ေတာင္ႀကီးခရိုင္အတြင္း ၿမိဳ႕(၉) ၿမိဳ႕တြင္" အ " သံုးလံုးသင္ၾကားမည္

ေတာင္ႀကီးခရိုင္အတြင္း ၿမိဳ႕(၉) ၿမိဳ႕တြင္" အ " သံုးလံုးသင္ၾကားမည္
ဒီဇင်ဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခရိုင္အတြင္း " အ " သံုးလံုး စာသင္ၾကားနိုင္ရန္အတြက္ ၿမိဳ႕နယ္ (၉)ခုတြင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္(ေတာင္ပိုင္း) ျပည္နယ္ပညာေရးမွဴးရံုး ၊ ညြန္ၾကားေရးမွဴး ဦးျမင့္ေအာင္ ထံမွ သိရသည္။

“ေစာေစာပိုင္း လ်ာထားျခင္းမွာ ဒီဇင္ဘာ ၂၁ ကေန ဇန္န၀ါရီ လကုန္ထိ အၾကမ္းဖ်ဥ္း လ်ာထားပါတယ္။ သို႔ေသာ္လည္း ရရွိလာတဲ့အေနအထားအရ  ေနာက္ကို နည္းနည္းဆုတ္မယ္လို႔သိရပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးေတြရဲ႕ ၀တ္စံု သင္တန္းသားေတြအတြက္လိုအပ္တဲ့ စာအုပ္ ေတြ စီစဥ္ဖို႔ ရွိတဲ့အတြက္ပါ “ဟု ဦးျမင့္ေအာင္က ေျပာသည္။

ေတာင္ႀကီးခရိုင္အတြင္း (၁၀)ၿမိဳ႕နယ္အနက္ ပင္းတယၿမိဳ႕နယ္အား အားလံုးစာတတ္ေျမာက္သည့္ ၿမိဳ႕နယ္အျဖစ္ သတ္မွတ္ထားၿပီး  က်န္ၿမိဳ႕နယ္ (၉)ခုျဖစ္သည့္ ေတာင္ႀကီး၊ ဟိုပံုး၊ေညာင္ေရႊ၊ ကေလာ၊ ဆီဆိုင္၊ ရြာငံ၊ ရပ္ေစာက္၊ ပင္ေလာင္း၊ ဖယ္ခံု တို႔တြင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၉) ၿမိဳ႕နယ္အတြင္း စာသင္ရမည့္သူ (၂၆၇၀၀) ေက်ာ္ရိွၿပီး သင္ၾကားေပးမည့္ ဆရာ ဦးေရ  (၂၂၇၂ )ဦး ရိွေၾကာင္း သိရသည္။

စာသင္ၾကားနိုင္ရန္အတြက္ အသက္အုပ္စု သံုးပိုင္းခဲြျခားထားၿပီး အသက္ (၁၅) ႏွစ္မွ(၂၄)ႏွစ္အထိ၊ အသက္ (၂၅)ႏွစ္မွ (၄၅)ႏွစ္အထိ ၊ အသက္ (၄၅) ႏွစ္မွအထက္ဟု ခြဲျခားထားေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း " အ " သုံးလုံး စာသင်ကြားနိုင်ရန်အတွက် မြို့နယ် (၉)ခုတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး၊ ညွန်ကြားရေးမှူး ဦးမြင့်အောင် ထံမှ သိရသည်။

“စောစောပိုင်း လျာထားခြင်းမှာ ဒီဇင်ဘာ ၂၁ ကနေ ဇန်နဝါရီ လကုန်ထိ အကြမ်းဖျဉ်း လျာထားပါတယ်။ သို့သော်လည်း ရရှိလာတဲ့အနေအထားအရ နောက်ကို နည်းနည်းဆုတ်မယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ ဝတ်စုံ သင်တန်းသားတွေအတွက်လိုအပ်တဲ့ စာအုပ် တွေ စီစဉ်ဖို့ ရှိတဲ့အတွက်ပါ “ဟု ဦးမြင့်အောင်က ပြောသည်။

တောင်ကြီးခရိုင်အတွင်း (၁၀)မြို့နယ်အနက် ပင်းတယမြို့နယ်အား အားလုံးစာတတ်မြောက်သည့် မြို့နယ်အဖြစ် သတ်မှတ်ထားပြီး ကျန်မြို့နယ် (၉)ခုဖြစ်သည့် တောင်ကြီး၊ ဟိုပုံး၊ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၉) မြို့နယ်အတွင်း စာသင်ရမည့်သူ (၂၆၇၀၀) ကျော်ရှိပြီး သင်ကြားပေးမည့် ဆရာ ဦးရေ (၂၂၇၂ )ဦး ရှိကြောင်း သိရသည်။

စာသင်ကြားနိုင်ရန်အတွက် အသက်အုပ်စု သုံးပိုင်းခွဲခြားထားပြီး အသက် (၁၅) နှစ်မှ(၂၄)နှစ်အထိ၊ အသက် (၂၅)နှစ်မှ (၄၅)နှစ်အထိ၊ အသက် (၄၅) နှစ်မှအထက်ဟု ခွဲခြားထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~