ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ထီးတော်တင်လှူခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား နိုဝင်ဘာလ(၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး သံဃာတော်၊ ကိုရင်၊ သီလရှင် စုစုပေါင်း အပါး (၄၀၀)၀န်းကျင် ကြွရောက်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမတိုင်မီ နံနက်(၅)နာရီအချိန်တွင် ဘုရားအနေကဇာတင်ခြင်းကို ကျင်းပပြုလုပ်မှာ ဖြစ်သည်။