၈၈ မ်ဳိးဆက္မွ ထုတ္ေဝသည့္ စာအုပ္ေၾကာင့္ နစ္နာေၾကး သိန္း(၅၀၀)ရလိုမႈျဖင့္ တရားစြဲဆို

၈၈ မ်ဳိးဆက္မွ ထုတ္ေဝသည့္ စာအုပ္ေၾကာင့္ နစ္နာေၾကး သိန္း(၅၀၀)ရလိုမႈျဖင့္ တရားစြဲဆို
ဒီဇင်ဘာ 15, 2016
By Tachileik News Agency

၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႔အစည္း၏ လယ္ယာစီးပြားႏွင့္ ေတာင္သူ လယ္သမားေရးရာဌာနမွ ထုတ္ေဝခဲ့သည့္ ေတာင္ယာခင္းႏွင့္ ေသြးခ်င္းမ်က္ရည္ စာအုပ္ပါ အခ်က္ အလက္မွာ ဂုဏ္သိကၡာကို ထိခိုက္ေစသည္ဟုဆို၍ တရားမမႈျဖင့္စြဲဆိုထားမႈ ဒီဇင္ဘာလ (၁၅) ရက္တြင္ စတင္စစ္ေဆးေၾကာင္း သိရသည္။

“အခု တရားလိုက ၿခံေျမကို မတရား က်ဴးေက်ာ္ခဲ့တဲ့လူဆိုၿပီး စာအုပ္ထဲမွာ ထုတ္ေဝခဲ့တယ္။ အဲဒီအတြက္ ေၾကာင့္ အသေရဖ်က္မႈနဲ႔ မစြဲခဲ့ဘူး။ နစ္နာေၾကးအေနနဲ႔ စြဲခဲ့တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဂုဏ္သိကၡာ တစ္ခုကို ကာကြယ္လိုတဲ့ ဆႏၵတစ္ခုနဲ႔ပါ။ ဒီစာအုပ္က တစ္ႏိုင္ငံလုံးကိုျဖန္႔ေဝတယ္။ ဒါေတာင္မကဘူး။ ဘယ္သူမဆို ကူးယူျဖန္႔ခ်ိႏိုင္တယ္ ဆိုၿပီးေတာ့ ထပ္ၿပီး ျဖန္႔ေဝလိုက္တယ္”  ဟု တရားလို အက်ဳိးေဆာင္ေရွ႕ေန ေဒၚပန္းအိျဖဴက ေျပာသည္။

ဦးရန္လင္းေအာင္က အဆိုပါ စာအုပ္ပါ အခ်က္အလက္မ်ားေၾကာင့္ ဂုဏ္သိကၡာကို ထိခိုက္ေစသျဖင့္ နစ္နာေၾကး တရားမ အမႈျဖင့္ အမႈဖြင့္ တရားစြဲဆိုထားျခင္းျဖစ္ၿပီး ဒီဇင္ဘာလ ၁၅ ရက္ေန႔ ပထမဆုံး ႐ုံးခ်ိန္းတြင္ တရားၿပိဳင္ျဖစ္သည့္ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႔အစည္းမွ  မြန္ျပည္နယ္ ေမာ္လၿမိဳင္ခရိုင္ တရား႐ုံးတြင္ လာေရာက္ တရားရင္ဆိုင္ေၾကာင္း သိရသည္။

“စာအုပ္မွာပါတဲ့ အခ်က္ေၾကာင့္ တရားလိုက ကၽြန္မတို႔ကို လူမႈေရးရာ နစ္နာတယ္ ဆိုၿပီးေတာ့ ေလ်ာ္ေၾကး သိန္း ၅၀၀ ရလိုမႈ တရားမ နဲ႔ တရားဆြဲတာကို အခုက်မတို႔ ႐ုံးကိုလာထြက္တာပါ” ဟု ၈၈မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူမႈအဖြဲ႔အစည္း၏ လယ္ယာစီးပြားႏွင့္ ေတာင္သူလယ္သမားေရးရာ ဌာနမွ ဒုတာဝန္ခံ ေဒၚႏုႏုေအာင္က ေျပာသည္။

၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႔အစည္း၏ လယ္ယာစီးပြားႏွင့္ ေတာင္သူလယ္သမားေရးရာ ဌာန မွ ဦးထြန္းမင္းေအာင္၊ ဦးမ်ဳိးသန္႔၊ ေဒၚႏုႏုေအာင္ တို႔ (၃) ဦးကို စြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မတို႔က လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကို ထိခိုက္နစ္နာေစတဲ့ ရည္ရြယ္ခ်က္နဲ႔ ေရးထားတာ မဟုတ္ပါဘူး။ ကၽြန္မတို႔ အမ်ားျပည္သူအတြက္ အက်ဳိးရွိမယ့္ဟာကို ကၽြန္မတို႔အဖြဲ႔က ရပ္တည္ခ်က္ ခိုင္ခိုင္မာမာနဲ႔ ဆက္လက္ ရပ္တည္သြားမွာပါ” ဟု ေဒၚႏုႏုေအာင္က ေျပာသည္။

စာအုပ္ပါ အခ်က္အလက္မ်ားသည္ အဖြဲ႔ထံလာေရာက္ တိုင္ၾကားသည့္ အခ်က္အလက္မ်ားကို ျပည္နယ္အလိုက္၊ တိုင္းအလိုက္ စာရင္းမ်ားျပဳလုပ္၍ အမ်ားျပည္သူမ်ား သိရွိရန္၊ ဌာနဆိုင္ရာမ်ား၊ တာဝန္ရွိသူမ်ား အျမန္ဆုံး ေျဖရွင္းႏိုင္ရန္ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလတြင္ အခမဲ့ ထုတ္ေဝသည့္ စာအုပ္တြင္ ေဖာ္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

 “ကၽြန္ေတာ္တို႔ ထုတ္ခဲ့တဲ့ စာအုပ္ေတြထဲမွာဆိုရင္ တရားစြဲခံရတာ ဒါပထမဆုံးပါပဲ။ ဒီထဲမွာေဖာ္ျပထားတာ တစ္ခ်ဳိ႕ဆိုရင္ တပ္ပိုင္းဆိုင္ရာက အရာရွိႀကီးေတြလည္းပါတယ္။ အၿငိမ္းစားယူလိုက္တဲ့ အရာရွိေတြလည္းပါ ပါတယ္”ဟု ၈၈ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူမႈအဖြဲ႔အစည္း၏ လယ္ယာစီးပြားႏွင့္ ေတာင္သူ လယ္သမားေရးရာ ဌာနမွ ဒုတာဝန္ခံ ဦးမ်ဳိးသန္႔က ေျပာသည္။

ပထမဆုံးအႀကိမ္ျဖစ္ ေခၚယူသည့္ ႐ုံးခ်ိန္းတြင္ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္းမွ ဦးမင္းကိုႏိုင္၊ ေဒၚနီလာသိန္း၊ ဦးထြန္းမင္းေအာင္၊ ဦးမ်ဳိးသန္႔၊ ေဒၚႏုႏုေအာင္ ႏွင့္ ၈၈ မ်ဳိးဆက္မွ အဖြဲ႔ဝင္မ်ား တက္ေရာက္ခဲ့ၿပီး တရားလိုဘက္တြင္ အက်ဳိးေဆာင္ေရွ႕ေန ေဒၚပန္အိျဖဴ တစ္ဦးသာ တက္ေရာက္ခဲ့သည္။

