နတ်မောက် - နေပြည်တော် အဝေးပြေးလမ်း တစ်ဖက်နိမ့်နေ၍ ယာဉ်မှောက်မှု မကြာခဏဖြစ်

နတ်မောက် - နေပြည်တော် အဝေးပြေးလမ်း တစ်ဖက်နိမ့်နေ၍ ယာဉ်မှောက်မှု မကြာခဏဖြစ်
ဒီဇငျဘာ 29, 2016
By Tachileik News Agency

နတ်မောက် - နေပြည်တော်သွားရာ အဝေးပြေးလမ်းမကြီးပေါ်ရှိ လေးအိမ်အဆင်းလမ်း မိုင်တိုင်အမှတ် ၅၆/၃ ဖာလုံ နေရာ၌ လမ်းပိုင်းတစ်ဖက် နိမ့်ဆင်းနေသောကြောင့် ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်လျှက်ရှိပြီး မောင်းနှင်သူများ အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။




အဆိုပါနေရာတွင် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေရာ ဆီတွဲကားများ ညအချိန်မတော် တိမ်းမှောက်မှုဖြစ်ပွားပါက လေးအိမ်ကျေးရွာအတွက် မီးဘေးအန္တရာယ်ကျရောက်မည်ကို ကျေးရွာနေပြည်သူ များ စိုးရိမ်နေကြကြောင်း သိရသည်။

သတင်း - ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
နတ်မောက် - နပြေည်တော်သွားရာ အဝေးပြေးလမ်းမကြီးပေါ်ရှိ လေးအိမ်အဆင်းလမ်း မိုင်တိုင်အမှတ် ၅၆/၃ ဖာလုံ နေရာ၌ လမ်းပိုင်းတစ်ဖက် နိမ့်ဆင်းနေသောကြောင့် ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်လျှက်ရှိပြီး မောင်းနှင်သူများ အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

"ဒီနေရာက တော်တော်ဆိုးတယ်။ ထင်သာမြင်သာတဲ့ သတိပေးဆိုင်းဘုတ်တွေ တပ်ဆင်ပေးဖို့လိုတယ်။ ကျန်တဲ့ အဝေးပြေး လမ်းမကြီးတွေလို အရှိန်လျှော့တုံးတွေ ထားစေချင်တယ်။ တချို့ကားသမားတွေက လမ်းအနေအထားကို မသိကြဘူးလေ။ အဆင်းလမ်းကလည်းဖြစ်သေး လိမ်ပြီးတစ်ဖက်နိမ့်ဆင်းနေတော့ ဝိတ်နဲ့လာတဲ့ကားကြီးတွေ အကွေ့မှာ အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ကြတာ”ဟု ကားကြီးမောင်သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ဆန်တင်ကားနှင့် သစ်သီးကားများ မကြာခဏတိမ်းမှောက်နေကြောင်း သိရသည်။

 “ဆောက်လုပ်ရေးကို တင်ပြထားတာ (၂)လကျော်ပြီ။ ဆိုင်းဘုတ်လေးတစ်ခုတော့ လုပ်သွားပေးပါတယ်။ ကားလဲသွားရင် ပြန်မတ်ဖို့အတွက် ဘက်ဟိုး ဒိုဇာ တစ်စီးမှ မရှိဘူး။ လဲပြီဆိုရင် ၃၆မိုင်လောက်ဝေးတဲ့ မကွေးကို လှမ်းပြီး အခကြေးငွေနဲ့အကူအညီတောင်းရတယ်။ တစ်နေ့က တိမ်းမှောက်တဲ့ ဆီတွဲကားဆို ဒီဇယ်ကားဖြစ်နေလို့ပေါ့ ဓာတ်ဆီကားသာဆို ရွာအတွက် မတွေးဝံ့ဘူး။ ဒီလောက် အန္တရာယ်များနေတဲ့ လမ်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာပြီး အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးသင့်တယ်”ဟု လေးအိမ်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ပွင့်က ပြောသည်။

အဆိုပါနေရာတွင် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေရာ ဆီတွဲကားများ ညအချိန်မတော် တိမ်းမှောက်မှုဖြစ်ပွားပါက လေးအိမ်ကျေးရွာအတွက် မီးဘေးအန္တရာယ်ကျရောက်မည်ကို ကျေးရွာနပြေည်သူ များ စိုးရိမ်နကြေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~