ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ိဳင္းတုံၿမိဳ႕တြင္ အာခါတိုင္းရင္းသားမ်ားအားလံုး ပါ၀င္ဆင္ႏႊဲမည့္ (၄၂)ႀကိမ္ေျမာက္ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ (၂၇)ရက္ေန ့ညေနပိုင္းမွ စတင္ကာ ၿမိဳ႕မအားကစားကြင္းတြင္ (၃)ရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီႏွစ္သစ္ကူးပြဲေတာ္ဟာ ယုံၾကည္ကိုးကြယ္မႈဘာသာေတြအရ မဟုတ္ဘဲနဲ ့ အာခါတိုင္းရင္းသားအားလုံး စုေပါင္းပါ၀င္တဲ့ ႏွစ္သစ္ကူးပြဲေတာ္ ျဖစ္ပါတယ္။ကၽြန္ေတာ္တို က ဒီ(၂၀၁၆)ေမ်ာက္ႏွစ္ကေနၿပီးေတာ့ ၾကက္ႏွစ္ျဖစ္တဲ့ (၂၀၁၇)ကို ကူးမွာျဖစ္ပါတယ္။"ဟု ႏွစ္သစ္ကူးပြဲေတာ္ ျဖစ္ေျမာက္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးေသာင္းေက်ာ္က ေျပာသည္။
ႏွစ္သစ္ကူးပြဲေတာ္ကို ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ တစ္ခုလုံးမွ အာခါတိုင္းရင္းသား မ်ားအားလုံး လာေရာက္ၾကမည္ျဖစ္ၿပီး ပြဲေတာ္အတြင္းတြင္ ရိုးရာယဥ္ေက်းမႈ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ပါ၀င္မည္ျဖစ္ၿပီး ဒီဇင္ဘာလ (၂၈)ရက္ေန႔ နံနက္ပိုင္းတြင္ ႏွစ္သစ္ကူး အခမ္းအနားႏွင့္ မိတ္ဆုံစားပြဲကို က်င္းပသြားမည္ျဖစ္ကာ ထိုေန ့တြင္ပင္ ေမ်ာက္ႏွစ္မွ ၾကက္ႏွစ္သို ့ ႏွစ္သစ္ကူးသြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
အာခါႏွစ္ကူးပြဲေတာ္ကို ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ သီးသန္႔ျပဳလုပ္ေလ့ရွိၿပီးေနာက္ က်ဳိင္းတံုတြင္ လာေရာက္စုေပါင္း၍ က်င္းပေလ့ရွိေၾကာင္း သိရသည္၊
"အစဥ္အလာအရ ကၽြန္ေတာ္တို ့ ပြဲက်င္းပလာတာ ၾကာပါျပီ။ အရင္တုန္းက ၾကားေနတဲ့ တစ္ျခားေနရာ ေတြမွာ လုပ္တာက သူတို ့သီးသန္႔ လုပ္ၾကတာျဖစ္ပါတယ္။ တာခ်ီလိတ္တို ့ဘာတို ့ မွာလုပ္တာက ယုံၾကည္ကိုးကြယ္မႈအရ ရိုးရာအဖြဲ ့ေတြက သီးသန္ ့လုပ္ၾကတာပါ။ အဲဒါၿပီးတာနဲ ့ သူတို ့က ဒီက်ိဳင္းတုံမွာ လာေပါင္းျပီး လုပ္ၾကပါတယ္။ အခုခ်ိန္ထိလည္း ဒီလိုဘဲ လုပ္ေနၾကပါတယ္။"ဟု ဦးေသာင္းေက်ာ္က ေျပာသည္။