ထိုအမႈႏွင့္ ပတ္သက္၍ လာမည့္ ၂၈ ရက္ေန႔တြင္ ဒုတိယအႀကိမ္ ႐ုံးခ်ိန္း ျပန္လည္ ခ်ိန္းဆိုထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ခတၱာႏြန္


~~~~~~~~⊰❂ unicode ~~~~~~~~

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာဌာနမှ ထုတ်ဝေခဲ့သည့် တောင်ယာခင်းနှင့် သွေးချင်းမျက်ရည် စာအုပ်ပါ အချက် အလက်မှာ ဂုဏ်သိက္ခါကို ထိခိုက်စေသည်ဟုဆို၍ တရားမမှုဖြင့်စွဲဆိုထားမှု ဒီဇင်ဘာလ (၁၅) ရက်တွင် စတင်စစ်ဆေးကြောင်း သိရသည်။

“အခု တရားလိုက ခြံမြေကို မတရား ကျူးကျော်ခဲ့တဲ့လူဆိုပြီး စာအုပ်ထဲမှာ ထုတ်ဝေခဲ့တယ်။ အဲဒီအတွက် ကြောင့် အသရေဖျက်မှုနဲ့ မစွဲခဲ့ဘူး။ နစ်နာကြေးအနေနဲ့ စွဲခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ဂုဏ်သိက္ခါ တစ်ခုကို ကာကွယ်လိုတဲ့ ဆန္ဒတစ်ခုနဲ့ပါ။ ဒီစာအုပ်က တစ်နိုင်ငံလုံးကိုဖြန့်ဝေတယ်။ ဒါတောင်မကဘူး။ ဘယ်သူမဆို ကူးယူဖြန့်ချိနိုင်တယ် ဆိုပြီးတော့ ထပ်ပြီး ဖြန့်ဝေလိုက်တယ်” ဟု တရားလို အကျိုးဆောင်ရှေ့နေ ဒေါ်ပန်းအိဖြူက ပြောသည်။

ဦးရန်လင်းအောင်က အဆိုပါ စာအုပ်ပါ အချက်အလက်များကြောင့် ဂုဏ်သိက္ခါကို ထိခိုက်စေသဖြင့် နစ်နာကြေး တရားမ အမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် တရားပြိုင်ဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ မွန်ပြည်နယ် မော်လမြိုင်ခရိုင် တရားရုံးတွင် လာရောက် တရားရင်ဆိုင်ကြောင်း သိရသည်။

“စာအုပ်မှာပါတဲ့ အချက်ကြောင့် တရားလိုက ကျွန်မတို့ကို လူမှုရေးရာ နစ်နာတယ် ဆိုပြီးတော့ လျော်ကြေး သိန်း ၅၀၀ ရလိုမှု တရားမ နဲ့ တရားဆွဲတာကို အခုကျမတို့ ရုံးကိုလာထွက်တာပါ” ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ဌာနမှ ဒုတာဝန်ခံ ဒေါ်နုနုအောင်က ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ဌာန မှ ဦးထွန်းမင်းအောင်၊ ဦးမျိုးသန့်၊ ဒေါ်နုနုအောင် တို့ (၃) ဦးကို စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာ မဟုတ်ပါဘူး။ ကျွန်မတို့ အများပြည်သူအတွက် အကျိုးရှိမယ့်ဟာကို ကျွန်မတို့အဖွဲ့က ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဆက်လက် ရပ်တည်သွားမှာပါ” ဟု ဒေါ်နုနုအောင်က ပြောသည်။

စာအုပ်ပါ အချက်အလက်များသည် အဖွဲ့ထံလာရောက် တိုင်ကြားသည့် အချက်အလက်များကို ပြည်နယ်အလိုက်၊ တိုင်းအလိုက် စာရင်းများပြုလုပ်၍ အများပြည်သူများ သိရှိရန်၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ အမြန်ဆုံး ဖြေရှင်းနိုင်ရန် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အခမဲ့ ထုတ်ဝေသည့် စာအုပ်တွင် ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ ထုတ်ခဲ့တဲ့ စာအုပ်တွေထဲမှာဆိုရင် တရားစွဲခံရတာ ဒါပထမဆုံးပါပဲ။ ဒီထဲမှာဖော်ပြထားတာ တစ်ချို့ဆိုရင် တပ်ပိုင်းဆိုင်ရာက အရာရှိကြီးတွေလည်းပါတယ်။ အငြိမ်းစားယူလိုက်တဲ့ အရာရှိတွေလည်းပါ ပါတယ်”ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာ ဌာနမှ ဒုတာဝန်ခံ ဦးမျိုးသန့်က ပြောသည်။

ပထမဆုံးအကြိမ်ဖြစ် ခေါ်ယူသည့် ရုံးချိန်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဒေါ်နီလာသိန်း၊ ဦးထွန်းမင်းအောင်၊ ဦးမျိုးသန့်၊ ဒေါ်နုနုအောင် နှင့် ၈၈ မျိုးဆက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တရားလိုဘက်တွင် အကျိုးဆောင်ရှေ့နေ ဒေါ်ပန်အိဖြူ တစ်ဦးသာ တက်ရောက်ခဲ့သည်။

ထိုအမှုနှင့် ပတ်သက်၍ လာမည့် ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်း ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ခတ္တာနွန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~