ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီမှ စ၍ တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှု ဖြစ်ပွားရာ ကော်ကော့ရွာတွင် လူနေအိမ်(၁၆)လုံးခန့် ရေ၀င်သွားကြောင်း သိရသည်။
ယင်းသို့ ရေကြီးရေလျှံမှုကြောင့် နမ့်ဖြန်ရှိ အခြေခံမူလတန်းကျောင်း၏ မြေအား ချောင်းရေ တိုက်စားနေကြောင်းလည်း သိရသည်။
ရေကြီးရေလျှံမှုဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် ကူညီဆောင်ရွက်မှုများပေးနိုင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများမှ သွားရောက်နေလျှက်ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့၊ မိုင်းဟန်ရွာတွင်လည်း ရေကြီးနေကြောင်း သိရသည်။
Photo: แล้วแต่ จะคิด ၊ Kham Hlaing
တာလေ - ပါလျှိုး - ကျိုင်းလပ် လမ်း 41KM နှင့် 42KM အကြား ကတ္တရာလမ်းပေါ်သို့ ရေမှာ (၅)ပေခန့်ကျော်လာပြီး နမ့်ဝမ်း - ၂ တံတား အဝင်အထွက်နေရာတွင်လည်း အလားတူဖြစ်ပေါ်နေသည့်အပြင် 52KM နှင့် 53KM အကြားတွင်လည်း ကတ္တရာလမ်းပေါ် (၁)ပေခန့် ရေကျော်နေကြောင်း သိရသည်။
ယင်းသို့ ရကြေီးရေလျှံမှုကြောင့် နမ့်ဖြန်ရှိ အခြေခံမူလတန်းကျောင်း၏ မြေအား ချောင်းရေ တိုက်စားနေကြောင်းလည်း သိရသည်။
ရကြေီးရေလျှံမှုဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် ကူညီဆောင်ရွက်မှုများပေးနိုင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများမှ သွားရောက်နေလျှက်ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့၊ မိုင်းဟန်ရွာတွင်လည်း ရကြေီးနေကြောင်း သိရသည်။
Photo: แล้วแต่ จะคิด၊ Kham Hlaing