ရပ္ကြက္ေပါင္းစံုေဘာလံုးပြဲတြင္ ေသနတ္ (၇)ခ်က္ေဖါက္ကာ လူစုခြဲလိုက္ရ

ရပ္ကြက္ေပါင္းစံုေဘာလံုးပြဲတြင္ ေသနတ္ (၇)ခ်က္ေဖါက္ကာ လူစုခြဲလိုက္ရ
ဒီဇင်ဘာ 24, 2016
By Tachileik News Agency

မေကြးခရိုင္၊ ေရနံေခ်ာင္းၿမိဳ႕ ၿမိဳ႕နယ္အားကစားကြင္း၌ က်င္းပသည့္ အသက္ ၂၁ နွစ္ေအာက္ ရပ္ကြက္ေပါင္းစံု ေဘာလံုးၿပိဳင္ပဲြ ဆီမီးဖိုင္နယ္ ပထမပဲြစဥ္တြင္ ႏွစ္ဖက္ေဘာလံုးအသင္း ပရိတ္သတ္မ်ား အခ်င္းမ်ားခဲ့ၾက၍ ရဲတပ္ဖဲြ႔မွ ေသနတ္ ၇ ခ်က္ပစ္ေဖာက္ေျခာက္လွန္႔ကာ လူစုခဲြခဲ့ရေၾကာင္း ေရနံေခ်ာင္းၿမိဳ႕မရဲစခန္းမွ သိရိွရသည္။

“ဆံုတိုက္ရပ္ကြက္အသင္းက အလံတိုင္ေတြခ်ိဳးၿပီး တစ္ဖက္အသင္းအားေပးတဲ႔ပရိသတ္ေတြကို ပစ္ေပါက္လို႔ ပရိသတ္ေတြနဲ႔ အျပန္အလွန္ ခဲေတြနဲ႔ပစ္ေပါက္ၾကတယ္။ လံုျခံဳေရးယူေနတဲ႔ ရဲေတြက ေသနတ္ပစ္ေဖာက္ၿပီး ထိန္းလိုက္ရတာ။ ေျခာက္လွန္႔ပစ္တာဆိုေတာ့ က်ည္ထိမွန္မႈ ရိွတယ္လို႔ေတာ႔ မၾကားပါဘူး”ဟု ပဲြၾကည့္ ပရိသတ္တစ္ဦးက ေျပာသည္။

ဒီဇင္ဘာ ၂၂ ရက္က က်င္းပသည့္ အဆိုပါ ေဘာလံုးပဲြအား ပရိတ္သတ္(၁၅၀၀)ခန္႔ လာေရာက္ ၾကည့္ရႈခဲ့ၿပီး ခိုက္ရန္ျဖစ္ပြားမႈေၾကာင့္ ကစားသမား(၁၈)ဦး၊ ပရိတ္သတ္(၂)ဦး၊ ၾကက္ေျခနီတပ္စုမွဴးတစ္ဦး စုစုေပါင္း (၂၁)ဦး ထိခိုက္ဒဏ္ရာမ်ား ရရိွၿပီး (၁၆)ဦးကို ရဲမႈခင္းေဆးစာျဖင္႔ ေရနံေခ်ာင္းျပည္သူ႔ေဆးရံုသို႔ ပို႔အပ္ကာ ျပင္ပလူနာမ်ားအျဖစ္ ေဆးကုသမႈခံယူရေၾကာင္း ရဲမွတ္တမ္းအရ သိရိွရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးခရိုင်၊ ရေနံချောင်းမြို့ မြို့နယ်အားကစားကွင်း၌ ကျင်းပသည့် အသက် ၂၁ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် နှစ်ဖက်ဘောလုံးအသင်း ပရိတ်သတ်များ အချင်းများခဲ့ကြ၍ ရဲတပ်ဖွဲ့မှ သေနတ် ၇ ချက်ပစ်ဖောက်ခြောက်လှန့်ကာ လူစုခွဲခဲ့ရကြောင်း ရေနံချောင်းမြို့မရဲစခန်းမှ သိရှိရသည်။

“ဆုံတိုက်ရပ်ကွက်အသင်းက အလံတိုင်တွေချိုးပြီး တစ်ဖက်အသင်းအားပေးတဲ့ပရိသတ်တွေကို ပစ်ပေါက်လို့ ပရိသတ်တွေနဲ့ အပြန်အလှန် ခဲတွေနဲ့ပစ်ပေါက်ကြတယ်။ လုံခြုံရေးယူနေတဲ့ ရဲတွေက သေနတ်ပစ်ဖောက်ပြီး ထိန်းလိုက်ရတာ။ ခြောက်လှန့်ပစ်တာဆိုတော့ ကျည်ထိမှန်မှု ရှိတယ်လို့တော့ မကြားပါဘူး”ဟု ပွဲကြည့် ပရိသတ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက်က ကျင်းပသည့် အဆိုပါ ဘောလုံးပွဲအား ပရိတ်သတ်(၁၅၀၀)ခန့် လာရောက် ကြည့်ရှုခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကစားသမား(၁၈)ဦး၊ ပရိတ်သတ်(၂)ဦး၊ ကြက်ခြေနီတပ်စုမှူးတစ်ဦး စုစုပေါင်း (၂၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး (၁၆)ဦးကို ရဲမှုခင်းဆေးစာဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံသို့ ပို့အပ်ကာ ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူရကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~