ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု လောကထူးကျေးရွာတွင် (၁၁) နှစ်အရွယ် မိန်းကလေးကို ဆွေမျိုးတော်စပ်သည့် အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ဖြစ်စဉ်မှာ မိန်းကလေးငယ်မှာ နိုဝင်ဘာလ (၁၀)ရက်နေ့က ဆရာမအိမ်တွင် ညအိပ်စာကျက်ရန် သွားရောက်ခဲ့ရာ ဆရာမဖြစ်သူမှာ ကထိန်အလှုအတွက် အပြင်သွားရောက်ချိန်တွင် ဆရာမ၏မောင်ဖြစ်သူ အဆိုပါမိန်းကလေးနှင့် ဆွေမျိုးတော်စပ်သူက အပြင်မှပြန်ရောက်လာပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခြင်း ဖြစ်ကြောင်း သိရသည်။
မိန်းကလေးက ဆရာမအိမ်တွင် ညအိပ်စာသွားမကျက်ချင်တော့ကြောင်း ငြင်းဆန်နေသောကြောင့် မိခင်မှ ချော့၍မေးမြန်းရာမှ မိခင်ဖြစ်သူအား ပြောပြသဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
"ထောင်ချမယ်။ ခွင့်လွှတ်ရင် လျော်ကြေးနဲ့ဆို ငွေရှိရင်ဘာမဆိုလုပ်လို့ရနေမယ်။ ခုကဆေးစစ်ချက် စောင့်နေတယ်။ ကလေးမလေးက စိတ်ပိုင်းဆိုင်ရာ မကောင်းသေးဘူး"ဟု လောကထူးကျေးရွာမှ ဦးမြင့်မောင်က Tachileik News Agencyသို့ ပြောသည်။
မိန်းကလေးငယ်အား အဓမ္မကျင့်ရန်ကြံစည်မှုဖြင့် လောပိတနယ်မြေရဲစခန်းတွင် ပုဒ်မ ၃၇၆/၅၁၁ ဖြင့် နိုဝင်ဘာလ(၁၂)ရက်နေ့က အမှုဖွင့်ထားကြောင်းသိရသည်။
သတင်း - ဆန်းဖြိုးထွန်း