ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း နိုဝင်ဘာလ(၁၀)ရက်နေ့က အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မိုင်းယောင်း၊ ကျိုင်းလပ်၊ မိုင်းယုတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ မိုင်းယုမြို့တွင် လယ်စပါး (၁၁)ဧက ပျက်စီးခဲ့ရကြောင်း သိရသည်။
မိုင်းယုမြို့ရှိ နမ့်နော်ကျေးရွာ အနီးရှိ နမ့်ဖွန်ချောင်းရေကြီးရေလျှံမှုကြောင့် ရိတ်သိမ်းဆဲ လယ်စပါး (၁၁)ဧကကျော်မှာ ရေနစ်မြုပ်၍ ပျက်စီးခဲ့ခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုဖြစ်ပွားရာသို့ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာလ (၁၂)ရက်နေ့တွင် သွားရောက်စစ်ဆေးရာ တောင်သူ ဦးအားဗို့၏ လယ်စပါး (၂.၅)ဧက၊ ဦးအာနှောင်၏ လယ်စပါး (၂.၅)ဧက၊ ဦးအားတီ၏ လယ်စပါး(၁.၅)ဧက၊ ဦးယီဂျို့၏ လယ်စပါး(၁)ဧက၊ ဦးဘူးညီ၏ လယ်စပါး (၂)ဧကနှင့် မဘူးကား၏ လယ်စပါး(၂)ဧက၊ စုစုပေါင်း လယ်စပါး(၁၁)ဧကကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယုမြို့ရှိ နမ့်နော်ကျေးရွာ အနီးရှိ နမ့်ဖွန်ချောင်းရကြေီးရေလျှံမှုကြောင့် ရိတ်သိမ်းဆဲ လယ်စပါး (၁၁)ဧကကျော်မှာ ရေနစ်မြုပ်၍ ပျက်စီးခဲ့ခြင်းဖြစ်သည်။
ရကြေီးရေလျှံမှုဖြစ်ပွားရာသို့ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာလ (၁၂)ရက်နေ့တွင် သွားရောက်စစ်ဆေးရာ တောင်သူ ဦးအားဗို့၏ လယ်စပါး (၂.၅)ဧက၊ ဦးအာနှောင်၏ လယ်စပါး (၂.၅)ဧက၊ ဦးအားတီ၏ လယ်စပါး(၁.၅)ဧက၊ ဦးယီဂျို့၏ လယ်စပါး(၁)ဧက၊ ဦးဘူးညီ၏ လယ်စပါး (၂)ဧကနှင့် မဘူးကား၏ လယ်စပါး(၂)ဧက၊ စုစုပေါင်း လယ်စပါး(၁၁)ဧကကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - မိုင်းယုပြန်/ဆက်