ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့ ဒွန်းနွဲ့ကျေးရွာတွင် နိုဝင်ဘာ(၈)ရက်နေ့ ည (၈) နာရီက အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်မှ နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်စဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - ထက်ယံ
ဖြစ်စဉ်မှာ အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်မှ ဗိုလ်အောင်ဆန်းယုနှင့် တပ်ဖွဲ့ဝင်များသည် မိုင်းယုနယ် မြေအတွင်း လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် မိုင်းယောင်းမှ မိုင်းယု ဒွန်းနွဲ့ကျေးရွာဘက်တို့ ဆိုင်ကယ်စီးမောင်းနှင်လာသော အသက် (၂၅)နှစ်အရွယ် မောင်ဂျောင်အိုး နှင့် အသက်(၂၁)နှစ်အရွယ် မောင်အိုးဂျာတို့ထံမှ ကာလတန်ဖိုးငွေကျပ်(၁၃၃)သိန်းကျော်ရှိသည့် စိတ်ကြွဆေးပြား (၁၃,၃၆၀)ပြားကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ မူးယစ်ဆေးဝါးနှင့် အတူလက်ဝယ်တွေ့ရှိသော မောင်ဂျောင်အိုးနှင့် မောင်အိုးဂျာတို့အား မိုင်းယုနယ်မြေရဲစခန်းတွင် မယ(ပ)၇/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။
သတင်း - ထက်ယံ