ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အခြေစိုက်သည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အမှတ်(၁၂) စစ်မြေပြင်ဆေးတပ်ရင်းနှင့် အမှတ်(၃) တပ်မတော်ဆေးရုံတို့ ၏ နယ်လှည့်ဆေးကုသရေးအဖွဲ့က ပါလျှံဗလီတွင် အနီးဝန်းကျင်မှ ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင် ပေးနေကြောင်း သိရသည်။
တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျိုင်းတုံမြို့အနီးတစ်ဝိုက်မှ ရပ်ကွက်၊ ကျေးရွာများတွင် တစ်လလျှင် (၃)ကြိမ်ခန့်  ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ဆေးရုံတက်၍ ကုသရန် လိုအပ်ပါက တပ်မတော် ဆေးရုံတွင် အခမဲ့ ကုသပေးနေကြောင်း သိရသည်။
"ကျွန်တော်တို့ ကို တပ်မတော်ကနေပြီးတော့ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲနဲ့  အခုလို ဆေးကုသပေးတာဟာ တတ်နိုင်တဲ့ လူကော မတတ်နိုင်တဲ့လူကော ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ၀မ်းသာဖို့ ကောင်းပါတယ်"ဟု ပါလျှံဗလီကြီးမှ အကျိုးတော်ဆောင် ဆရာတော်ဖြစ်သည့် ဦးစိုးလွင်က ပြောသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
"ကျွန်တော်တို့ကတော့ အရင်တုန်းကတော့ ရပ်ကွက်၊ ကျေးရွာတွေမှာပဲလိုက်ပြီးတော့ ကုသပေးနေတာ ဖြစ်ပါတယ်။ ဗလီတွေကိုတော့ မရောက်ဖြစ်ဘူး။ ဒီနေ့မှ ရောက်ဖြစ်တာပါ။ အဓိကကတော့ ကျွန်တော်တို့ တပ်မတော်က လူမျိုး၊ဘာသာ ခွဲခြားတာမရှိဘဲနဲ့ ဆေးကုသမှုအပိုင်းမှာ တစ်ပြေးညီကုပေးနေတယ်ဆိုတာ ပြည်သူလူထုကို သိစေချင်တာပါ"ဟု အမှတ်(၁၂)ခြမြေန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးဝင်းမြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျိုင်းတုံမြို့အနီးတစ်ဝိုက်မှ ရပ်ကွက်၊ ကျေးရွာများတွင် တစ်လလျှင် (၃)ကြိမ်ခန့် ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနခြေင်းဖြစ်ပြီး ဆေးရုံတက်၍ ကုသရန် လိုအပ်ပါက တပ်မတော် ဆေးရုံတွင် အခမဲ့ ကုသပေးနေကြောင်း သိရသည်။
"ကျွန်တော်တို့ကို တပ်မတော်ကနပြေီးတော့ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲနဲ့ အခုလို ဆေးကုသပေးတာဟာ တတ်နိုင်တဲ့ လူကော မတတ်နိုင်တဲ့လူကော ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဝမ်းသာဖို့ကောင်းပါတယ်"ဟု ပါလျှံဗလီကြီးမှ အကျိုးတော်ဆောင် ဆရာတော်ဖြစ်သည့် ဦးစိုးလွင်က ပြောသည်။
လာရောက်ကုသမှု ခံယူသည့် လူနာများတွင် ရာသီအလိုက်ဖြစ်တတ်သည့်ရောဂါများ အများဆုံးဖြစ်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများကိုလည်း တွေ့ရကြောင်း တပ်မတော်ဆေးရုံမှ ဗိုလ်မှူးအောင်ကိုကိုထံမှ သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်