ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခရိုင္၊ နမ့္စန္ၿမိဳ႕နယ္၊ ပိန္းဆည္ေက်းရြာအုပ္စု၊ လိုက္ခါေက်းရြာတြင္ ႏို၀င္ဘာလ(၁၂)ရက္ေန႔ နံနက္(၁၁)နာရီခြဲအခ်ိန္က မူးယစ္ေဆး၀ါး ေရာင္းခ်သည့္ အမ်ဳိးသမီးတစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း နမ့္စန္ၿမိဳ႕မရဲစခန္းမွ သိရသည္။
နမ့္စန္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ မ်ိဳးမင္းမင္းဦး ဦးေဆာင္ေသာအဖြဲ႔ႏွင့္ ေက်းရြာမွ ရြာသားမ်ား ပါ၀င္ေသာ အဖြဲ႔သည္ မူးယစ္ေဆး၀ါး ေရာင္းခ်ေနေၾကာင္း သတင္းအရ လုိက္ခါးရြာ႐ွိ ေဒၚနန္းလႈိင္၏ေနအိမ္အား ၀င္ေရာက္႐ွာေဖြရာမွ ကာလတန္ဖိုးေငြ က်ပ္(၈၄၅,၀၀၀)ရွိသည့္ ပန္းေရာင္စိတ္ႂကြေဆးျပား စုစုေပါင္း(၈၄၅)ျပားႏွင့္ မူးယစ္ေဆး၀ါးသုံးစြဲရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစြည္းမ်ားႏွင့္အတူ ေဒၚနန္းလိႈင္အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားနွင့္ ဖမ္းဆီးရမိသည့္ အိမ္႐ွင္ျဖစ္သူ ေဒၚနန္းလႈိင္အား နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၆/၂၀၁၆ ဥပေဒပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - သန္းစိုးေအာင္
နမ့်စန်မြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းမင်းဦး ဦးဆောင်သောအဖွဲ့နှင့် ကျေးရွာမှ ရွာသားများ ပါဝင်သော အဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ လိုက်ခါးရွာရှိ ဒေါ်နန်းလှိုင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ ကာလတန်ဖိုးငွေ ကျပ်(၈၄၅,ဝဝဝ)ရှိသည့် ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း(၈၄၅)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစွည်းများနှင့်အတူ ဒေါ်နန်းလှိုင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အိမ်ရှင်ဖြစ်သူ ဒေါ်နန်းလှိုင်အား နမ့်စန်မြို့မရဲစခန်းတွင် (ပ)၂၆/၂၀၁၆ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - သန်းစိုးအောင်