ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရှစ်လေးလုံး(၈.၈.၈.၈)အထိမ်းအမှတ် ပြည်သူ့ အရေးတော်ပုံ ဒီမိုကရေစီ မော်ကွန်းကျောက်တိုင်ဖွင့်ပွဲကို ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
အဆိုပါ မော်ကွန်းကျောက်တိုင်အား တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း၌ စိုက်ထူလိုက်ခြင်းဖြစ်ပြီး ဖွင့်ပွဲတွင် ပင်လုံပြခန်း၊ ဗိုလ်ချုပ်အထ္ထုပတ္တိ ပြခန်း၊ ဖဒရယ်ပြခန်းများနှင့် အမှတ်တရဓာတ်ပုံပြခန်းများ ဖွင့်လှစ်ပြသထားရှိပြီး ညနေ (၆)နာရီအချိန်တွင် ဆီမီးထွန်းညှိခြင်း နှင့် မီးပုံးပျံလွတ်တင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
အဆိုပါ မော်ကွန်းကျောက်တိုင်အား တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း၌ စိုက်ထူလိုက်ခြင်းဖြစ်ပြီး ဖွင့်ပွဲတွင် ပင်လုံပြခန်း၊ ဗိုလ်ချုပ်အထ္ထုပတိ္တ ပြခန်း၊ ဖဒရယ်ပြခန်းများနှင့် အမှတ်တရဓာတ်ပုံပြခန်းများ ဖွင့်လှစ်ပြသထားရှိပြီး ညနေ (၆)နာရီအချိန်တွင် ဆီမီးထွန်းညှိခြင်း နှင့် မီးပုံးပျံလွတ်တင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးခွန်စံလွင်၊ ရှစ်လေးလုံး ဆရာတော် ဦးခေမာနန္ဒ၊ ရှမ်းလေးလုံးကျောင်းသားဟောင်းများနှင့် ဒေသခံများ လူဦးရေ (၆၀၀)ဝန်းကျင် တက်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နိုနို