ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕၏ ပထမဦးဆံုး တန္ေဆာင္တိုင္မီးပံုးပ်ံပြဲအား စက္သံုးဆီအေရာင္းဆိုင္ မ်ားမွ ကန္႔ကြက္ေၾကာင္း သတင္းထြက္ေပၚေနေသာ္လည္း မူလအစီအစဥ္အတိုင္း က်င္းပမည္ျဖစ္ေၾကာင္း ပြဲက်င္းပေရး လုပ္ေဆာင္ေနသည့္ ကုမၸဏီ၏တာဝန္ရိွသူက အတည္ျပဳေျပာၾကားသည္။
“ေကာလဟလေတြပါ။ ဘယ္သူမွ မကန္႔ကြက္ပါဘူး။ အမ်ားအတြက္လုပ္ေပးလည္း တစ္ခ်ိဳ႕ေသာသူေတြက ေဘးထိုင္ဘုေျပာ ေလ်ွာက္ဖြၾကတာပါ”ဟု Shining Myanmar Co.ltd မန္ေနဂ်င္းဒါရိုက္တာ ဦးေက်ာ္စြာထြ႗္က Tachileik News Agencyသို႔ ေျပာသည္။
လားရိႈးၿမိဳ႕Shining Myanmar Co.ltd က ၎တို႔တည္ေဆာက္ေနသည့္ လားရိႈးၿမိဳ႕ရပ္ကြက္ ( ၁ ) နမ့္ခိုက္ေက်းရြာအနီးရွိ ခ်ယ္ရီၿမိဳင္အိမ္ယာဝင္းအတြင္း တန္ေဆာင္တိုင္မီးပံုးပ်ံလႊတ္တင္ပြဲႏွင့္ နိဗၺာန္ေစ်း ပဲြေတာ္ကို ႏိုဝင္ဘာလ (၁၄) ရက္ေန႔ တြင္ က်င္းပရန္ စီစဥ္ထားျခင္းျဖစ္သည္။
“ ကြ်န္မတို႔ေတာ့မသိဘူး။ တစ္ခ်ိဳ႕ဆိုင္ေတြက မီးပံုးပ်ံပြဲ ဒီနားမွာ လာလုပ္မယ္ဆိုတာေတာင္ မသိတဲ့သူေတြရွိတယ္”ဟု လားရိႈးၿမိဳ႕ ဓါတ္ဆီအေရာင္းဆိုင္တစ္ဆိုင္မွ ပိုင္ရွင္အမ်ိဳးသမီးက ေျပာသည္။
မေတာ္တဆ မီးပံုးပ်ံပ်က္က်ျခင္းႏွင့္ မီးပံုးပံ်မ်ားတြင္ ပါဝင္သည့္ မီးရႈးမ်ားလာေရာက္ထိမွန္ျခင္းမ်ားျဖစ္ပါက မီးေဘးအႏၱရာယ္စိုးရိမ္သည့္အတြက္ ေလာင္စာဆီအေရာင္းဆိုင္အခ်ိဳ႕က ကန္႔ကြက္စာတင္ထားသည္ဟု သတင္းမ်ားထြက္ေပၚလာျခင္းျဖစ္သည္။
“သိရသေလာက္ေတာ့ မီးပံုးပ်ံလႊတ္တင္ဖို႔ ေလတိုက္တဲ့လမ္းေၾကာင္းေတြ အေနအထားေတြကို သူတို႔တစ္ပတ္ေလာက္ ေလ့လာထားတယ္လို႔ၾကားတယ္ဗ်။ ပဲြကေတာ့ မပ်က္ေစခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ လားရႈိးၿမိဳ႕ရဲ႕ပထမဆံုး မီးပံုးပ်ံပြဲကို ေအာင္ေအာင္ျမင္ျမင္ ျဖစ္ေျမာက္ေစခ်င္တယ္”ဟု လားရိႈးၿမိဳ႕မွ ကိုဆန္းဦးက ေျပာသည္။
အဆိုပါ မီးပံုးပ်ံပြဲတြင္ နိဗၺာန္ေစ်းဆိုင္ခန္း (၅၀၀) ပါဝင္မည္ျဖစ္ၿပီး စိန္နားပန္ မီးပံုးပ်ံႏွစ္လံုးႏွင့္ ညမီးႀကီးမီးပံုးပ်ံ(၂)လံုးအျပင္ မီးပံုးပ်ံေပါင္း (၁၀၈၀) လံုးကို လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - စံပယ္သက္
“ကောလဟလတွေပါ။ ဘယ်သူမှ မကန့်ကွက်ပါဘူး။ အများအတွက်လုပ်ပေးလည်း တစ်ချို့သောသူတွေက ဘေးထိုင်ဘုပြော လျှောက်ဖွကြတာပါ”ဟု Shining Myanmar Co.ltd မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာထွဋ္ဋ်က Tachileik News Agencyသို့ ပြောသည်။
လားရှိုးမြို့Shining Myanmar Co.ltd က၎င်းတို့တည်ဆောက်နေသည့် လားရှိုးမြို့ရပ်ကွက် ( ၁ ) နမ့်ခိုက်ကျေးရွာအနီးရှိ ချယ်ရီမြိုင်အိမ်ယာဝင်းအတွင်း တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲနှင့် နိဗ္ဗာန်ဈေး ပွဲတော်ကို နိုဝင်ဘာလ (၁၄) ရက်နေ့ တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
“ ကျွန်မတို့တော့မသိဘူး။ တစ်ချို့ဆိုင်တွေက မီးပုံးပျံပွဲ ဒီနားမှာ လာလုပ်မယ်ဆိုတာတောင် မသိတဲ့သူတွေရှိတယ်”ဟု လားရှိုးမြို့ ဓာတ်ဆီအရောင်းဆိုင်တစ်ဆိုင်မှ ပိုင်ရှင်အမျိုးသမီးက ပြောသည်။
မတော်တဆ မီးပုံးပျံပျက်ကျခြင်းနှင့် မီးပုံးပျံများတွင် ပါဝင်သည့် မီးရှုးများလာရောက်ထိမှန်ခြင်းများဖြစ်ပါက မီးဘေးအန္တရာယ်စိုးရိမ်သည့်အတွက် လောင်စာဆီအရောင်းဆိုင်အချို့က ကန့်ကွက်စာတင်ထားသည်ဟု သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
“သိရသလောက်တော့ မီးပုံးပျံလွှတ်တင်ဖို့ လေတိုက်တဲ့လမ်းကြောင်းတွေ အနေအထားတွေကို သူတို့တစ်ပတ်လောက် လေ့လာထားတယ်လို့ကြားတယ်ဗျ။ ပွဲကတော့ မပျက်စေချင်ပါဘူး။ ကျွန်တော်တို့ လားရှိုးမြို့ရဲ့ပထမဆုံး မီးပုံးပျံပွဲကို အောင်အောင်မြင်မြင် ဖြစ်မြောက်စေချင်တယ်”ဟု လားရှိုးမြို့မှ ကိုဆန်းဦးက ပြောသည်။
အဆိုပါ မီးပုံးပျံပွဲတွင် နိဗ္ဗာန်ဈေးဆိုင်ခန်း (၅၀၀) ပါဝင်မည်ဖြစ်ပြီး စိန်နားပန် မီးပုံးပျံနှစ်လုံးနှင့် ညမီးကြီးမီးပုံးပျံ(၂)လုံးအပြင် မီးပုံးပျံပေါင်း (၁၀၈၀) လုံးကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စံပယ်သက်