ဒီဇင္ဘာလမွာ အာခါတိုင္းရင္းသားမ်ားအတြက္ ႏွစ္သစ္ကူးရာသီလျဖစ္ၿပီး အာခါတိုင္းရင္းသားမ်ား စုေပါင္း၍ ႏွစ္သစ္ကူးသည့္ အစဥ္အလာကို မေပ်ာက္ပ်က္ေစရန္ ရည္ရြယ္၍ ပြဲက်င္းပရျခင္းျဖစ္သည့္ အတြက္ ရွမ္းအေရွ႕ရိွ အျခားေသာၿမိဳ႕မ်ားမွ အာခါတိုင္းရင္းသားမ်ားမွာလည္း ႏွစ္သစ္ကူးပြဲေတာ္ကို ဆင္ႏႊဲရန္ က်ိဳင္းတုံျမိဳ ့သို ့ ေရာက္ရိွေနၾကျပီျဖစ္ေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် အာခါတိုင်းရင်းသားများအားလုံး ပါဝင်ဆင်နွှဲမည့် (၄၂)ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၂၇)ရက်နေ့ညနေပိုင်းမှ စတင်ကာ မြို့မအားကစားကွင်းတွင် (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ်သစ်ကူးပွဲတော်ဟာ ယုံကြည်ကိုးကွယ်မှုဘာသာတွေအရ မဟုတ်ဘဲနဲ့ အာခါတိုင်းရင်းသားအားလုံး စုပေါင်းပါဝင်တဲ့ နှစ်သစ်ကူးပွဲတော် ဖြစ်ပါတယ်။ကျွန်တော်တို က ဒီ(၂၀၁၆)မျောက်နှစ်ကနပြေီးတော့ ကြက်နှစ်ဖြစ်တဲ့ (၂၀၁၇)ကို ကူးမှာဖြစ်ပါတယ်။"ဟု နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသောင်းကျော်က ပြောသည်။
နှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တစ်ခုလုံးမှ အာခါတိုင်းရင်းသား များအားလုံး လာရောက်ကြမည်ဖြစ်ပြီး ပွဲတော်အတွင်းတွင် ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် နှစ်သစ်ကူး အခမ်းအနားနှင့် မိတ်ဆုံစားပွဲကို ကျင်းပသွားမည်ဖြစ်ကာ ထိုနေ့တွင်ပင် မျောက်နှစ်မှ ကြက်နှစ်သို့ နှစ်သစ်ကူးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
အာခါနှစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သီးသန့်ပြုလုပ်လေ့ရှိပြီးနောက် ကျိုင်းတုံတွင် လာရောက်စုပေါင်း၍ ကျင်းပလေ့ရှိကြောင်း သိရသည်၊
"အစဉ်အလာအရ ကျွန်တော်တို့ ပွဲကျင်းပလာတာ ကြာပါပြီ။ အရင်တုန်းက ကြားနေတဲ့ တစ်ခြားနေရာ တွေမှာ လုပ်တာက သူတို့သီးသန့် လုပ်ကြတာဖြစ်ပါတယ်။ တာချီလိတ်တို့ဘာတို့ မှာလုပ်တာက ယုံကြည်ကိုးကွယ်မှုအရ ရိုးရာအဖွဲ့တွေက သီးသန့်လုပ်ကြတာပါ။ အဲဒါပြီးတာနဲ့ သူတို့က ဒီကျိုင်းတုံမှာ လာပေါင်းပြီး လုပ်ကြပါတယ်။ အခုချိန်ထိလည်း ဒီလိုဘဲ လုပ်နကြေပါတယ်။"ဟု ဦးသောင်းကျော်က ပြောသည်။
ဒီဇင်ဘာလမှာ အာခါတိုင်းရင်းသားများအတွက် နှစ်သစ်ကူးရာသီလဖြစ်ပြီး အာခါတိုင်းရင်းသားများ စုပေါင်း၍ နှစ်သစ်ကူးသည့် အစဉ်အလာကို မပျောက်ပျက်စေရန် ရည်ရွယ်၍ ပွဲကျင်းပရခြင်းဖြစ်သည့် အတွက် ရှမ်းအရှေ့ရှိ အခြားသောမြို့များမှ အာခါတိုင်းရင်းသားများမှာလည်း နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရန် ကျိုင်းတုံမြို့သို့ ရောက်ရှိနကြပြေီဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်