လည်း စက်တစ်လုံးရရှိဖို့အတွက် ပြည်နယ်အစိုးရထံ ကျွန်တော် တင်ပြတောင်းခံပေးသွားဦးမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
တာချီလိတ်နပြေည်သူများ၏ ကျန်းမာရေးနှင့် အလုပ်အကိုင်ကိစ္စများကိုလည်း အဆင်ပြေစေရန်အတွက် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
"စက်ပစ္စည်းအတွက် ကုမ္ပဏီကတော့ ရှိပြီးသား ဝယ်ပြီးရင် ကုမ္ပဏီက လာဆင်ပေးမယ်၊ စက်ရပြီ ဆိုရင်တော့ ကျွန်တော်တို့ ဒီက ဆရာဝန်တစ်ယောက်ကို သင်တန်းပေးရမယ်၊ သင်တန်းပေးတာကတော့ (၂)လလောက် ကြာမှာပါ၊ ပြီးမှ အဲ့ဒီဆရာဝန်နဲ့ စက်နဲ့ ကုသပေးနိုင်မှာပါ၊ (၂)(၃)လအတွင်းမှာ အဲ့ဒီစက်နဲ့ ဆောင်ရွက်နိုင်တော့မှာပါ။ ဆေးရုံမှာ အဲ့ဒီစက်နဲ့ ဆောင်ရွက်နိုင်ပြီဆိုတဲ့ အချိန်ကြရင်လည်း ပြည်သူတွေ သိရှိအောင်လို့ အသိပေးသွားမှာပါ"ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ပြောသည်။